သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU နဲ့ တွဲရေး၊ ခွဲရေး ဆန္ဒခံယူပွဲအတွက် ဗြိတိန်မှာ အပြိုင်အဆိုင်စည်းရုံး


EU နဲ့ တွဲရေး၊ ခွဲရေး ဆန္ဒခံယူပွဲအတွက် ဗြိတိန်မှာ အပြိုင်အဆိုင်စည်းရုံး
EU နဲ့ တွဲရေး၊ ခွဲရေး ဆန္ဒခံယူပွဲအတွက် ဗြိတိန်မှာ အပြိုင်အဆိုင်စည်းရုံး

ဥရောပသမဂ္ဂ အဖွဲ့ဝင် အဖြစ် ဗြိတိန် နိုင်ငံ ဆက်ပြီး ရှိနေမလား၊ နုတ်ထွက်မလားဆိုတာကို မနက်ဖြန် ကြာသပတေးနေ့ လူထု ဆန္ဒခံယူပွဲ မတိုင်ခင်မှာ ဆန့်ကျင်ဘက် ၂ ဖက်တို့ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးနေကြပါတယ်။

လူပေါင်း ၄၅ သန်းကျော် မဲပေးဖို့ မှတ်ပုံတင်ထားပြီး လာမယ့် သောကြာနေ့ အစောပိုင်းမှာ မဲရလဒ်တွေ ထွက်ပေါ်လာမယ်လို့ ခန့်မှန်းရပါတယ်။ ၁၉၇၃ ခုနှစ်မှာ အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့တဲ့ EU အဖွဲ့ကြီးကနေ ဗြိတိန် နိုင်ငံ နုတ်ထွက်မယ် ဒါမှမဟုတ် ဆက်ရှိမယ်ဆိုတဲ့ ဆုံးဖြတ်ချက် တခုက တခြား EU အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံနေရတဲ့ ဗြိတိန်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပေါ်မှာ အကြီးအကျယ် သက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် David Cameron ကတော့ EU အဖွဲ့ဝင် အဖြစ် ဆက်ပြီး ရှိနေရေးကို ထောက်ခံထားပြီး ဥရောပမှာ အားနည်းချက်တွေ ရှိပါတယ် ဒါပေမယ့် ဗြိတိန်တို့ အနေနဲ့ မထွက်ခွာသင့်ဘူးလို့မနေ့ အင်္ဂါနေ့က ပြောဆိုခဲ့ပါတယ်။ တကယ်လို့ EU ကနေ ထွက်မယ်ဆိုရင်တော့ ဗြိတိန်နိုင်ငံကို သက်ရောက်မှု ရှိစေမယ့် ဆုံးဖြတ်ချက်တွေကို ဗြိတိန်ရဲ့ ဆန္ဒ သဘောထားမပါဘဲ အိမ်နီးချင်း နိုင်ငံတွေက ဆုံးဖြတ်ကြမှာ ဖြစ်တယ်လို့လည်း ဗြိတိန် ဝန်ကြီးချုပ် David Cameron က ပြောပါတယ်။

EU အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်လိုသူတွေကတော့ အဖွဲ့ကြီးကနေ နုတ်ထွက်လိုက်ရင် အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ မူဝါဒတွေ အပါအဝင် ပြည်တွင်းရေး ကိစ္စတွေကို ဗြိတိန် အနေနဲ့ ပိုပြီး ထိန်းချုပ်လုပ်ကိုင်လာနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG