သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပူလှိုင်းကြားက ဂရိနိုင်ငံရဲ့ တောမီး EU နိုင်ငံတွေ အကူအညီ စေလွှတ်


ဂရိနိုင်ငံမြို့တော် အေသင်နဲ့ ကီလိုမီတာ ၆၀ အကွာမှာလောင်ကျွမ်းနေတဲ့ တောမီး၊ ဇူလိုင် ၁၇၊ ၂၀၂၃
ဂရိနိုင်ငံမြို့တော် အေသင်နဲ့ ကီလိုမီတာ ၆၀ အကွာမှာလောင်ကျွမ်းနေတဲ့ တောမီး၊ ဇူလိုင် ၁၇၊ ၂၀၂၃

ဂရိနိုင်ငံမှာ အပူလှိုင်း ဖြတ်နေစဥ်မှာပဲ တောမီးတွေလောင်ကျွမ်းနေတဲ့အတွက် ဥရောပနိုင်ငံအများ အပြားက မီးသတ်လေယာဉ်တွေနဲ့ မီးသတ်သမားတွေကို စေလွှတ်ခဲ့ကြပါတယ်။ အီတလီနဲ့ ပြင်သစ်နိုင်ငံတို့က မီးသတ်လေယာဉ် (၄) စီးဟာ ဗုဒ္ဓဟူးနေ့က မီးငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ရိုမေးနီးယား၊ ပိုလန်နဲ့ စလိုဗက်ကီးယားက မီးသတ်တပ်ဖွဲ့တွေကလည်း ကြာသာပတေးနေ့မှာ ရောက်ရှိပြီး မီးငြှိမ်းသတ်ရာမှာ အားဖြည့်ပါမယ်။ အစ္စရေးကလည်း မီးသတ်လေယာဉ် (၂) စင်း စေလွှတ်ဖို့ ရှိပါတယ်။ဂရိနိုင်ငံတဝန်းမှာ တောမီးလောင်ကျွမ်းနေပြီး Rhodes ကျွန်စု ပေါ်က သစ်တောတွေနဲ့ အေသင်မြို့အနီး က နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။

မီးသတ်သမာတွေဟာ အေသင်မြို့တဝိုက်မှာ သစ်တောတွေ၊ စက်မှုလုပ်ငန်း အဆောက်အအုံတွေနဲ့ လူနေ အပန်းဖြေ နေအိမ်တွေကို မီးမကူးနိုင်ဖို့ ၂၄ နာရီပတ်လုံး မီးငြှိမ်း သတ်နေရပါတယ်။ ဂရိမြို့တော်ကနေ (၃) ရက်ဆက် လူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

လက်ရှိမှာ ဥရောပတောင်ပိုင်းမှာ အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ် အထက် အထိ မြင့်တက်နေပြီး ဂရိနိုင်ငံတောင်ပိုင်းမှာ ဒီသီတင်းပတ်ကုန်ကျရင် အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ် ကို ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဥရောပတိုက်နဲ့ မြေထဲပင်လယ်တောင်ပိုင်းမှာ နှစ်ပတ်အတွင်း အပူလှိုင်းရင်ဆိုင်ရ တာက နှစ်ကြိမ် ရှိသွာပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG