သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပေါ်တူဂီတောမီး ၆၁ ဦးသေ


ပေါ်တူဂီ နိုင်ငံအလယ်ပိုင်းမှာ သစ်တောမီး အကြီးအကျယ် လောင်ကျွမ်းခဲ့တဲ့အတွက် အနည်းဆုံး လူပေါင်း ၆၁ ဦး သေဆုံးခဲ့ရပါတယ်။ အများစုဟာ သူတို့ရဲ့ ကားတွေထဲမှာပဲ မီးအလောင်ခံရပြီး သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ အပူလှိုင်း သက်ရောက်ပြီး မိုးမရွာပဲ မိုးသက်မုန်တိုင်းတွေ တိုက်ခတ်နေချိန်မှာပဲ မီးအကြီးအကျယ်လောင်ခဲ့တာ ဖြစ်ပြီး မီးကြောင့် ဒဏ်ရာရသူက အနည်းဆုံး ၅၉ ဦး ရှိနေပါတယ်။

ပေါ်တူဂီ ဝန်ကြီးချုပ် Antonio Costa က တနင်္ဂနွေနေ့က စပြီး နိုင်ငံအတွက် ၃ ရက်ကြာ ဝမ်းနည်းပူဆွေးတဲ့ အထိမ်းအမှတ် နေ့တွေ အဖြစ် ကြေညာခဲ့ပါတယ်။

အခုလို ဖြစ်ပွါးမှုတွေ အတွက် သိပ်ကို ဝမ်းနည်းစရာကောင်းကြောင်းနဲ့ အဓိက အန္တရာယ် အနေထားမှာ ရှိနေသေးတဲ့ ပြည်သူတွေရဲ့ အသက် အန္တရာယ် လုံခြုံရေး ဖြစ်ကြောင်း ပြောပါတယ်။

ရဲတွေဟာ မီးလောင်ကျွမ်းထားတဲ့ သစ်တောထဲမှာရော လောင်ကျွမ်းခဲ့တဲ့ အိမ်တွေမှာပါ သေဆုံးသူတွေရဲ့ အကြွင်းအကျန်တွေကို လိုက်လံ ရှာဖွေနေတာ ဖြစ်ပါတယ်။

Lisbon အရှေ့မြောက်ဘက် ကီလိုမီတာ ၁၅၀ လောက်က တောင်ထူထပ်တဲ့ Pedrogao Grande ဒေသမှာ မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပြီး မီးသတ်သမား ရာနဲ့ ချီပြီး မီးငြှိမ်းသတ်ခဲ့ရတာ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

မီးငြှိမ်းသတ်ဖို့ စပိန်နဲ့ ပြင်သစ်နိုင်ငံတွေကလည်း လေကြောင်း အကူအညီတွေ ပေးခဲ့သလို အီးယူ ဥရောပ သမဂ္ဂ ကလည်း အရေးပေါ် အကူအညီတွေ ပေးခဲ့ပါတယ်။

ပေါ်တူဂီတောမီး ၆၁ ဦးသေ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG