ရုရှားစစ်ထောက်လှမ်းရေးဌာန GRU အကြီးအကဲအပါအဝင် ရုရှားနဲ့ ဆီးရီးယားတာဝန်ရှိသူ ၉ ယောက်ကို EU ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်မှုတွေ ချမှတ်လိုက်ပါတယ်။ ဓါတုလက်နက်ဆိုင်ရာ အရေးယူဒဏ်ခတ်မှုတွေကို EU က အခုပထမဆုံး လုပ်လိုက်တာဖြစ်ပါတယ်။
ရုရှားသူလျှိုဟောင်း Sergei Skripal နဲ့သူ့သမီးတို့ကို ဗြိတိန်နိုင်ငံမှာ ဓါတုအဆိပ်သုံး သတ်ဖို့ကြိုးစားခဲ့မှုမှာ ဓါတုလက်နက်ပိုင်ဆိုင်၊ ပို့ဆောင် အသုံးပြုမှုတို့နဲ့ GRU အကြီးအကဲ၊ ဒုအကြီးအကဲနဲ့ တာဝန်ရှိသူ ၂ ယောက်ကို ခရီးသွားလာ ကန့်သတ်တာ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်တာ ပါဝင်တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ချမှတ်တယ်လို့ EU နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဓါတုလက်နက်နဲ့ တိုက်ခိုက်မှုကြောင့် ဆီးရီးယားအပေါ် အရေးယူမှုမှာတော့ ဆီးရီးယားမှာ ဓါတုလက်နက်စမ်းသပ် ထုတ်လုပ်မှုနဲ့ပါတ်သက်နေတဲ့ လုပ်ငန်းတွေနဲ့ ဆီးရီးယားတာဝန်ရှိသူ ၅ ယောက်ကို ကန့်သတ်ချက်တွေချလိုက်ပါတယ်။ Sergei Skripal နဲ့သမီးဖြစ်သူတို့ ဓါတုအဆိပ်နဲ့သတ်ဖို့ကြိုးစားမှုဟာ သူ့တို့လက်ချက်မဟုတ်ဘူးလို့ ရုရှားကတော့ ငြင်းဆန်ထားပါတယ်။