သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဗလစ်ကန် ပါတီတွင်း သမ္မတလောင်း ရွေးပွဲ Nikki Haley ဆက်ပြိုင်မလား


ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Nikki Haley
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Nikki Haley

ရီပတ်ဗလစ်ကန် ပါတီတွင်း သမ္မလောင်း ရွေးပွဲတွေဟာ သမ္မတဟောင်း Donald Trump နဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Nikki Haley တို့ နှစ်ယောက်တည်း ဆက်ပြိုင်နေဆဲဖြစ်ပြီး ဘယ်လောက်ကြာကြာ ၂ ယောက် ဆက်ပြိုင်မလဲဆိုတာကိုတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ပါတီတွင်း ရွေးကောက်ပွဲမှာ သမ္မတဟောင်း Trump က Nikki Haley အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့တဲ့ တောင်ကာရိုလိုင်းနားပြည်နယ်မှာ အနိုင်ရခဲ့ပါတယ်။ အခုအချိန်အထိ ပြည်နယ် ၅ ခုမှာ ကျင်းပခဲ့တဲ့ ပါတီတွင်း ပဏာမ ရွေးပွဲတွေမှာ Trump အနိုင်ရပြီးပြီ ဖြစ်ပါတယ်။

မတ်လ ၅ ရက်နေ့၊ Super Tuesday ခေါ် ပြည်နယ် ၁၆ ပြည်နယ် ရွေးကောက်ပွဲတွေ တရက်တည်း ကျင်းပမည့်နေ့အထိ နောက်ထပ် ပြည်နယ် ၂၀ မှာ ရွေးကောက်ပွဲတွေ ကျင်းပပါလိမ့်မယ်။ ကျင်းပမည့် ပြည်နယ်တွေထဲမှာ ကယ်လီဖိုးနီးယားနဲ့ တက္ကဆတ်ပြည်နယ်တွေလို ပါတီညီလာခံ ကိုယ်စားလှယ်အများအပြား အနိုင်ရမည့် ကိုယ်စားလှယ်လောင်းအတွက် ရနိုင်တဲ့ ပြည်နယ်တွေလည်း ပါဝင်ပါတယ်။

Nikki Haley ကတော့ ရှေ့သီတင်းပတ် မတ်လ ၅ ရက်၊ အင်္ဂါနေ့ ရွေးကောက်ပွဲတွေ ကျင်းပမယ့်အချိန်အထိ အနည်းဆုံး သူ ဆက်ပြိုင်မယ့် သဘောမျိုး ရည်ညွှန်းပြောဆိုပါတယ်။ ရွေးကောက်ပွဲဟာ ဆိုဗီယက်ပြည်ထောင်စုခေတ်က ရွေးကောက်ပွဲတွေလို ကိုယ်စားလှယ်လောင်း တဦးတည်းက ရွေးချယ်တဲ့ ရွေးကောက်ပွဲမျိုး မဖြစ်သင့်တဲ့အကြောင်းနဲ့ လူထုကို ရွေးချယ်ခွင့်ပေးရမယ့်အကြောင်း သူက ပြောဆိုပါတယ်။ လူတွေက သမ္မတဟောင်း Donald Trump ကိုရော၊ လက်ရှိ သမ္မတ Joe Biden ကိုရော မကြိုက်ကြတဲ့အတွက် သူ့အနေနဲ့ အရှုံးမပေးသေးဘူးလို့လည်း Nikki Haley ပြောဆိုနေပါတယ်။

Forum

XS
SM
MD
LG