သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွယ်တင်နုပျို ကျန်းမာလို ပိုမိုလေ့ကျင့်ကြ


(Photo by Flickr user Global Panorama via Creative Commons License)
(Photo by Flickr user Global Panorama via Creative Commons License)

ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်သူတွေအနေနဲ့ ကိုယ့်အသက်ထက် ၉ နှစ်ပိုပြီး အရွယ်တင်နိုင်တာကို လေ့လာမှုတခုကတေ့ွရှိခဲ့ပါတယ်။

လေ့ကျင့်ခန်းလုပ်ကြသူတွေရဲ့ ခန္ဓာကိုယ်ဆဲလ်တွေထဲက ရင့်ရော်စေတဲ့ အရာတွေကို နှောင့်နှေးနိုင်စေတယ်ဆိုတာကို Brigham Young တက္ကသိုလ်က လုပ်တဲ့ လေ့လာမှုတခုက တွေ့ရှိခဲ့ကြတာပါ။ အသက်အရွယ်ကြီးလာတာနဲ့အမျှ Chromosomes တွေရဲ့အစွန်းက အဖုံးတွေလိုဖြစ်နေတဲ့ Telomere တွေရဲ့အရွယ်ပို တိုလာတာကြောင့် တဖြည်းဖြည်းနဲ့ ဆဲလ်တွေပျက်စီးယိုယွင်းလာစေပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ကြသူတွေရဲ့ Telomere တွေကတော့ လေ့ကျင့်ခန်းမလုပ်သူတွေထက် သိသိသာသာ ပိုရှည်တာကို တေ့ွရပါတယ်။ အပြင်းအထန်လေ့ကျင့်ခန်းလုပ်ကြသူတွေရဲ့ Telomere တွေက ပိုရှည်တဲ့အတွက် ဆဲလ်ပျက်စီးမှုတွေနည်းတဲ့အတွက် အသက်ထက် ၉ နှစ်လောက် ပိုအရွယ်တင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ Telomere ကို ပုံမပျက်ထိန်းထားနိုင်တာကြောင့် ရောဂါဖြစ်နိုင်ခြေကိုလည်း နည်းစေနိုင်ပါတယ်။

လေ့လာတွေ့ရှိချက်တွေကို Preventative Medicine ဆေးသိပ္ပံဂျာနယ်ထဲမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးတွေဆိုရင် တနေ့ကို နာရီဝက် အမျိုးသားတွေဆိုရင် မိနစ် ၄၀ တပါတ် ၅ ရက် ပုံမှန်ပြေးတာကို အပြင်းအထန်လေ့ကျင့်ခန်းလို့ လေ့လာသူတွေက သတ်မှတ်ပါတယ်။ အမေရိကန်က အသက် ၂၀ ကနေ ၈၄ နှစ်ကြား လူပေါင်း ၆ ထောင်ကို လေ့လာပြီး လေ့ကျင်းခန်းလုပ်တာက အရွယ်တင်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG