သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံဆုိင္ရာ ကန္ သံအမတ္ႀကီးနဲ႔ Exim ဘဏ္ဥကၠ႒တုိ႔ ျမန္မာ့ စီးပြားေရးကိစၥ ေဆြးေႏြး


တရုတ္ႏိုင္ငံရွိ EXIM ဘဏ္ (ဇြန္၊၁၃၊၂၀၂၀)

{{Zawgyi/Unicode}}

အေမရိကန္ သြင္းကုန္-ထုတ္ကုန္ဘဏ္ (EXIM) ဘဏ္ရဲ့ ဥကၠဌ Kimberly Reed က ျမန္မာနိုင္ငံဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး Thomas Vajda နဲ႔ ဗီဒီယိုကတဆင့္ အေမရိကန္- ျမန္မာ ႏွစ္နိုင္ငံ ကုန္သြယ္ စီးပြားကိစၥေတြကို ေဆြးေႏြးခဲ့ပါတယ္။ ဒီဇင္ဘာလ ၁၄ ရက္ေန႔က ျပဳလုပ္တဲ့ အဲဒီ ေဆြးေႏြးပြဲ မွာ အေမရိကန္ ကုန္စည္ေတြနဲ႔ ဝန္ေဆာင္မႈလုပ္ငန္းေတြက အေမရိကန္-ျမန္မာ ႏွစ္နိုင္ငံ စလုံးရဲ့ စီးပြားေရးနဲ႔ အလုပ္အကိုင္ ဖန္တီးနိုင္မႈကို ဘယ္လို အားေကာင္းေစေအာင္ လုပ္နိုင္မလဲဆိုတဲ့အခ်က္ကို အဓိကထား ေဆြးေႏြး ခဲ့ေၾကာင္း အေမရိကန္ သြင္းကုန္-ထုတ္ကုန္ ဘဏ္ (EXIM) က ဒီဇင္ဘာလ ၁၅ ရက္ေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

အဲဒီ အစည္းအေဝးမွာပဲ တ႐ုတ္နိုင္ငံထဲ့ အေမရိကန္ ကုမၸဏီေတြ တန္းတူ အခြင့္အလမ္း ရရွိေရး EXIM က ေဆာင္ရြက္ေနတဲ့ Program on China and Transformational Exports အစီအစဥ္သစ္ အေၾကာင္းကိုလည္း EXIM ဥကၠဌ Reed က ေဆြးေႏြး ခဲ့တယ္လို႔ ေျပာပါတယ္။

အေမရိကန္ စီးပြားေရး ကိုယ္စားလွယ္အဖြဲ႕ အင္ဒို-ပစိဖိတ္ ေဒသကို သြားေရာက္တဲ့ခရီးစဥ္အတြင္းေအာက္တိုဘာလထဲ EXIM ဥကၠဌ Reed က ျမန္မာနိုင္ငံကို သြားေရာက္ခဲ့ပါတယ္။ အဲဒီတုန္းက EXIM ဥကၠဌ Reed အပါအဝင္ အေမရိကန္ ကိုယ္စားလွယ္အဖြဲ႕က နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ နဲ႔အတူ ျမန္မာ့စီးပြားေရး တာဝန္ရွိပုဂၢိဳလ္ေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အမေရိကန် သွင်းကုန်-ထုတ်ကုန်ဘဏ် (EXIM) ဘဏ်ရဲ့ ဥက္ကဌ Kimberly Reed က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Thomas Vajda နဲ့ ဗီဒီယိုကတဆင့် အမေရိကန်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ် စီးပွားကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်တဲ့ အဲဒီ ဆွေးနွေးပွဲ မှာ အမေရိကန် ကုန်စည်တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေက အမေရိကန်-မြန်မာ နှစ်နိုင်ငံ စလုံးရဲ့ စီးပွားရေးနဲ့ အလုပ်အကိုင် ဖန်တီးနိုင်မှုကို ဘယ်လို အားကောင်းစေအောင် လုပ်နိုင်မလဲဆိုတဲ့အချက်ကို အဓိကထား ဆွေးနွေး ခဲ့ကြောင်း အမေရိကန် သွင်းကုန်-ထုတ်ကုန် ဘဏ် (EXIM) က ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

အဲဒီ အစည်းအဝေးမှာပဲ တရုတ်နိုင်ငံထဲ့ အမေရိကန် ကုမ္ပဏီတွေ တန်းတူ အခွင့်အလမ်း ရရှိရေး EXIM က ဆောင်ရွက်နေတဲ့ Program on China and Transformational Exports အစီအစဉ်သစ် အကြောင်းကိုလည်း EXIM ဥက္ကဌ Reed က ဆွေးနွေး ခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ အင်ဒို-ပစိဖိတ် ဒေသကို သွားရောက်တဲ့ခရီးစဉ်အတွင်းအောက်တိုဘာလထဲ EXIM ဥက္ကဌ Reed က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အဲဒီတုန်းက EXIM ဥက္ကဌ Reed အပါအဝင် အမေရိကန် ကိုယ်စားလှယ်အဖွဲ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ မြန်မာ့စီးပွားရေး တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG