သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ႔ဒီမိုကေရစီေရးႏွင္႔ စာနာမႈျပႆနာေျပလည္ေရး ကူညီဖို႔ ကန္ထပ္မံအတည္ျပဳ 


အေမရိကန္ ႏုိင္ငံတကာ ဖြ႔ံၿဖိဳးေရး ဘ႑ာေရး ေကာ္ပိုေရးရွင္း DFC ရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္ Adam Boehlerနဲ႔ ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ေတြ႔ဆံု (ဓါတ္ပံု-Myanmar State Counsellor Office)

(Zawgyi/Unicode)

ႏို၀င္ဘာလ က်င္းပမယ့္ ျမန္မာ့ ေရြးေကာက္ပြဲမွာ အားလံုးပါ၀င္ႏုိင္ၿပီး ပြင့္လင္းျမင္သာမႈ ရွိမယ္႔ အမ်ား လက္ခံတဲ႔ ေရြးေကာက္ပြဲ ျဖစ္ေရး၊ ျမန္မာ့ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရးနဲ႔ ႏုိင္ငံတြင္း လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ ေဆာင္ရြက္မႈေတြ အားလံုးကို အေမရိကန္က အခုိင္အမာ ေထာက္ခံေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ႏုိင္ငံေရးရာ ဌာန အၿမဲတမ္း အတြင္း၀န္ David Hale က ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေျပာၾကားခဲ႔ပါတယ္။

အဂၤါေန႔က သူတို႔ ႏွစ္ဦး တယ္လီဖုန္းဆက္သြယ္ေဆြးေႏြးမႈမွာ အခုလို ေျပာဆိုတာ ျဖစ္ေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရရံုးရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ဒါ႔အျပင္ ျမန္မာႏုိင္ငံတ၀န္းက ပဋိပကၡေတြ အဆံုးသတ္ၿပီး ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ၊ တျခား ဒုကၡသည္ေတြ၊ ျပည္တြင္းမွာ အိုးအိမ္စြန္႔ခြာ တိမ္းေရွာင္ေနရသူေတြ ေဘးကင္းလံုၿခံဳမႈ ရွိရွိ ဆႏၵ အေလ်ာက္ ဂုဏ္သိကၡာနဲ႔အညီ ဌာေနျပန္ႏုိင္ေရးအတြက္ ျမန္မာအစိုးရဘက္က ေဆာင္ရြက္ဖို႔လည္း အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ႏုိင္ငံေရးရာ အၿမဲတမ္း အတြင္း၀န္ Hale က တိုက္တြန္းခဲ႔ပါတယ္။

ရိုဟင္ဂ်ာ ဆိုတဲ႔ အသံုးအႏႈန္းကို ျမန္မာဘက္က လက္မခံပါဘူး။ ဒါေပမယ့္ ဌာေနျပန္ႏုိင္ေရး ေဆာင္ရြက္မယ္လို႔ ကတိေပးထားေပမယ့္ အေကာင္အထည္ မေပၚေသးပါဘူး။ တခ်ိန္တည္းမွာဘဲ ျမန္မာႏုိင္ငံကို ေရာက္ရွိေနတဲ႔ အေမရိကန္ စီးပြားေရးကိုယ္စားလွယ္ အဖြဲ႔ - အေမရိကန္ ႏုိင္ငံတကာ ဖြ႔ံၿဖိဳးေရး ဘ႑ာေရး ေကာ္ပိုေရးရွင္း DFC ရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္ Adam Boehler နဲ႔ ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ အဂၤါေန႔က ေနျပည္ေတာ္မွာ ေတြ႔ဆံုၿပီး ရင္းႏွီးျမွဳပ္ႏွံမႈ ကိစၥေတြ ေဆြးေႏြးပါတယ္။

ဘ႑ာေရးဖြံ႔ၿဖိဳးမႈဆိုင္ရာ ဘဏ္ DFC က ၂၀၁၅ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္ အတြင္း ျမန္မာႏုိင္ငံမွာ အေမရိကန္ ေဒၚလာ သန္း ၃၀၀ ေက်ာ္ ရင္းႏွီးျမွဳပ္ႏွံထားတယ္လို႔လည္း ျမန္မာဆိုင္ရာ အေမရိကန္ သံရံုးက ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

မြန်မာ့ဒီမိုကရေစီရေးနှင့် စာနာမှုပြဿနာပြေလည်ရေး ကူညီဖို့ ကန်ထပ်မံအတည်ပြု

(Unicode)

နိုဝင်ဘာလ ကျင်းပမယ့် မြန်မာ့ ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ပြီး ပွင့်လင်းမြင်သာမှု ရှိမယ့် အများ လက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်ရေး၊ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှုတွေ အားလုံးကို အမေရိကန်က အခိုင်အမာ ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာ ဌာန အမြဲတမ်း အတွင်းဝန် David Hale က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့က သူတို့ နှစ်ဦး ဆွေးနွေးမှုမှာ အခုလို ပြောဆိုတာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်းက ပဋိပက္ခတွေ အဆုံးသတ်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေ ၊ တခြား ဒုက္ခသည်တွေ၊ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသူတွေ ဘေးကင်းလုံခြုံမှု ရှိရှိ ဆန္ဒ အလျောက် ဂုဏ်သိက္ခာနဲ့ အညီ ဌာနေပြန်နိုင်ရေး အတွက် မြန်မာ အစိုးရဘက်က ဆောင်ရွက်ဖို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာ အမြဲတမ်း အတွင်းဝန် Hale က တိုက်တွန်းခဲ့ပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို မြန်မာဘက်က လက်မခံပါဘူး။ ဒါပေမယ့် ဌာနေပြန်နိုင်ရေး ဆောင်ရွက်မယ်လို့ ကတိပေးထားပေမယ့် အကောင်အထည် မပေါ်သေးပါဘူး။ တချိန်တည်းမှာဘဲ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် စီးပွားရေးကိုယ်စားလှယ် အဖွဲ့ - အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး ဘဏ္ဍာရေး ကော်ပိုရေးရှင်း DFC ရဲ့ အမှုဆောင် အရာရှိချုပ် Adam Boehler နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အင်္ဂါနေ့က နေပြည်တော်မှာ တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ ဆွေးနွေးပါတယ်။

ဘဏ္ဍာရေးဖွံ့ဖြိုးမှုဆိုင်ရာ ဘဏ် DFC က ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် အတွင်း မြန်မာနိုင်ငံမှာ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကျော် ရင်းနှီးမြှုပ်နှံထားတယ်လို့လည်း မြန်မာ ဆိုင်ရာ အမေရိကန် သံရုံးက ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG