သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အသြင္ကူးေျပာင္းေရးနဲ႔ ၿငိမ္းခ်မ္းေရးကိစၥေတြ ကန္ ဆက္လက္ ေထာက္ခံအားေပးမည္


အေမရိကန္ႏိုင္ငံျခားေရး ဒုတိယဝန္ႀကီး Stephen R.Biegun

{{Zawgyi/Unicode}}
အေမရိကန္ နိုင္ငံျခားေရး ဒုတိယဝန္ႀကီး Stephen R. Biegun က အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီး ဦးေက်ာ္တင္ကို ဒီဇင္ဘာလ ၁၇ ရက္ေန႔က တယ္လီဖုန္း ဆက္သြယ္စကားေျပာၾကားခဲ့ပါတယ္။ အေမရိကန္ ျပည္ေထာင္စုအေနနဲ႔ ျမန္မာ ျပည္သူေတြ၊ ျမန္မာ ေခါင္းေဆာင္ေတြနဲ႔ အဆင့္ျမင့္ထိေတြ႕ ဆက္ဆံမႈေတြ ဆက္လက္ ျပဳလုပ္ေရးႀကိဳးပမ္းမႈ တစိတ္တပိုင္း အေနနဲ႔ အခုလို ေဆြးေႏြးခဲ့တာလို႔ အေမရိကန္ နိုင္ငံျခားေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

ေဆြးေႏြးပြဲမွာ ျမန္မာနိုင္ငံရဲ့ လက္ရွိ ေဆာင္ရြက္ေနတဲ့ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသား ျပန္လည္ ရင္ၾကားေစ့ေရး ျဖစ္ေပၚတိုးတက္ေနမႈ၊ လူ႔အခြင့္အေရး ေလးစားလိုက္နာမႈနဲ႔ အားလုံးပါဝင္ခံစားနိုင္တဲ့ စီးပြားေရး ဖြံ့ၿဖိဳးတိုးတက္မွႈေတြအေပၚ အေမရိကန္ ျပည္ေထာင္စုရဲ့ ေထာက္ခံ အားေပးမႈကို ဒုတိယဝန္ႀကီး Stephen R. Biegun က ထုတ္ေဖာ္ ေျပာၾကားခဲ့ ပါတယ္။

ဒါ့အျပင္၊ လက္ရွိ ျဖစ္ေပၚေနတဲ့ အၾကမ္းဖက္ ပဋိပကၡေတြ၊ ရိုဟင္ဂ်ာကိစၥ အပါအဝင္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာနဲ႔ လူ႔အခြင့္အေရးဆိုင္ရာ စိုးရိမ္ ပူပန္မႈေတြ၊ ႏွစ္နိုင္ငံ စီးပြားေရးကိစၥေတြနဲ႔ အေမရိကန္နဲ႔ ျမန္မာနိုင္ငံအၾကား ကာလရွည္ မိတ္ဖက္ ဆက္ဆံေရး ပိုမို နက္နက္ရွိုင္းရႈင္းရွိေစေရး ကိစၥေတြကို ေဆြးေႏြးခဲ့ပါတယ္။

.......................................

{{Unicode}}

အမေရိကန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး Stephen R. Biegun က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်ကို ဒီဇင်ဘာလ ၁၇ ရက်နေ့က တယ်လီဖုန်း ဆက်သွယ်စကားပြောကြားခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ ပြည်သူတွေ၊ မြန်မာ ခေါင်းဆောင်တွေနဲ့ အဆင့်မြင့်ထိတွေ့ ဆက်ဆံမှုတွေ ဆက်လက် ပြုလုပ်ရေးကြိုးပမ်းမှု တစိတ်တပိုင်း အနေနဲ့ အခုလို ဆွေးနွေးခဲ့တာလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဖြစ်ပေါ်တိုးတက်နေမှု၊ လူ့အခွင့်အရေး လေးစားလိုက်နာမှုနဲ့ အားလုံးပါဝင်ခံစားနိုင်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှှုတွေအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ ထောက်ခံ အားပေးမှုကို ဒုတိယဝန်ကြီး Stephen R. Biegun က ထုတ်ဖော် ပြောကြားခဲ့ ပါတယ်။

ဒါ့အပြင်၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ပဋိပက္ခတွေ၊ ရိုဟင်ဂျာကိစ္စ အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ် ပူပန်မှုတွေ၊ နှစ်နိုင်ငံ စီးပွားရေးကိစ္စတွေနဲ့ အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား ကာလရှည် မိတ်ဖက် ဆက်ဆံရေး ပိုမို နက်နက်ရှိုင်းရှုင်းရှိစေရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG