သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

facebook အမုန်းတရား ပိတ်ပင်မှု အင်ဒိုမွတ်ဆလင်တချို့ကန့်ကွက်


အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်က Facebook ရုံးချုပ်အပြင်ဘက်မှာ သောကြာနေ့က မွတ်ဆလင် ၂၀၀ လောက် စုဝေး ဆန္ဒ ပြကြပါတယ်။ သဘောထားတင်းမာတဲ့အုပ်စုတွေရဲ့ Facebook စာမျက်နှာတွေဟာ အမုန်းတရားပြန့်ပွားးအောင် လုပ်နေတယ်လို့ ဆိုပြီး Facebook ပိတ်ပစ်တဲ့အပေါ် မကျေနပ်ကြတဲ့အတွက် ကန့်ကွက်ဆန္ဒပြတာဖြစ်ပါတယ်။

အဲဒီဆန္ဒပြပွဲကို သဘောထားတင်းမာတဲံ အစ္စလာမ်မစ် ကာကွယ်သူများတပ်ဦး FPI က စုစည်း စီစဉ်တာပါ။ ဆန္ဒပြသူတွေဟာ ဗလီတခုကနေ Facebook ကုမ္ပဏီရဲ့ ရုံးချုပ်ကို ချီတက်ကြပါတယ်။ ရုံးကိုတော့ ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာက ဝန်းရံ ကာကွယ် ထားပါတယ်။ “မွတ်ဆလင်တွေကို မဖိနှိပ်ပါနဲ့” “Facebook ပေါ်မှာ ငါတို့တင်တာတွေကို အဆုံးအဖြတ် ဝင်မပေးပါနဲ့” လို့ အဓိပ္ပါယ်ရတဲ့ ဆိုင်းဘုတ်တွေကို လူအများအပြားက ကိုင်ထားပါတယ်။

FPI ရဲ့ခေါင်းဆောင်တွေနဲ့ အစ္စလာမ်ဘာသာကို ပြစ်တင်ဝေဖန်သူတွေကို ဆက်ခွင့်ပြုထားပြီး သူတို့တွေကို ဘာ့ကြောင့် ပိတ်ပင် ကန့်သတ်တယ်ဆိုတာ ဆန္ဒပြသူတွေ သိချင်ကြတာလို့ FPI ပြောခွင့်ရ Slamet Maarif ကပြောပါတယ်။

"တရားမျှတမှုကို ကျနော်တို့လိုချင်ပါတယ်၊ အစ္စလာမ်မစ် ဖေ့စ်ဘုတ်အကောင့်တွေကို ဆက်ပြီး ခွဲခြားဆက်ဆံတာ မလုပ်ပါနဲ့"လို့ Marrif ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG