သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအပါအဝင္ ၈ ႏုိင္ငံက အေကာင့္တု စာမ်က္ႏွာတုေတြ ေဖ့စ္ဘုတ္ဖယ္ရွား


ေဖ့ဘြတ္ Logo။

[Zawgyi/Unicode]

ျမန္မာႏုိင္ငံအပါအဝင္ အီရန္၊ အာဖဂန္နစၥတန္၊ အီဂ်စ္၊ တူရကီ၊ မိုေရာကို၊ ေဂ်ာ္ဂ်ီယာနဲ႔ ယူကရိန္းႏုိင္ငံေတြမွာက အေကာင္တုေတြနဲ႔ စာမ်က္ႏွာအတု ကြန္ယက္ ၇ ခုကုိ ျဖဳတ္ခ်လိုက္တယ္လို႔အေမရိကန္အေျခစိုက္ ေဖ့စ္ဘုတ္ကုမၸဏီက ေသာၾကာေန႔မွာေျပာပါတယ္။

လူေတြ ထင္ေယာင္ထင္မွားျဖစ္ေအာင္ ပူးေပါင္းလုပ္ကိုင္တဲ့ အျပဳအမူေတြေၾကာင့္ အဲဒီအေကာင့္ေတြကို ျဖဳတ္ခ်ခဲ့တာလို႔ ေဖ့စ္ဘုတ္ကုမၸဏီရဲ ႔လစဥ္အစီရင္ခံစာမွာေဖာ္ျပထားတဲ့အျပင္ ႏုိင္ငံေရး မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းေတြအေပၚ အထင္အျမင္မွားေစတဲ့ ကိစၥမ်ိဳးေတြမွာ ပါ၀င္ပတ္သက္ေနတဲ့ ကမၻာတ၀န္းက ေဖ့စ္ဘုတ္စာမ်က္ႏွာ ၈,၀၀၀ နီးပါးကို ေအာက္တိုဘာလအတြင္း ျဖဳတ္ခ်လိုက္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။

အဲဒီထဲမွာ ျပည္တြင္းမွာေရာ ျပည္ပမွာပါႏုိင္ငံေရးအရ လႊမ္းမိုးမႈရေအာင္ႀကိဳးပမ္းေနတဲ့အေကာင့္တုအေတာ္မ်ားမ်ား ပါ၀င္တယ္လို႔လည္း ေဖ့စ္ဘုတ္ကေျပာပါတယ္။ အေရွ႕အလယ္ပိုင္းေဒသ တေလ ွ်ာက္လႈပ္ရွားေနတဲ့ အီဂ်စ္ အစၥလာမ္မစ္လႈပ္ရွားမႈအဖြဲ႔ျဖစ္တဲ့ မြတ္ဆလင္ညီီအကိုေတာ္မ်ား (Muslim Brotherhood) ကြန္ယက္ထဲမွာပါတဲ့ ေဖ့စ္ဘုတ္ အေကာင့္ေတြက အီဂ်စ္၊ တူရကီနဲ႔ ေမာ္ရကိုႏုိင္ငံကေန လုပ္ကုိင္ေနတာပါ။ အဲဒီကြန္ယက္က ေဒသတြင္းႏုိင္ငံေတြကို ဦးတည္လႈပ္ရွားေနတာျဖစ္ၿပီး အၾကမ္းဖက္၀ါဒစြဲ ေရးသားေဖာ္ျပခ်က္ေတြပါ၀င္တယ္လို႔ ေဖ့စ္ဘုတ္ကေျပာပါတယ္။

ယူကရိန္းနဲ႔ ျမန္မာႏုိင္ငံမွာလည္း မဲဆြယ္စည္းရုံးမႈေတြမွာ အထင္အျမင္မွားေစႏုိင္တဲ့ ေဖာ္ျပခ်က္ေတြကို ႏုိင္ငံေရးပါတီကိုယ္စား လႈပ္ရွားေနတဲ့ လူထုဆက္ဆံေရးလုပ္ငန္းတခ်ိဳ ႔ရွိေနတာက္ို ေဖ့စ္ဘုတ္ကုမၸဏီက ေတြ႔ရွိခဲ့ပါတယ္။ အစြန္းေရာက္ေဖာ္ျပခ်က္ေတြနဲ႔ ၀ါဒျဖန္႔ခ်ိေရးလႈပ္ရွားမႈေတြကို တုိက္ဖ်က္ဖို႔ အလ်င္အျမန္လုပ္ကိုင္တာမ်ိဳး မရွိဘူးဆိုၿပီး ေဖ့စ္ဘုတ္ကုမၸဏီ အျပင္းအထန္ေ၀ဖန္ခံရၿပီးတဲ့ေနာက္ ကမၻာတ၀န္းက အေကာင့္တုေတြကို ေဖ့စ္ဘုတ္ကုမၸဏီက ခုလိုဖယ္ရွားလာတာလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအပါအဝင် ၈ နိုင်ငံက အကောင့်တု စာမျက်နှာတုတွေ ဖေ့စ်ဘုတ်ဖယ်ရှား

မြန်မာနိုင်ငံအပါအဝင် အီရန်၊ အာဖဂန်နစ္စတန်၊ အီဂျစ်၊ တူရကီ၊ မိုရောကို၊ ဂျော်ဂျီယာနဲ့ ယူကရိန်းနိုင်ငံတွေမှာက အကောင်တုတွေနဲ့ စာမျက်နှာအတု ကွန်ယက် ၇ ခုကို ဖြုတ်ချလိုက်တယ်လို့အမေရိကန်အခြေစိုက် ဖေ့စ်ဘုတ်ကုမ္ပဏီက သောကြာနေ့မှာပြောပါတယ်။

လူတွေ ထင်ယောင်ထင်မှားဖြစ်အောင် ပူးပေါင်းလုပ်ကိုင်တဲ့ အပြုအမူတွေကြောင့် အဲဒီအကောင့်တွေကို ဖြုတ်ချခဲ့တာလို့ ဖေ့စ်ဘုတ်ကုမ္ပဏီရဲ့လစဉ်အစီရင်ခံစာမှာဖော်ပြထားတဲ့အပြင် နိုင်ငံရေး မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေအပေါ် အထင်အမြင်မှားစေတဲ့ ကိစ္စမျိုးတွေမှာ ပါဝင်ပတ်သက်နေတဲ့ ကမ္ဘာတဝန်းက ဖေ့စ်ဘုတ်စာမျက်နှာ ၈,၀၀၀ နီးပါးကို အောက်တိုဘာလအတွင်း ဖြုတ်ချလိုက်တယ်လို့လည်း ဖော်ပြထားပါတယ်။

အဲဒီထဲမှာ ပြည်တွင်းမှာရော ပြည်ပမှာပါနိုင်ငံရေးအရ လွှမ်းမိုးမှုရအောင်ကြိုးပမ်းနေတဲ့အကောင့်တုအတော်များများ ပါဝင်တယ်လို့လည်း ဖေ့စ်ဘုတ်ကပြောပါတယ်။ အရှေ့အလယ်ပိုင်းဒေသ တလေ ျှာက်လှုပ်ရှားနေတဲ့ အီဂျစ် အစ္စလာမ်မစ်လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ မွတ်ဆလင်ညီအကိုတော်များ (Muslim Brotherhood) ကွန်ယက်ထဲမှာပါတဲ့ ဖေ့စ်ဘုတ် အကောင့်တွေက အီဂျစ်၊ တူရကီနဲ့ မော်ရကိုနိုင်ငံကနေ လုပ်ကိုင်နေတာပါ။ အဲဒီကွန်ယက်က ဒေသတွင်းနိုင်ငံတွေကို ဦးတည်လှုပ်ရှားနေတာဖြစ်ပြီး အကြမ်းဖက်ဝါဒစွဲ ရေးသားဖော်ပြချက်တွေပါဝင်တယ်လို့ ဖေ့စ်ဘုတ်ကပြောပါတယ်။

ယူကရိန်းနဲ့ မြန်မာနိုင်ငံမှာလည်း မဲဆွယ်စည်းရုံးမှုတွေမှာ အထင်အမြင်မှားစေနိုင်တဲ့ ဖော်ပြချက်တွေကို နိုင်ငံရေးပါတီကိုယ်စား လှုပ်ရှားနေတဲ့ လူထုဆက်ဆံရေးလုပ်ငန်းတချို့ရှိနေတာကို ဖေ့စ်ဘုတ်ကုမ္ပဏီက တွေ့ရှိခဲ့ပါတယ်။ အစွန်းရောက်ဖော်ပြချက်တွေနဲ့ ဝါဒဖြန့်ချိရေးလှုပ်ရှားမှုတွေကို တိုက်ဖျက်ဖို့ အလျင်အမြန်လုပ်ကိုင်တာမျိုး မရှိဘူးဆိုပြီး ဖေ့စ်ဘုတ်ကုမ္ပဏီ အပြင်းအထန်ဝေဖန်ခံရပြီးတဲ့နောက် ကမ္ဘာတဝန်းက အကောင့်တုတွေကို ဖေ့စ်ဘုတ်ကုမ္ပဏီက ခုလိုဖယ်ရှားလာတာလည်းဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG