သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှနိုင်ငံရေး


အာရှနိုင်ငံရေး
please wait

No media source currently available

0:00 0:05:47 0:00

ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. ရဲ့ အမေရိကန် ခရီးစဉ်နဲ့ ကမ္ဘောဒီးယား ရွေးကောက်ပွဲအကြောင်းတွေကို ဒီတပတ် အာရှနိုင်ငံရေး အစီစဉ်မှာ ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။

အာရှနိုင်ငံရေး။

ဖိလစ်ပိုင်သမတမားကို့ရဲ့ အမေရိကန်ခရီးစဉ်နဲ့ကမ္ဘောဒီးယားရွေး ကောက်ပွဲအကြောင်းတွေကို ဒီတပတ် အာရှနိုင်ငံရေး အစီစဉ်မှာကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။

##

ဖိလစ်ပိုင်သမတမားကို့ ဂျူနီယာဟာ ဧပြီ ၃၀ ရက်နေ့ကစတင်ခဲ့ပြီး မေလ ၄ ရက်နေ့အထိ ၄ ရက်ကြာအမေရိ ကန်ပြည်ထောင်စုခရီးစဉ်အတွင်း၊ သမတ ဂျိုးဘိုင်ဒင်အပါအ၀င် အမေရိကန်အစိုးရထိပ်ပိုင်းခေါင်းဆောင် တွေနဲ့တွေ့ ဆုံခဲ့ပါတယ်။ ဖိလစ်ပိုင်ဟာ တရုတ်ခြိမ်းခြောက်မှုတွေရှိနေတဲ့ အင်ဒိုပစ္စဖိတ်ဒေသတွင်း အမေရိကန်ရဲ့ အဓိကမဟာ မိတ်ဖြစ်ပါတယ်။ သမတ ဘိုင်ဒင်ကတော့ ဖိလစ်ပိုင်အတွက်အမေရိကန်ရဲ့လုံခြုံရေးအစီစဉ်တွေနဲ့ပတ်သက်ပြီးထပ်မံ ကတိပြုပြောကြားခဲ့ပါတယ်။

Act: President Biden.

“ ဖိလစ်ပိုင်နဲ့ တောင်တရုတ်ပင်လယ်ကို အကာကွယ်ပေးသွားဖို့ အမေရိကန်ရဲ့ဆုံးဖြတ်ချက်ဟာ ဆက်လက်ပြီးအခိုင်အမာ ရှိနေပါတယ်”

ဒါ့အပြင် တရားဥပဒေစိုးမိုးမှုနဲ့ဒီမိုကရေစီတန်ဘိုးတွေကာကွယ်ဖို့၊ ရာသီဥတုပြောင်းလဲလာတဲ့ပြဿနာနဲ့ သန့်ရှင်းတဲ့စွမ်း အင်ပြောင်းလဲအသုံးပြုနိုင်ရေးစတဲ့ပြဿနာတွေကို နှစ်နိုင်ငံပူးတွဲရပ်တည်ဖြေရှင်းသွားဖို့၊ ဒါ့အပြင် နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ စီးပွားပူးပေါင်းဆောင်ရွက်ရေးတွေကိုလည်းလုပ်ဆောင်သွားဖို့ သမတ ဘိုင်ဒင်ကပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်သမတမားကို့စ်ကလည်း၊ အမေရိကန်နဲ့ဖိလစ်ပိုင်ရဲ့မဟာမိတ်ဖြစ်မှုဟာအရေးပါကြောင်းနဲ့ ပိုမိုအားကောင်းအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း။ ဒါ့အပြင် တောင်တရုတ်ပင်လယ်ပြင်နဲ့ အာရှပစ္စဖိတ်ဒေသအတွင်း တင်းမာမှုတွေမြင့် တက်လာနေချိန်မှာ ဖိလစ်ပိုင်ဟာကမ္ဘာပေါ်မှာ ပထ၀ီနိုင်ငံရေးအရ အရှုတ်ထွေးဆုံးနေရာမှာရှိနေကြောင်းနဲ့ သူ့ရဲ့ခရီးစဉ် အတွင်း ဒီကိစ္စတွေကို အဓိကဆွေးနွေဖို့ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်သမတ မားကို့စ်ဟာ ဒုသမတကာမလာဟဲရစ်နဲ့လည်းတွေ့ဆုံခဲ့တဲ့အပြင်၊ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် ကလည်း ပင်တခွန်စစ်ဌာနချုပ်ကိုဖိတ်ကြားပြီး၊ ဂုတ်ပြုတပ်ဖွဲ့နဲ့ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှအတွင်း အမေရိကန်စစ်စခန်းအများဆုံးနဲ့ အမေရိကန်စစ်အင်အားအများဆုံးချထား ခွင့်ပြုတဲ့နိုင်ငံဖြစ်ပါတယ်။ လောလောဆယ်အမေရိကန်တပ်စခန်းအသုံးပြုခွင့်ကို ၉ နေရာမှာခွင့်ပြုထားပါတယ်။ ဖိလစ်ပိုင် ဟာတရုတ်နဲ့ ပင်လယ်ပြင်ပိုက်နက်အငြင်းပွားနေတဲ့နိုင်ငံဖြစ်ပါတယ်။

သမတမားကို့စ်ဂျူနီဟာ သူ့အဖေသမတမားကို့စ်နဲ့အတူ အမေရိကန်သမတရေဂင်လက်ထက်က အိမ်ဖြူတော်ကို တခေါက်ရောက်ခဲ့ဖူးပါတယ်။ သုံးသပ်သူတွေကတော့ အမေရိကန်အစိုးရဟာ လက်ရှိဖိလစ်ပိုင်သမမားကို့စ်ကို၊ သူ့အဖေတုန်းကလိုဘဲ ကြောထောက်နောက်ခံပေးထားတဲ့ ဆက်ဆံရေးကိုပြန်လည်ထူထောင်နေတယ်လို့ ဝေဘန်ပြော ဆိုပါတယ်။ စစ်အေးခေတ်ကာလတုန်းက သမတဖာဒီနန်မားကို့စ် ဟာကွန်မြူနစ်တွေကိုဆန့်ကျင်နှိမ်နင်းခဲ့သလို၊ အမေရိ ကန်အစိုးရကလည်း ကွန်မြူနစ်ပြန့်ပွားမှုကိုဟန့်တားရာမှာအသုံးဝင်တယ်လို့ရှုမြင်ခဲ့ပါတယ်။ ဒါ့အပြင် ဗီယက်နမ်စစ်ပွဲကာ လမှာလည်း ဖိလစ်ပိုင်မှာရှိတဲ့ စစ်စခန်း ၂ ခုကိုအမေရိကန်အသုံးပြုခဲ့ပါတယ်။

အခုအခါမှာလည်း သာဖြစ်သူ မားကို့စ်သမတဖြစ်လာချိန်မှာ အာရှပစ္စဖိတ်ဒေသတွင်း စစ်ရေးအင်အားကြီးထွားလာနေတဲ့ တရုတ်ကိုတန်ပြန်ဖို့အတွက်အမေရိကန်ဟာ ဖိလစ်ပိုင်နဲ့ပိုမိုနီးကပ်စွာဆက်ဆံလာပြန်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

၁၉၈၆ ခုနှစ်မှာ သူ့ရဲ့ဖခင်ဖြစ်သူ အာဏာရှင်မားကို့စ်ကို လူထုကတော်လှန်ဖြုတ်ချလိုက်ချိန်မှာ လက်ရှိသမတမားကိုစ်ဟာ အသက် ၂၈ အရွယ်သာရှိသေးပြီး၊ အမေရိကန်စစ်လေယဉ်နဲ့ မိသားစုနဲ့အတူအမေရိကန်ကိုထွက်ပြေးလာခဲ့တာဖြစ်ပါ တယ်။ သူ့အဖေသမတမားကို့စ်လက်ထက်က၊ အတိုက်အခံနိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေ၊ လူ့အခွင့် အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တာတွေရှိခဲ့ပြီး၊ ထောင်နဲ့ချီတဲ့ လူ့အခွင့်အရေးချိုးဖေါက်ခံရသူတွေကို လျော်ကြေးပေးဖို့ တရားရုံးကဆုံးဖြတ်ထားတာကို မလိုက်နာတဲ့အတွက် မားကို့စ်အပါအ၀င်သူ့မိသားစုဝင်တွေဟာ တရားရုံးအမိန့်ကိုမလိုက်နာတဲ့အမှုနဲ့ အမေရိကန်တရားရုံးမှာရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

အခုလိုအခြေနေမှာဘဲ နောက်ထပ် အရှေ့တောင်အာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားမှာလာမယ့် ဇူလိုင်လ ၂၃ ရက်နေ့မှာရွေးကောက်ပွဲကျင်ပဖို့ရှိနေပါတယ်။ ရွေးကောက်ပွဲကျင်းပမယ်ဆိုပေမယ့်လည်း ကမ္ဘောဒီးယားမှာ အတိုက် အခံပါတီတွေမရှိဘူးဖြစ်နေပါတယ်။ ကမ္ဘောဒီးယားမှာ အာဏာကိုတဦးထဲ ၃၈ နှစ်ကြာတင်းတင်းကြပ်ကြပ်ချုပ်ကိုင်ထား တဲ့ ၀န်ကြီးချုပ်ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ CPP တပါတီဘဲအဓိကရှိပါတယ်။ ကမ္ဘောဒီးယားမှာ အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ ကမ္ဘောဒီးယားအမျိုးသားကယ်တင်ရေးပါတီ CNRP ကို ၂၀၁၇ ခုနှစ်တုန်းက ၀န်ကြီး ချုပ်ဟွန်ဆန်အစိုးရ ကဖျက်သိမ်းခဲ့ပြီး၊ ပါတီခေါင်းဆောင်တွေကိုဖမ်းဆီးခဲ့ပါတယ်။ CNRP ဟာ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင် ဆန်မရမ်စီရဲ့ ပါတီနဲ့၊ မဟာမိတ်ဖြစ်တဲ့ လူ့အခွင့်အရေးပါတီ ၂ ပါတီပေါင်းထားတာဖြစ်ပါတယ်။ ဆန်မရမ်စီဟာ ပြည်ကကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။ CNRP ကိုဖျက်သိမ်းပြီး ၂၀၁၈ ခုနှစ်မှာရွေးကောက် ပွဲလုပ်ခဲ့ပါတယ်။ ၀န်ကြီး ချုပ်ဟွန်ဆန်အပြတ်အသတ်နိုင်ပြီးဝန်ကြီးချုပ်ပြန်ဖြစ်လာပါ တယ်။ ဒီရွေးကောက်ပွဲကို တကောင်ထဲပြိုင်တဲ့မြင်းပြိုင်ပွဲလို့ တချို့သတင်းတွေမှာ တင်စားဖေါ်ပြခဲ့ပါတယ်။

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ဝန်ကြီးချုပ်ဟွန်ဆန်ဟာ လာမယ့် ဇူလိုင် ၂၃ ရက်နေ့ ရွေးကောက်ပွဲပြီးလို့ အစိုးရသစ်ပေါ် လာရင်သူအနားယူတော့မယ့်သဘောမျိုးမတ်လထဲတုန်းကပြောဆိုခဲ့ပါတယ်။ သူနေမှာ ဆက်ခံမယ့်သူကတော့ သူ့ရဲ့သား ဖြစ်သူ ကမ္ဘောဒီးယားစစ်တပ်ရဲ့အကြီးအကဲတဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဟွန် မနက် Hun Manet ဖြစ်တယ်လို့ သုံးသပ်ပြော ဆိုနေကြပါတယ်။ ၀န်ကြီးချုပ်ဟွန်ဆန်ရဲ့ CPP ပါတီကလည်း နောက်လာမယ့်ရွေးကောက်ပွဲမှာ ဟွန်မနက် ကိုဝန်ကြီးချုပ် နေရာအတွက်ကိုယ်စားလှယ်လောင်းအဖြစ်တင်မြှောက်မယ်လို့ ၂၀၂၁ ခုနှစ်ကတည်းပြောဆိုထားပါတယ်။ ၂၀၁၇ ခုနှစ်က ဖမ်းဆီးထားခဲ့တဲ့ အတိုက်အခံပါတီ CNRP ရဲ့ ဥက္ကဌ Kem Sokha ကင် ဆိုခ ကိုတော့ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ တုန်းကထောင်ဒါဏ် ၂၇ နှစ်ချလိုက်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်ကမ္ဘောဒီးယားမှာ လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲဟာ အမည်ခံသာဖြစ်ပြီး၊ ၀န်ကြီးချုပ်ဟွန်ဆန်နဲ့ CPP ကိုထောက်ခံကြောင်း မဲပေး တဲ့ပွဲသာလျင်ဖြစ်လိမ့်မယ်လို့သုံးသပ်ပြောဆိုတာတွေရှိကြောင်း ဒီတပတ်အာရှနိုင်ငံရေးအစီစဉ်မှာတင်ပြလိုက်ရပါတယ်။

XS
SM
MD
LG