သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတ တနှစ်တာဆောင်ရွက်မှု ပြည်သူများဆန္ဒပြ

သမ္မတ Ferdinand Marcos Jr. သမ္မတတာဝန်ယူခဲ့တဲ့ တနှစ်ပြည့် နိုင်ငံတော်အခြေအနေ တိုင်းပြည်ကို မိန့်ခွန်းမပြောခင် ဖိလစ်ပိုင်နိုင်ငံ Quezon မြို့ လမ်းမတွေပေါ် စုရုံးဆန္ဒပြနေကြတဲ့ပြည်သူများ (ဇူလိုင် ၂၄၊ ၂၀၂၃)

ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတ Ferdinand Marcos Jr. သမ္မတတာဝန်ယူခဲ့တဲ့ တနှစ်ပြည့် နိုင်ငံတော်အခြေအနေ တိုင်းပြည်ကို ဒီနေ့ မိန့်ခွန်းမပြောခင် ထောင်နဲ့ချီတဲ့ ဖိလစ်ပိုင်ပြည်သူတွေ မနီလာမြို့ လမ်းမတွေပေါ် စုရုံးဆန္ဒပြကြပါတယ်။

သမ္မတ Marcos တာဝန်ယူခဲ့တဲ့ တနှစ်တာ ကာလအတွင်း တိုင်းပြည်မှာ အဘက်ဘက်က ယိုယွင်းလာခဲ့တယ်ဆိုပြီး လူ့ အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့ပေါင်းစုံက ကန့်ကွက်ဆန္ဒပြကြတာပါ။ တိုင်းပြည် ဘဏ္ဍာသုံးတဲ့ ရထားလမ်းဖေါက်လုပ်ရေးလို အခြေခံအဆောက်အအုံ စီမံချက်တွေဟာ လူနည်းစုကိုပဲ အကျိုးဖြစ်စေသလို၊ ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့တွေ တိုးလာခဲ့တယ်လို့ ဆန္ဒပြသူ တဉီးက ပြောပါတယ်။ Ferdinand Marcos Jr အစိုးရ လက်ထက်မှာ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ တရားမမျှတမှုတွေ ပိုများလာတယ်လို့ပြောပြီး တရားမျှတမှုရှိရေး တောင်းဆိုလှုပ်ရှားမှုတွေလည်း ရှိနေပါတယ်။

အာဏာရှင်ဟောင်းရဲ့သား Ferdinand Marcos Jr. ဟာ ပြီးခဲ့တဲ့နှစ်မေလ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံရဲ့ ၁၇ ကြိမ်မြောက် သမ္မတအဖြစ် တာဝန်ယူခဲ့ပါတယ်။ တာဝန်ယူခဲ့တဲ့ကာလတလျှောက် လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီကို လေးစားဖို့ တောင်းဆိုလှုပ်ရှားမှုတွေကို ရင်ဆိုင်နေရပါတယ်။

ဖိလစ်ပိုင်သမ္မတ တနှစ်တာဆောင်ရွက်မှု ပြည်သူများဆန္ဒပြ
please wait

No media source currently available

0:00 0:00:32 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG