သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်လုံခြုံရေးကတိကဝတ် ကန်သမ္မတ ထပ်လောင်းအတည်ပြု


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာကို အမေရိကန်သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံစဥ်။ (မေ ၁၊ ၂၀၂၃)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာကို အမေရိကန်သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံစဥ်။ (မေ ၁၊ ၂၀၂၃)

ဖိလစ်ပိုင်နိုင်ငံရဲ့လုံခြုံရေးအပေါ် တာဝန်ယူ ကတိကဝတ်ပြုထားတာကို အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ထပ်မံအတည်ပြုလိုက်ပြီး နှစ်နိုင်ငံဆက်ဆံရေးဟာ နက်ရှိုင်းတဲ့ မိတ်ဆွေဆက်ဆံရေးဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ တနင်္လာနေ့က ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. ကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံရာမှာ သမ္မတဂျိုးဘိုင်ဒန်က ခုလို ပြောလိုက်တာပါ။

တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ရေတပ်က ဖိလစ်ပိုင်သင်္ဘောတွေကို တိုးပြီးနှောင့်ယှက်လာတာကြောင့် စိုးရိမ်ချက်တွေမြင့်မားလာချိန်မှာ ဖိလစ်ပိုင်သမ္မတရဲ့အမေရိကန်ခရီးစဥ်ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့အပတ်ကပဲ အကြီးမားဆုံး နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှု ပြီးခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ နှစ်နိုင်ငံ ပူးတွဲတိုက်လေယာဥ် လေ့ကျင့်ခဲ့ကြပါတယ်။ ၁၉၉၀ ကတည်းကဆိုရင် ဒါ ဟာ ပထမဆုံးလေ့ကျင့်မှု ဖြစ်ပါတယ်။ ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်က ရန်လိုလာတာနဲ့အမျှ ဖိလစ်ပိုင်နိုင်ငံက အမေရိကန်ကို သူ့ရဲ့ရေတပ်စခန်း ၄ ခု အသုံးပြုခွင့် ဒီနှစ်မှာ ပေးခဲ့ပါတယ်။ ဖိလစ်ပိုင်နဲ့နီးပေမဲ့ သူ့ရဲ့ ရေပြင်ပိုင်နက်လို့ဆိုပြီး တရုတ်ရေတပ်နဲ့ ကမ်းခြေစောင့်တပ်တွေက ဖိလစ်ပိုင်ငါးဖမ်းလှေတွေကို နှင်ထုတ်ခဲ့ကြတဲ့အတွက် ဖိလစ်ပိုင်အတွက် ဒေါသထွက်စရာ ဖြစ်ခဲ့ရတာပါ။

စိန်ခေါ်ချက်အသစ်တွေကို ရင်ဆိုင်နေရပြီး ဖိလစ်ပိုင်ထက်ကောင်းတဲ့မိတ်ဘက် မရှိပါကြောင်း အမေရိကန်သမ္မတဘိုင်ဒန်က ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. ကို အိမ်ဖြူတော်မှာ ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်စစ်တပ် ခေတ်မီရေးအတွက်လည်း သမ္မတ ဘိုင်ဒန်က ကတိပေးခဲ့ပါတယ်။ ကမ္ဘာမှာ အရှုပ်ထွေးဆုံးဖြစ်ကောင်းဖြစ်မယ့် ပထဝီနိုင်ငံရေး အခြေအနေတရပ်ကို ဖိလစ်ပိုင်နဲ့ ပစိဖိတ်ဒေသမှာ ကြုံတွေ့နေရတယ်လို့လည်း ဖိလစ်ပိုင်သမ္မတ Marcos Jr. က ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်လုံခြုံရေးကတိကဝတ် ကန်သမ္မတ ထပ်လောင်းအတည်ပြု
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG