သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်နိုင်ငံ အမေရိကန်စစ်စခန်းသစ်နေရာများ ရွေးချယ်ပြီးစီး


ဖိလစ်ပိုင်သမ္မတ Ferdinand 'Bongbong' Marcos Jr. (မတ်လ ၂၂၊ ၂၀၂၃) 
ဖိလစ်ပိုင်သမ္မတ Ferdinand 'Bongbong' Marcos Jr. (မတ်လ ၂၂၊ ၂၀၂၃) 

{{Zawgyi/Unicode}}

အမေရိကန်တပ်တွေ နောက်ထပ်အခြေစိုက်ဖို့သဘောတူထားတဲ့ စစ်စခန်းသစ်လေးခုရဲ့ တည်နေရာကို မကြာခင် ထုတ်ဖော်ပြသတော့မယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ပြောလိုက်ပါတယ်။

နေရာသစ်ထဲကတချို့ဟာ ဖိလစ်ပိုင်မြောက်ပိုင်း၊ တောင်ပိုင်းနဲ့အနောက်ပိုင်း ပလာဝမ် (Palawan) ပြည်နယ်တွေထဲမှာလို့ မားကို့စ်က သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ တရုတ်နိုင်ငံက သူ့ရဲ့တစိတ်တဒေသအဖြစ်သတ်မှတ်ပြီး သိမ်းယူဖို့ခြိမ်းခြောက်နေတဲ့ထိုင်ဝမ်ကျွန်းနဲ့ အနီးကပ်ဆုံးလည်းဖြစ်၊ ဖိလစ်ပိုင်ရဲ့အကြီးဆုံးကျွန်းတခုလည်းဖြစ်တဲ့ လူဇွန်ကျွန်း (Luzon) အပါအဝင် နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းတလျှောက် ကာကွယ်ရေးစွမ်းရည်ကို ဒီ အမေရိကန်စစ်စခန်းအသစ်တွေက မြှင့်တင်ပေးနိုင်မယ်လို့ ဖိလစ်ပိုင်သမ္မတကပြောပါတယ်။

အခု အမေရိကန်စစ်စခန်းတွေတိုးချဲ့မှုဟာ လက်ရှိ ရှိပြီး စစ်စခန်း ၅ ခု ပါတဲ့ ၂၀၁၄ ခုနှစ် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး နှစ်နိုင်ငံ သဘောတူညီချက်ထဲမှာ ပါဝင်မှာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်က တရုတ်နိုင်ငံရဲ့လှုပ်ရှားမှုတွေနဲ့ ထိုင်ဝမ်ကို တရုတ်နိုင်ငံဘက်က ခြိမ်းခြောက်တာတွေ တိုးလာတာအပေါ်တန်ပြန်နိုင်ဖို့ သက်တမ်းရင့်မဟာမိတ် နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ဖိလစ်ပိုင်တို့က ကြိုးပမ်းနေချိန်မှာပဲ အခုသဘောတူညီချက်ကို တိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ အမေရိကန်စစ်အင်အား တိုးမြင့်လာတာက ဒေသတွင်း ‘ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး’ ကို ထိခိုက်စေတယ်လို့ တရုတ်ဘက်က စွပ်စွဲထားပါတယ်။

ဒီ အမေရိကန်အခြေစိုက်စခန်းအသစ်တွေကို ဒေသဆိုင်ရာပြည်နယ်တွေက တာဝန်ရှိသူတချို့က မလိုလားကြပါဘူး။ ဖိလစ်ပိုင်ဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့အမေရိကန်ကြား ဖြစ်လာနိုင်တဲ့လက်နက်ကိုင်ပဋိပက္ခရဲ့ ဗဟိုချက်ဖြစ်လာမှာကို စိုးရိမ်နေကြတာပါ။

သမ္မတမားကို့စ်ဂျူနီယာကတော့ အခြေစိုက်စခန်းသစ်တွေရဲ့အရေးပါမှုနဲ့ ပတ်သက်လို့ ဒေသဆိုင်ရာတာဝန်ရှိသူတွေနဲ့ စကားပြောခဲ့ပြီး “ဒါဟာ ပြည်နယ်တွေအတွက် ဘယ်လိုနည်းနဲ့ အကျိုးများနိုင်မယ်” ဆိုတာကို ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

============

{{Unicode}}








XS
SM
MD
LG