[Zawgyi/Unicode]
အေရွ႕ေတာင္အာရွေဒသတ၀ုိက္မွာ သတင္းမွားေတြ အထူးသျဖင့္ ကိုဗစ္ ၁၉ ကပ္ေရာဂါနဲ႔ ပတ္သက္တဲ့ လုပ္ၾကံသတင္းေတြ မ်ားလာတာေၾကာင့္ ေဒသတြင္းမွာ ဒီလို လုပ္ၾကံသတင္းေတြ ထုတ္ျပန္တာကို ႏွိမ္ႏွင္းဖို႔ ေဒသတြင္းႏုိင္ငံေခါင္းေဆာင္ေတြက နည္းလမ္းေတြရွာေဖြလာေနၾကပါတယ္။
ဗီယက္နမ္ႏုိင္ငံက လုံျခဳံေရးတာ၀န္ရွိသူေတြက အဲဒီလို အၾကံေပးလိုက္ၿပီးတဲ့ေနာက္မွာ လုပ္ၾကံသတင္းေတြကို ႏွိမ္ႏွင္းဖို႔ ႀကိဳးပမ္းလာေနတာပါ။
လုပ္ၾကံသတင္းေတြကို တိုက္ဖ်က္ႏုိင္ေရး အာဆီယံ ၁၀ ႏုိင္ငံက ရဲတပ္ဖဲြ႔ေတြ လုပ္ေဆာင္ဖို႔နဲ႔ တျခား နယ္စပ္ျဖတ္ေက်ာ္က်ဴးလြန္ေနတဲ့ ရာဇ၀တ္မႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ ပိုၿပီးေတာ့ ပူးေပါင္းေဆာင္ရြက္သင့္တယ္လို႔ ဗီယက္နမ္တာ၀န္ရွိသူတဦးက စက္တင္ဘာ ၂၅ ရက္ေန႔က တျခားအာဆီယံအဖဲြ႔၀င္ႏုိင္ငံေတြက ရဲတပ္ဖဲြ႔ တာဝန္ရွိသူေတြနဲ႔လုပ္တဲ့ အစည္းအေ၀းအတြင္း ေျပာခဲ့ပါတယ္။
အေရွ႕ေတာင္အာရွမွာ ကပ္ေရာဂါကူးစက္မႈ စတင္က်ေရာက္ခ်ိန္ကစၿပီး ဒါနဲ႔ပတ္သက္တဲ့ လုပ္ၾကံသတင္းေတြက တုိးလာတယ္ဆုိတာကို သူတုိ႔အေနနဲ႔ သိေၾကာင္း၊ ဒါေၾကာင့္ ဗီယက္နမ္ႏုိင္ငံကေျပာတာကို အဲဒီလို ရႈျမင္ႏုိင္ေၾကာင္း မေလးရွားႏုိင္ငံက မဟာဗ်ဴဟာနဲ႔ ႏုိင္ငံတကာေလ့လာေရးဌာန သုေသတီ Harris Zainul က ေျပာပါတယ္။
အာဆီယံအဖဲြ႔၀င္ႏုိင္ငံေတြဟာ ၂၀၁၄ ခုႏွစ္က လူမႈတာ၀န္သိမီဒီယာေတြကို အားေပးတဲ့ ေၾကျငာခ်က္ကို လက္မွတ္ေရးထုိးခဲ့ၾကၿပီး ၄ ႏွစ္အၾကာမွာေတာ့ သတင္းတုေတြေၾကာင့္ ထိခုိက္ေစတဲ့ အက်ိဳးဆက္ေတြကို အနည္းဆုံးေလ ွ်ာ့ခ်ႏုိင္ဖုိ႔ သေဘာတူညီခ်က္ကို ရခဲ့ၾကပါတယ္။ အခုအခါမွာေတာ့ လုပ္ၾကံသတင္းေတြ ျပန္ျမင့္တက္လာေနၿပီး ကိုဗစ္ ၁၉ ကပ္ေရာဂါေၾကာင့္ ဒီလို လုပ္ၾကံသတင္းေတြ၊ သတင္းတုေတြနဲ႔ တျခား ရာဇ၀တ္မႈေတြ မ်ားလာတာျဖစ္တယ္လို႔ ေျပာပါတယ္။
[Unicode Version]
အာဆီယံဒေသတွင်း လုပ်ကြံသတင်းများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေ
အရှေ့တောင်အာရှဒေသတဝိုက်မှာ သတင်းမှားတွေ အထူးသဖြင့် ကိုဗစ် ၁၉ ကပ်ရောဂါနဲ့ ပတ်သက်တဲ့ လုပ်ကြံသတင်းတွေ များလာတာကြောင့် ဒေသတွင်းမှာ ဒီလို လုပ်ကြံသတင်းတွေ ထုတ်ပြန်တာကို နှိမ်နှင်းဖို့ ဒေသတွင်းနိုင်ငံခေါင်းဆောင်တွေက နည်းလမ်းတွေရှာဖွေလာနေကြပါတယ်။
ဗီယက်နမ်နိုင်ငံက လုံခြုံရေးတာဝန်ရှိသူတွေက အဲဒီလို အကြံပေးလိုက်ပြီးတဲ့နောက်မှာ လုပ်ကြံသတင်းတွေကို နှိမ်နှင်းဖို့ ကြိုးပမ်းလာနေတာပါ။
လုပ်ကြံသတင်းတွေကို တိုက်ဖျက်နိုင်ရေး အာဆီယံ ၁၀ နိုင်ငံက ရဲတပ်ဖွဲ့တွေ လုပ်ဆောင်ဖို့နဲ့ တခြား နယ်စပ်ဖြတ်ကျော်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ဗီယက်နမ်တာဝန်ရှိသူတဦးက စက်တင်ဘာ ၂၅ ရက်နေ့က တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့လုပ်တဲ့ အစည်းအဝေးအတွင်း ပြောခဲ့ပါတယ်။
အရှေ့တောင်အာရှမှာ ကပ်ရောဂါကူးစက်မှု စတင်ကျရောက်ချိန်ကစပြီး ဒါနဲ့ပတ်သက်တဲ့ လုပ်ကြံသတင်းတွေက တိုးလာတယ်ဆိုတာကို သူတို့အနေနဲ့ သိကြောင်း၊ ဒါကြောင့် ဗီယက်နမ်နိုင်ငံကပြောတာကို အဲဒီလို ရှုမြင်နိုင်ကြောင်း မလေးရှားနိုင်ငံက မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန သုသေတီ Harris Zainul က ပြောပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ၂၀၁၄ ခုနှစ်က လူမှုတာဝန်သိမီဒီယာတွေကို အားပေးတဲ့ ကြေငြာချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ၄ နှစ်အကြာမှာတော့ သတင်းတုတွေကြောင့် ထိခိုက်စေတဲ့ အကျိုးဆက်တွေကို အနည်းဆုံးလေ ျှာ့ချနိုင်ဖို့ သဘောတူညီချက်ကို ရခဲ့ကြပါတယ်။ အခုအခါမှာတော့ လုပ်ကြံသတင်းတွေ ပြန်မြင့်တက်လာနေပြီး ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ဒီလို လုပ်ကြံသတင်းတွေ၊ သတင်းတုတွေနဲ့ တခြား ရာဇဝတ်မှုတွေ များလာတာဖြစ်တယ်လို့ ပြောပါတယ်။