သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ကြီးနဲ့ မုန်းမြို့နယ်ထဲ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ


မုန်းနဲ့ကျောက်ကြီးမှာ စစ်တပ်ကလက်နက်ကြီးကျလို့ ဒေသခံတွေရှောင်ပြေးနေရ (အောက်တိုဘာ ၁၃၊ ၂၀၂၃)
မုန်းနဲ့ကျောက်ကြီးမှာ စစ်တပ်ကလက်နက်ကြီးကျလို့ ဒေသခံတွေရှောင်ပြေးနေရ (အောက်တိုဘာ ၁၃၊ ၂၀၂၃)

KNU ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်မှာ အောက်တိုဘာလ ၁၀ ရက်နေ့က စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၄ နစ်အရွယ် ကလေးငယ်တယောက်သေဆုံးပြီး ၈ ယောက်ဒဏ်ရာရခဲ့ပါတယ်။ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ပြေးနေကြရပါတယ်။ ဒီအကြောင်း VOA သတင်းထောက် မအေးအေးမာ သတင်းပို့ထားပါတယ်။

KNU ထိန်းချုပ်ထားတဲ့ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်တွေမှာ တိုက်ပွဲမဖြစ်ဘဲ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ အောက်တိုဘာ ၁၀ ရက်က ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုအတွင်း မုန်းမြို့နယ်ထဲက အသက် ၁၄ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့ပြီး တချို့ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတယောက်က ပြောပြပါတယ်။

"၁၀ ရက်နေ့ ညနေ ၅နာရီ ၂၀မှာ ခမ၇ ၄၃၉ ကပစ်တာ ကျော်လှကျေးရွာကို ကျရောက်ပေါက်ကွဲပြီးအသက် ၁၄ နှစ် အရွယ် မယုရတီနိုင် သေသွားပါတယ်။ အိမ်တအိမ်လည်းပျက်စီးသွားပါတယ်၊ ဒါကမုန်းမြို့နယ်ထဲမှာပါ။ ၁၀ရက်နေ့ နေ့လည် ၁၂ နာရီမှာ ရွှေဝါအခြေစိုက် ခမရ ၃၀၇ တပ်ရင်းကနေ လက်နက်ကြီးနှစ်လုံးပစ်တာ သနပ်ကွင်းကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာကျောင်းတိုက်ဆရာတော် ဦးကောဝိတ (၇၄) နှစ်ကတော့ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိ ခဲ့ပါတယ်။ ကျောက်ကြီးမြို့နယ်ထဲ မှာတော့ စောပွားစေး (၃၅) နှစ်၊ နော်လားဒူး (၃၀) နှစ် နှင့် နော်ကဲဘလုမူးသူ့သမီးပေါ့ (၂) နှစ်ကလေးနဲ့ နွားနှစ်ကောင်လည်းသေသွားတယ်"

စစ်တပ် ခလရ−၂၆၄ တပ်ရင်း ခမရ ၄၃၉၊ ခမရ ၃၀၇ တို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ကျောက်ကြီးနဲ့ မုန်းမြို့နယ်တွေက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေး စိုးရိမ်နေကြတယ်လို့လည်း ပြောပြပါတယ်။

"ခမ၇ ၄၃၉ တို့ ခမရ ၃၀၇ တို့ ကျနော်တို့ ရွာတွေထဲပဲပစ်ထည့်နေတာ ရွာသားတွေက သူတို့ပစ်လို့ထွက်ပြေးလိုက် နည်းနည်းငြိမ်တယ်ဆိုရင်ပြန်လာလိုက်တာနဲ့ ရွာကိုထိလိုက်လူကိုထိလိုက် အိမ်ကိုထိလိုက်နဲ့မို့လူတွေက ပြန်မလာရဲတော့ဘူး"

မုန်းနဲ့ကျောက်ကြီးမှာ စစ်တပ်ကလက်နက်ကြီးကျလို့ ဒေသခံတွေရှောင်ပြေးနေရ (အောက်တိုဘာ ၁၃၊ ၂၀၂၃)
မုန်းနဲ့ကျောက်ကြီးမှာ စစ်တပ်ကလက်နက်ကြီးကျလို့ ဒေသခံတွေရှောင်ပြေးနေရ (အောက်တိုဘာ ၁၃၊ ၂၀၂၃)

စစ်တပ်ဟာ ကရင်လူထုကိုမှ မဟုတ်ဘဲ တိုင်းရင်းသားနယ်မြေမှာ ရှိနေသူတိုင်းကို ပစ်မှတ်ထားနေတယ်လို့ KNU ပြောခွင့်ရ ဖဒိုကလယ်စေးက အခုလို ပြောပါတယ်။

"ကရင်လူထုတွေသာမက ကျနော်တို့ EROအဖွဲ့တွေထဲက သူ့ကိုဆန့်ကျင်တဲ့လူထုတွေကိုလည်း သူတို့တွေကဒီလိုပဲလုပ်ကြပါတယ်"

အောက်တိုဘာလ ၁၀ ရက်နေ့တနေ့တည်းမှာပဲ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် နန္ဒမိတ်ကျေးရွာအတွင်းမှာရှိတဲ့ ဦးတင်ထွန်းရဲ့ နေအိမ်ကို ကျရောက်ပေါက်ကွဲခဲ့သော ကြောင့် အသက် (၆၀)အရွယ် ဦးတင်ထွန်း အသက် ၅၈နှစ်အရွယ် ဒေါ်မြင့်ဌေး (၅၈) အသက်၃၅နှစ်အရွယ် မမာလာ (၃၅) နှစ်အသက်၂နှစ်အရွယ် မောင်ပြည့်စုံ တို့ (၄) ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် စတင်ချုပ်ဆိုခဲ့တာ ၈ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို နေပြည်တော်မှာ ကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။

တနိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့အထဲက အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က ၂၀၁၅ ခုနှစ်က လက်မှတ်ထိုးခဲ့တဲ့ NCA စာချုပ်ဟာ ၂၀၂၁ ခုနှစ်မှာစစ်တပ်က အာဏာသိမ်းပြီးကတည်းက ပျက်ပြယ်သွားပြီလို့ ကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG