သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖာပွန်ဗျူဟာ သိမ်းပိုက်ရေး ကရင်ပူးပေါင်းတပ် ထိုးစစ်


ဖာပွန်မြို့နယ်အတွင်း စခန်းတချို့သိမ်းပိုက်ရရှိခဲ့အပြီး NUG ကထုတ်ပြန်သည့်မှတ်တမ်းပုံ (ယခင်ပုံဟောင်း)
ဖာပွန်မြို့နယ်အတွင်း စခန်းတချို့သိမ်းပိုက်ရရှိခဲ့အပြီး NUG ကထုတ်ပြန်သည့်မှတ်တမ်းပုံ (ယခင်ပုံဟောင်း)

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီရဲ့ အရေးပါတဲ့ နောက်ဆုံးလက်ကျန် စခန်းကြီးဖြစ်တဲ့ ဖာပွန်ဗျူဟာစခန်းကို KNLA /PDF အပါအဝင် ပူးပေါင်းတပ်တွေက ပိတ်ဆို့ပြီး တိုက်ခိုက်နေပါတယ်။ ဒီဗျူဟာစခန်း မကျရေးအတွက် စစ်ကောင်စီဘက်ကလည်း အပြင်းအထန်ခုခံနေသလို တပ်မိသားစုတွေကို အပြင်ထွက်ခွင့်မပေးပဲ ဒိုင်းကာလို အသုံးပြုထားတယ်လို့ ပူးပေါင်းတပ်တွေဘက်က ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီရဲ့ အရေးပါတဲ့ နောက်ဆုံးလက်ကျန် စခန်းကြီးဖြစ်တဲ့ ဖာပွန်ဗျူဟာစခန်းကို KNLA /PDF အပါအဝင် ပူးပေါင်းတပ်တွေက လနဲ့ချီပြီးတိုက်ခိုက်နေရာမှာ အခုအခါမှာတော့ ဒီစခန်းက ၀ိုင်းဝန်းပိတ်ဆို့မှုကိုခံနေရပါတယ်။

နှစ်ပေါင်း ၃၀ကျော်ကတည်ဆောက်ထားခဲ့တဲ့ ခေါပုတ်စခန်းကို အောက်တိုဘာလ ၂၈ ရက်နေ့က လက်လွှတ်ဆုံးရှုံးရပြီးတဲ့နောက်မှာ ဖာပွန်ဗျူဟာစခန်းအတွက် လုံခြုံမှုတွေ အားနည်းလာစေခဲ့ပါတယ်။ အခုအခါမှာတော့ စစ်ကောင်စီ ဖာပွန်ဗျူဟာစခန်းအတွင်းက အမျိုးသမီးနဲ့ကလေးသူငယ်တွေ တပ်မိသားစုတွေ ကို အကာကွယ်ယူပြီး တပ်စခန်းမကျရေးအတွက် တောင့်ခံထားတယ်လို့ ပူပေါင်းတပ်ဖက်ကအခုလိုပြောပါတယ်။

“ဗျူဟာကိုမသိမ်းခင်မှာ ခေါပုတ်စခန်းကိုအရင်သိမ်းလိုက်တာ ဗျူဟာကိုတိုက်နေတဲ့အချိန်မှာ သူတို့တပ်ထဲမှာရှိတဲ့ အမျိုးသမီးတွေ ကလေးတွေ တပ်မိသားစုတွေကို ဒိုင်းကာလိုပုံစံမျိုးထားပြီး အညံ့မခံတဲ့သဘောမှာရှိတယ်။ ဖာပွန်ဗျူဟာရဲ့ဗျူဟာမှူးက ပြောရရင် တကိုယ်ကောင်းဆန်တယ်ပြောရမယ်။ ဒီဗျူဟာမှူးက သူတို့ရဲ့တပ်မိသားစုတွေအပေါ်မှာမငဲ့ညှာဘူးပြောရမယ် ၊ ဒီဘက်က အကြိမ်ကြိမ်လမ်းဖွင့်ပေးခဲ့တယ် သူတို့ကြားနိုင်လောက်တဲ့အနေအထားနဲ့ အသံချဲစက်တွေနဲ့အော်ဟစ်ခဲ့ရတာတွေလည်းရှိတယ် လက်ရှိဗျူဟာမှူးကတော့ အတော်ဆိုးတယ် သူ့ရဲ့မိုက်ကန်းမှုကြောင့် တပ်ထဲက မိသားစုက စတေးနေရတာများတယ် ၊ အဲဒီနေရာကနေ ထွက်ပြေးလို့လဲမရဘူး အခြေအနေက အဲဒီလိုဖြစ်နေတာ၊ သူတို့က နောက်ဆုံးအနေနဲ့ တောင့်ခံမယ်ဆိုတာမျိုးပေါ့ ။ အမျိုးသမီးနဲ့ကလေးတွေကို ဒိုင်းကာလိုပုံစံမျိုးလုပ်ထားပြီးပြန်ခုခံတဲ့ပုံစံဖြစ်နေတယ်။”

ဖာပွန်ခရိုင်နဲ့ သံလွင်မြစ်တလျှောက်က စစ်တပ်ရဲ့စခန်း အကုန်နီးပါးကို ပူးပေါင်းတပ်တွေဘက်က သိမ်းပိုက်ထားတာဖြစ်သလို အခုနောက်ဆုံးကျန်နေတဲ့ စခန်းကြီးဖြစ်တဲ့ ဖာပွန်ဗျူဟာစခန်းက အရေးပါတဲ့စခန်းဖြစ်ပြီး ဒီစခန်းကျသွားရင်တော့ ဖာပွန်မြို့တခုလုံးကို အလုံးစုံ ပူပေါင်းတပ်တွေက ရရှိသွားမှာဖြစ်တယ်လို့လည်းပြောပါတယ်။

ဖာပွန်ကို အလုံးစုံမရသေးဘူး ဖာပွန်မြို့ထဲကို ဝင်နိုင်တာတော့ရှိပြီ ဗျူဟာမရသေးဘူး။ ဖာပွန်ဗျူဟာကအရေးပါတဲ့အနေထားလို့ပြောရမယ်။ ဖာပွန်ဗျူဟာရရင်အလုံးစုံရတဲ့သဘောဖြစ်မယ်။ လက်ရှိအနေအထားအရ ဖာပွန်ဗျူဟာက တောင့်ခံနေတဲ့အနေအထားဖြစ်နေတယ်”

ကေအန်ယူ တပ်မဟာ(၅)ထိန်းချုပ်နယ်မြေထဲမှာအောက်တိုဘာလအတွင်း ၁၉၉၂ခုနှစ်ကတည်းက တည်ထောင်ထားတဲ့ ခေါပုတ်စခန်းကိုလည်းပူးပေါင်းတပ်တွေဘက်က သိမ်းပိုက်ခဲ့ပြီး စစ်လက်နက်အများအပြား သိမ်းဆည်းနိုင်ခဲ့သလိုစစ်သုံ့ပန်း ၂၀ နီးပါးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဖာပွန်ဗျူဟာ သိမ်းပိုက်ရေး ကရင်ပူးပေါင်းတပ် ထိုးစစ်
please wait

No media source currently available

0:00 0:02:21 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG