သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငပလီမှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲပြင်းထန်


ငပလီမြို့
ငပလီမြို့

သံတွဲမြို့နဲ့ လေးမိုင်အကွာမှာ ငပလီကမ်းခြေအနီးမှာ ဒီရက်ပိုင်း အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး သံတွဲမြို့ဝန်းကျင်မှာ လက်နက်ကြီး ပစ်သံတွေ ကြားနေရတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား ၆ လ ကျော်ကြာ တိုက်ပွဲ အတွင်း ရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်ကို AA ဘက်က သိမ်းပိုက်ထားပြီးဖြစ်သလို တခြားသိမ်းပိုက်ဖို့ ကျန်ရှိတဲ့နေတဲ့ မြို့နယ်တွေကိုလည်း ဆက်လက် ပိတ်ဆို့ တိုက်ခိုက်နေပါတယ်။

နှစ်ဖက် ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေတော့ ထွက်မလာသေးပါဘူး။ လက်နက်ကိုင် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေ ထွက်နေပေမဲ့ စစ်ကောင်စီနဲ့ AA အကြား အပြန်အလှန် အပြစ်ဖို့နေပါတယ်။ တကြော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ၁၃ရက်နေ့ကနေ ၂၀၂၄ ခုနှစ် မေလ ၁၂ ရက်နေ့ ၆လတာကာလအတွင်း အရပ်သား ၁၈၇ ဦး သေဆုံးခဲ့ရသလို အရပ်သား ၃၈၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်AA ရဲ့ က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီရက်ပိုင်း စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှာ စစ်ကောင်စီဘက်က လူ ၇၀ ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အကြောင်း AA အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားပြီး ဒီသတင်းကို စစ်ကောင်စီက ငြင်းဆိုထားပါတယ်။ သီးခြားဖြစ်စဉ်တခုအနေနဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက် မူလတန်းကျောင်းထဲမှာ ဇွန်လ ၄ ရက်နေ့က လက်နက်ကြီးဗုံးသီးတလုံးကို တွေ့လို့ သယ်လာတဲ့အချိန် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အသက် ၉ နှစ်အရွယ် တတိယတန်း ကျောင်းသားတစ်ဦးသေဆုံးပြီး ကလေးငယ် ၂၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ငပလီမှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲပြင်းထန်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG