သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီအနီး စစ်ကောင်စီ အမြောက်တပ်စခန်းမှာ တိုက်ပွဲဖြစ်ပွား


မြဝတီမြို့အနီးတွေ့ရတဲ့ KNU ပူးပေါင်းတပ်ဖွဲ့ဝင်များ (စက်တင်ဘာ ၂၀၂၄)
မြဝတီမြို့အနီးတွေ့ရတဲ့ KNU ပူးပေါင်းတပ်ဖွဲ့ဝင်များ (စက်တင်ဘာ ၂၀၂၄)

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီရဲ့ အမြောက်တပ်ရှိရာ နေရာကို KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ရာက တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိတယ်လို့ ပြောပါတယ်။ မြဝတီမြို့အနီး တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

စစ်ကောင်စီရဲ့အမြောက်တပ်ကုန်းရှိတဲ့ စွယ်တော်ကုန်းစခန်းကို ကရင်အမျိုးသာလွတ်မြောက်ရေးတပ်နဲ့ PDF တွေပူးပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်းအပါအဝင် ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် စက်တင်ဘာလ ၂၉ရက်နေ့ညကတည်း ကတိုက်ပွဲတွေပြင်းထန်နေပါတယ် ။ စက်တင်ဘာလ ၃၀ရက်နေ့ မှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့ မျက်မြင်တွေ့ရသူဒေသခံတဦးက VOAကိုပြောပါတယ်။

"စွယ်တော်ကုန်းမှာ ဒီနေ့ နေ့လည်ဘက် ၂နာရီ ၄၅လောက်မှာ အဲဒီ နေရာမှာကျနော်ရှိနေတယ် ဂျက်လေယာဉ်၂စီးနဲ့ လာပစ်ချတာ လေယာဉ်နဲ့ဝဲပြီး ၃လုံးပစ်ချတယ် ပထမ ၂လုံးပစ်ချတယ် နောက်တစီးက နောက် တလုံးပစ်ချတယ်၊"

လက်နက်ကြီးတွေပစ်ခတ်မှုတွေကြောင့် ဒေသခံတွေကတော့ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့လည်းဆိုပါတယ်။

"ရွာသားတွေက မနေ့ညကတည်းကနေ အဲဒီနီးတဲ့နေရာက ရွာတွေက နယ်စပ်ဘက်ကိုထွက်ပြေးနေရတယ် ၊ ည ၉နာရီ ၁၅လောက်ကတည်းက စဖြစ်နေတာ လက်နက်ကြီးတွေပစ်နေတာ တိုက်ပွဲကတော့ပြင်းထန်နေတယ်၊ ပူးပေါင်းတပ်တွေရှိမယ့်နေရာတွေကိုပစ်နေတာ ရွာထဲတွေကိုတော့မကျဘူး ရွာပြင်ဘက်တွေကိုတော့လက်နက်ကျည်ဆံတွေကျနေတယ်"

မြဝတီက တိုက်ပွဲတွေ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စက်တင်ဘာ ၁၃ရက်ကလည်း အဲဒီနေရာမှာပဲ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက Y-12 လေယာဉ်နဲ့ဗုံးကြဲခဲ့ပါတယ်။ အဲဒီစွယ်တော်ကုန်းအမြှောက်တပ်ကနေ လက်နက်ကြီးတွေ မကြာခဏ ပစ်နေတဲ့အတွက်ပူးပေါင်းတပ်တွေက အဲဒီနေရာကို ပိတ်ဆို့ပြီး တက်သိမ်းဖို့ ကြိုးစားနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG