သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fire စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Idiom on Fire
Idiom on Fire

Fire စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်း

ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ မီး (Fire) စကားလုံးဆိုင်ရာ အီဒီယံများဖြစ်တဲ့ To Come under fire, The Fat is in the fireနဲ့ To Hold one’s fire တို့ကို တင်ပြထားပါတယ်။

(၁) To come under fire

To come (ဖြစ်ဖို့ ရှိတာ) ၊

under (အောက်)၊

fire က (သာမန်အားဖြင့် မီး လို့ အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာ သေနတ်နဲ့ ပစ်ခတ်တာ) ကို ဆိုလိုတဲ့အတွက် စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သေနတ်ပစ်ခတ်ခံရတဲ့အောက်ကို ရောက်နေတာ ဖြစ်ပါတယ်။

ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ လူတဦးအနေနဲ့ အပြစ်တခုခု လုပ်မိလို့ ဝိုင်း ပြစ်တင်ဝေဖန်ခံရ၊ အပြောခံရ၊ သူများထောက်ပြ ပြစ်တင်ခံစရာ ဘဝမျိုးရောက်တဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာဘန်းစကားမှာတော့ အထောင်းခံရတယ်၊ အဆူခံရတယ် ၊ အဟောက်ခံရတယ် ဆိုတဲ့အသုံးနဲ့ဆင်တူတယ်လို့ ဆိုရမှာပါ။

ဥပမာ

The Prime Minister came under fire when he announced a postponement of the elections.

ဝန်ကြီးချုပ်က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ ကြေညာလိုက်တဲ့အတွက် ဝိုင်းပြစ်တင်ဝေဖန်ခံခဲ့ရတယ်။

(၂) The fat is in the fire

The fat (အဆီ)၊

is (ဖြစ်တာ)၊

in (အထဲမှာ)၊

the fire (မီး) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မီးထဲကိုအဆီကျတာ ဖြစ်ပါတယ်။

အဆီဟာ မီးထဲကျတဲ့ဆိုရင် ပျော်ပြီး မီးထတောက်စေပါတယ်။ မီးဆိုတာ အများအားဖြင့် ပြဿနာနှင့်တင်စားပြောလေ့ရှိတဲ့အတွက်လည်း ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က မလွဲမသွေပြဿနာတက်တော့မှာ ၊ ဒုက္ခရောက်တော့မှာကို ဆိုလိုတာဖြစ်ပါတယ်။ တနည်းအကျိုးနဲတဲ့ အခြေအနေကိုရောက်တာဖြစ်ပါတယ်။

ဥပမာ

The fat is in the fire! John’s son has dropped out of college and got married!

ဒုက္ခကြီးတော့ လှလှကြီး တွေ့တော့မယ်၊ John ရဲ့သားက ကောလိပ်ကျောင်းကိုဆက်မတက်တော့ဘဲ မိန်းမလည်း ယူလိုက်တယ်။

(၃) To Hold one’s fire

To hold (ဆိုင်းထားပါ၊ ရပ်ထားပါ) ၊

one’s (တဦးတယောက်ရဲ့) ၊

fire (သေနတ်ပစ်ခတ်မှု) ဖြစ်ပြီး ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတဦးရဲ့ သေနတ်ပစ်ခတ်မှုကို ရပ်ထားပါ၊ ဆိုင်းထားပါလို့ ပြောတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး ။ဝိုင်းပြီး ဆူဆဲတိုက်ခိုက်ပြောဆိုနေတာတွေကို ခေတ္တဆိုင်းထားဖို့၊ ရပ်ထားဖို့ ပြောတာဖြစ်ပါတယ်။

ဥပမာ


Mary was told by her mother to hold her fire and listen to her brother’s explanation first.

Mary အနေနဲ့ ရန်တွေ့ဖို့ စိတ်မစောဘဲ သူ့မောင် ရှင်းပြတာကို ပထမ နားထောင်ဖို့ သူ့အမေက ပြောလိုက်တယ်။ ------------------------------------------------------------------------------------------

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG