အရပ္သားေတြ တရားဝင္ေသနတ္ကိုင္ခြင့္ရမယ့္ လိုင္စင္နဲ႔ လက္နက္ခဲယမ္းကိုင္ေဆာင္ခြင့္ဥပေဒကို ျပင္ဆင္အတည္ျပဳလိုက္ၿပီးေနာက္၊ နည္းဥပေဒ စည္းကမ္းသတ္မွတ္ခ်က္ေတြ ထပ္မံထုတ္ျပန္သြားၿပီးရင္ေတာ့ လက္နက္ကိုင္ေဆာင္မႈနဲ႔ တင္သြင္းခြင့္ေတြ စတင္ခြင့္ျပဳမွာျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရက VOA ကို ေျပာပါတယ္။ လက္နက္ေတြတရားဝင္ကိုင္ေဆာင္ခြင့္ေပးလိုက္တာေၾကာင့္ မတည္ၿငိမ္မႈေတြ ပိုဆိုးလာမလား စိုးရိမ္တာေတြလည္းရွိေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တာကို အေျခခံၿပီး ကိုေဇာ္၀င္းလႈိင္က တင္ဆက္ေပးမွာပါ။
ျမန္မာႏိုင္ငံမွာ အရပ္သားေတြကို ေသနတ္ကိုင္ေဆာင္ခြင့္ လိုင္စင္ထုတ္ေပးဖို႔ ခြင့္ျပဳတဲ့ ဥပေဒမူတရပ္ကို အေရးေပၚကာလႏွစ္ႏွစ္ျပည့္ၿပီးခ်ိန္မွာ စစ္ေကာင္စီက ျပန္လည္ျပင္ဆင္အတည္ျပဳခဲ့တာပါ။ လက္ရွိတိုင္းျပည္လိုအပ္ခ်က္အရ ဒါကိုျပန္လည္ အသက္သြင္းတာျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။ ေနာက္ထပ္လိုက္နာရမယ့္ စည္းကမ္းသတ္မွတ္ခ်က္ေတြကို ထပ္မံထုတ္ျပန္သြားၿပီးရင္ လက္နက္ ကိုင္ေဆာင္ခြင့္နဲ႔ တင္သြင္းခြင့္ေတြ စတင္ခြင့္ျပဳမွာ ျဖစ္တယ္လို႔ သူကေျပာပါတယ္။
"မွန္ပါတယ္။ ၁၉၇၇ကထုတ္ျပန္ခဲ့တဲ့ ဥပေဒရွိပါတယ္။ အဲမွာလိုအပ္တဲ့ေခတ္အေျခအေနနဲ႔မကိုက္ညီတာေတြကိုျပဳျပင္ေျပာင္းလဲၿပီး ျပန္လည္ထုတ္ျပန္တာျဖစ္ပါတယ္။ ဒီဟာေတြအတြက္ကေတာ့ က်ေနာ္ တို႔ေနာက္ထပ္ သီးသန႔္လုပ္ထုံးလုပ္နည္းေတြ ထုတ္ျပန္ပါလိမ့္မယ္ဗ်။ လုပ္ထုံးလုပ္နည္းအရ ဘယ္လို ေလွ်ာက္ထားရမလဲဆိုတာမ်ိဳးေတြ အေသးစိတ္ဘယ္လိုလုပ္ရမလဲဆိုတာကိုေတာ့ လုပ္ထုံးလုပ္နည္းနဲ႔ ထပ္ရွိလာဦးမယ္ျဖစ္ပါတယ္။"
အရပ္သားျပည္သူေတြ တရားဝင္လက္နက္ကိုင္ခြင့္ကို ရွစ္ေလးလုံးအေရးအခင္းကာလအလြန္ကစလို႔ ႏွစ္ေပါင္း ၃၀ ေက်ာ္ ကန႔္သတ္ထိန္းခ်ဳပ္ထားခဲ့တာျဖစ္ပါတယ္။ ဒီဥပေဒမွာ ထူးျခားခ်က္ေတြရွိေနၿပီး အထူးျခားဆုံးကေတာ့ လက္ဝယ္ရွိေနတဲ့ေသနတ္ေတြကိုပါ လိုင္စင္နဲ႔ကိုင္ေဆာင္ခြင့္ေပးမယ့္ကိစၥပါ။
ဥပေဒအသစ္အရ လက္နက္ကိုင္ဖို႔ လိုင္စင္ေလွ်ာက္ခ်င္ရင္ ဝန္ထမ္းမဟုတ္သူေတြက ရပ္ကြက္ ေထာက္ခံစာနဲ႔ရဲစခန္းေထာက္ခံစာယူၿပီး ၿမိဳ႕နယ္ရဲစခန္းမွာ လိုင္စင္ေလွ်ာက္ရမွာျဖစ္ပါတယ္။ ဝန္ထမ္းေတြအတြက္ကေတာ့ သက္ဆိုင္ရာဝန္ထမ္း အဖြဲ႕အစည္း အႀကီးအကဲရဲ႕ ေထာက္ခံခ်က္ပါရွိရမွာျဖစ္ပါတယ္။
လက္နက္ကိုင္ေဆာင္ခြင့္အတြက္အရည္အခ်င္းျပည့္မီသူေတြကို လိုင္စင္နဲ႔ ကိုင္ခြင့္ျပဳတဲ့ ေသနတ္အမ်ိဳးအစားေတြထဲက ႀကိဳက္ႏွစ္သက္ရာ ေသနတ္အမ်ိဳးအစား ၃ လက္အထိ ကိုင္ေဆာင္ခြင့္ျပဳထားပါတယ္။ ဝန္ထမ္းေတြကေတာ့ လိုင္စင္နဲ႔ ကိုင္ေဆာင္ခြင့္ျပဳတဲ့ ေသနတ္အမ်ိဳးအစားေတြထဲက ၃ လက္အျပင္ ပါမစ္နဲ႔ ကိုင္ေဆာင္ခြင့္ျပဳတဲ့ ေသနတ္အမ်ိဳးအစားတစ္လက္ကိုပါ ကိုင္ေဆာင္ခြင့္ရမယ္လို႔ ဥပေဒသစ္မွာ ေဖာ္ျပထားပါတယ္။
တပ္က အၿငိမ္းစားယူသူေတြကိုေတာ့ စစ္ဘက္လိုင္စင္နဲ႔ ကိုင္ထားတဲ့ ကိုယ္ပိုင္ေသနတ္ေတြကို အရပ္ဘက္လိုင္စင္နဲ႔ ဆက္လက္ ကိုင္ေဆာင္ခြင့္ျပဳဖို႔ ေလွ်ာက္ထားႏိုင္မွာျဖစ္ပါတယ္။ အဖြဲ႕အစည္းအေနနဲ႔ ကိုင္ေဆာင္ခြင့္ျပဳမယ့္ ေသနတ္ေတြအတြက္ ပါမစ္ေလွ်ာက္ထားရင္ေတာ့ ျပည္နယ္နဲ႔ တိုင္းေဒသ ႀကီးရဲတပ္ဖြဲ႕မႉးကေန ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဌာနခ်ဳပ္ကတစ္ဆင့္ ျပည္ထဲေရး ဝန္ႀကီးဌာနကို တင္ျပရမယ္လို႔ ေဖာ္ျပထားပါတယ္။
လိုင္စင္နဲ႔ ကိုင္ေဆာင္ခြင့္ျပဳတဲ့ ေသနတ္အမ်ိဳးအစားနဲ႔ ပါမစ္နဲ႔ ကိုင္ေဆာင္ခြင့္ျပဳတဲ့ ေသနတ္အမ်ိဳးအစား ဆိုၿပီး ႏွစ္မ်ိဳးခြဲထားၿပီး လိုင္စင္သက္တမ္းက တစ္ႏွစ္ ျဖစ္ပါတယ္။ လိုင္စင္နဲ႔ေရာ ပါမစ္နဲ႔ပါခ်ထားေပးတဲ့ ေသနတ္ေတြမွာ စႏိုက္ပါနဲ႔ အသံတိတ္ကိရိယာေတြ တပ္ဆင္အသုံးျပဳခြင့္ မျပဳထားပါဘူး။
စစ္ေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ လုံၿခဳံေရး အရျပည္သူလူထုရဲ႕ ေတာင္းဆိုမႈေတြမ်ားျပားလာလို႔ ဒီဥပေဒကိုျပင္ဆင္ထုတ္ျပန္ရတာလို႔ ေျပာပါတယ္။
"အခုအခ်ိန္မွာ NUG CRPH အၾကမ္းဖက္အဖြဲ႕ေတြအေနနဲ႔ သာမန္ျပည္သူလူထုအေပၚ ဒလန္လို႔စြပ္စြဲၿပီး သတ္ျဖတ္ေနတာေတြ႕ရတယ္။ မိမိကိုယ္ကိုခုခံကာကြယ္ပိုင္ခြင့္မွာ ညီမွ်ေသာ ခုခံကာကြယ္ပိုင္ခြင့္ ေပးရမွာျဖစ္တယ္။ ဒီဟာမွာ ျပည္သူလူထုဘက္ကေတာင္းဆိုလာတာေတြရွိတယ္။ အသက္နဲ႔ စည္းစိမ္ ဥစၥာ မိမိရဲ႕ကာကြယ္ခုခံခြင့္ကိုၿခိမ္းေျခာက္ေနတဲ့ အျပဳအမူေတြရွိလာတယ္။ ဒါေတြေၾကာင့္မို႔ သင့္ေတာ္ မယ့္သူေတြ ႏိုင္ငံေတာ္အေပၚသစၥာေစာင့္သိမယ့္သူေတြ ေနာက္ေစာင့္ထိန္းႏိုင္သူေတြဒါေတြကိုက်ေနာ္ တို႔ေပးမွာျဖစ္တယ္။"
ဥပေဒအရ လက္နက္ကိုင္ေဆာင္ခြင့္ေပးထားတဲ့ အေမရိကန္လို ႏိုင္ငံမ်ိဳးမွာေတာင္ လက္နက္ကိုင္ေဆာင္မႈကန႔္သတ္ဖို႔ ေတာင္းဆိုမႈေတြရွိေနခ်ိန္၊ ျမန္မာႏိုင္ငံလို ပဋိပကၡအရွိန္ျမင့္ေနတဲ့ ႏိုင္ငံမွာ လက္နက္ကိုင္ေဆာင္ခြင့္ျပဳလိုက္တဲ့အေပၚ ဥပေဒပညာရွင္တဦးျဖစ္တဲ့ ဦးခင္ေမာင္ျမင့္ကေတာ့ ခုလို သုံးသပ္လိုက္ပါတယ္။
"အေကာင္းဘက္ကျဖစ္ထြန္းလာဖို႔ေတာ့ ဘာတစ္ခုမွမရွိဘူး။ အဆိုးဘက္ကေတာ့ ဘယ္ေလာက္ထိ ဆိုးသြားႏိုင္မလဲဆိုရင္ လက္နက္ေတြကိုင္ေဆာင္ၿပီးေတာ့မွ ျပည္တြင္းမွာ တရားဥပေဒစိုးမိုးမႈလုံးဝ ပ်က္သုန္းသြားၿပီးေတာ့မွ မတည္မၿငိမ္မႈေတြပိုတိုးပြားလာမယ္။ လက္နက္သေဘာသဘာဝအရ ကိုင္ေဆာင္သူကိုေသြးႂကြေစတဲ့အတြက္ အလြယ္တကူပစ္တာခတ္တာေတြ ျဖစ္လာမယ္။ ၾကားထဲမွာ ႏိုင္ငံသားေတြအတြက္ကေတာ့ အဖက္ဖက္က ဟိုဘက္ဒီဘက္ ၂ ဖက္စလုံးကိုေၾကာက္႐ြံထိတ္လန႔္တာေတြ ေတာ္ေတာ္ကိုဒုကၡမ်ားမယ့္အေျခအေန အႏၲရာယ္ႀကီးတဲ့အေျခအေနလို႔ျမင္ပါတယ္။"
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ လက္နက္ကိုလိုင္စင္နဲ႔ခြင့္ျပဳလိုက္လို႔ ပဋိပကၡေတြ ပိုမ်ားလာမွာ ေသြးထြက္သံယိုမႈေတြပိုမ်ားလာမယ္ဆိုတဲ့ အယူအဆကို လက္မခံပါဘူး။ ႏိုင္ငံတကာစံႏႈန္း စံထားအတိုင္း စည္းမ်ဥ္းထုတ္ထားလို႔ ျပႆနာမရွိႏိုင္ဘူးလို႔ သူကေျပာပါတယ္။
"ဒီအတြက္ကေတာ့ဘာမွျဖစ္လာႏိုင္စရာအေၾကာင္းမရွိပါဘူး။ဒါလုပ္ေဆာင္ရမယ့္ .ကိစၥတခုျဖစ္တယ္ လို႔ဘဲက်ေနာ္တို႔ခံယူပါတယ္။ က်ေနာ္တို႔အေနနဲ႔ စည္းမ်ဥ္းစည္းကမ္းေတြကိုျပန္ၾကည့္မယ္ဆိုရင္ က်ေနာ္တို႔သည္ႏိုင္ငံတကာစံခ်ိန္စံႏႈန္းထက္တစ္ခုမွမေလ်ာ့နည္းဘူးလို႔ေျပာခ်င္ပါတယ္။"
အရပ္သားေတြကို ေသနတ္ကိုင္ခြင့္ျပဳတာဟာ စစ္ေကာင္စီကို လိုလားတဲ့ အဖြဲ႕ေတြကို အခြင့္အာဏာေပးရာ ေရာက္ႏိုင္ၿပီး ႏိုင္ငံတဝန္း ျဖစ္ေပၚေနတဲ့ စစ္တပ္နဲ႔ လက္နက္ကိုင္ေတာ္လွန္ေရးတပ္ဖြဲ႕ေတြၾကား ေန႔စဥ္နီးပါး အျပန္အလွန္ တိုက္ခိုက္မႈေတြကို ပိုၿပီးအရွိန္ျမင့္လာမွာ စိုးရိမ္ရတယ္လို႔ ႏိုင္ငံေရးေလ့လာသူတခ်ိဳ႕က သုံးသပ္ေျပာဆိုၾကပါတယ္။
{Unicode}
မြန်မာနိုင်ငံတွင်း အရပ်သားလက်နက်ကိုင်ဆောင်ခွင့် ဥပဒေအရ ခွင့်ပြုမည်
ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)
အရပ်သားတွေ တရားဝင်သေနတ်ကိုင်ခွင့်ရမယ့် လိုင်စင်နဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ဥပဒေကို ပြင်ဆင်အတည်ပြုလိုက်ပြီးနောက်၊ နည်းဥပဒေ စည်းကမ်းသတ်မှတ်ချက်တွေ ထပ်မံထုတ်ပြန်သွားပြီးရင်တော့ လက်နက်ကိုင်ဆောင်မှုနဲ့ တင်သွင်းခွင့်တွေ စတင်ခွင့်ပြုမှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက VOA ကို ပြောပါတယ်။ လက်နက်တွေတရားဝင်ကိုင်ဆောင်ခွင့်ပေးလိုက်တာကြောင့် မတည်ငြိမ်မှုတွေ ပိုဆိုးလာမလား စိုးရိမ်တာတွေလည်းရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တာကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ဆက်ပေးမှာပါ။
မြန်မာနိုင်ငံမှာ အရပ်သားတွေကို သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ထုတ်ပေးဖို့ ခွင့်ပြုတဲ့ ဥပဒေမူတရပ်ကို အရေးပေါ်ကာလနှစ်နှစ်ပြည့်ပြီးချိန်မှာ စစ်ကောင်စီက ပြန်လည်ပြင်ဆင်အတည်ပြုခဲ့တာပါ။ လက်ရှိတိုင်းပြည်လိုအပ်ချက်အရ ဒါကိုပြန်လည် အသက်သွင်းတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။ နောက်ထပ်လိုက်နာရမယ့် စည်းကမ်းသတ်မှတ်ချက်တွေကို ထပ်မံထုတ်ပြန်သွားပြီးရင် လက်နက် ကိုင်ဆောင်ခွင့်နဲ့ တင်သွင်းခွင့်တွေ စတင်ခွင့်ပြုမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။
"မှန်ပါတယ်။ ၁၉၇၇ကထုတ်ပြန်ခဲ့တဲ့ ဥပဒေရှိပါတယ်။ အဲမှာလိုအပ်တဲ့ခေတ်အခြေအနေနဲ့မကိုက်ညီတာတွေကိုပြုပြင်ပြောင်းလဲပြီး ပြန်လည်ထုတ်ပြန်တာဖြစ်ပါတယ်။ ဒီဟာတွေအတွက်ကတော့ ကျနော် တို့နောက်ထပ် သီးသန့်လုပ်ထုံးလုပ်နည်းတွေ ထုတ်ပြန်ပါလိမ့်မယ်ဗျ။ လုပ်ထုံးလုပ်နည်းအရ ဘယ်လို လျှောက်ထားရမလဲဆိုတာမျိုးတွေ အသေးစိတ်ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ လုပ်ထုံးလုပ်နည်းနဲ့ ထပ်ရှိလာဦးမယ်ဖြစ်ပါတယ်။"
အရပ်သားပြည်သူတွေ တရားဝင်လက်နက်ကိုင်ခွင့်ကို ရှစ်လေးလုံးအရေးအခင်းကာလအလွန်ကစလို့ နှစ်ပေါင်း ၃၀ ကျော် ကန့်သတ်ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေမှာ ထူးခြားချက်တွေရှိနေပြီး အထူးခြားဆုံးကတော့ လက်ဝယ်ရှိနေတဲ့သေနတ်တွေကိုပါ လိုင်စင်နဲ့ကိုင်ဆောင်ခွင့်ပေးမယ့်ကိစ္စပါ။
ဥပဒေအသစ်အရ လက်နက်ကိုင်ဖို့ လိုင်စင်လျှောက်ချင်ရင် ဝန်ထမ်းမဟုတ်သူတွေက ရပ်ကွက် ထောက်ခံစာနဲ့ရဲစခန်းထောက်ခံစာယူပြီး မြို့နယ်ရဲစခန်းမှာ လိုင်စင်လျှောက်ရမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေအတွက်ကတော့ သက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်း အကြီးအကဲရဲ့ ထောက်ခံချက်ပါရှိရမှာဖြစ်ပါတယ်။
လက်နက်ကိုင်ဆောင်ခွင့်အတွက်အရည်အချင်းပြည့်မီသူတွေကို လိုင်စင်နဲ့ ကိုင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားတွေထဲက ကြိုက်နှစ်သက်ရာ သေနတ်အမျိုးအစား ၃ လက်အထိ ကိုင်ဆောင်ခွင့်ပြုထားပါတယ်။ ဝန်ထမ်းတွေကတော့ လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားတွေထဲက ၃ လက်အပြင် ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားတစ်လက်ကိုပါ ကိုင်ဆောင်ခွင့်ရမယ်လို့ ဥပဒေသစ်မှာ ဖော်ပြထားပါတယ်။
တပ်က အငြိမ်းစားယူသူတွေကိုတော့ စစ်ဘက်လိုင်စင်နဲ့ ကိုင်ထားတဲ့ ကိုယ်ပိုင်သေနတ်တွေကို အရပ်ဘက်လိုင်စင်နဲ့ ဆက်လက် ကိုင်ဆောင်ခွင့်ပြုဖို့ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အဖွဲ့အစည်းအနေနဲ့ ကိုင်ဆောင်ခွင့်ပြုမယ့် သေနတ်တွေအတွက် ပါမစ်လျှောက်ထားရင်တော့ ပြည်နယ်နဲ့ တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးကနေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကတစ်ဆင့် ပြည်ထဲရေး ဝန်ကြီးဌာနကို တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။
လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစားနဲ့ ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစား ဆိုပြီး နှစ်မျိုးခွဲထားပြီး လိုင်စင်သက်တမ်းက တစ်နှစ် ဖြစ်ပါတယ်။ လိုင်စင်နဲ့ရော ပါမစ်နဲ့ပါချထားပေးတဲ့ သေနတ်တွေမှာ စနိုက်ပါနဲ့ အသံတိတ်ကိရိယာတွေ တပ်ဆင်အသုံးပြုခွင့် မပြုထားပါဘူး။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လုံခြုံရေး အရပြည်သူလူထုရဲ့ တောင်းဆိုမှုတွေများပြားလာလို့ ဒီဥပဒေကိုပြင်ဆင်ထုတ်ပြန်ရတာလို့ ပြောပါတယ်။
"အခုအချိန်မှာ NUG CRPH အကြမ်းဖက်အဖွဲ့တွေအနေနဲ့ သာမန်ပြည်သူလူထုအပေါ် ဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်နေတာတွေ့ရတယ်။ မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်မှာ ညီမျှသော ခုခံကာကွယ်ပိုင်ခွင့် ပေးရမှာဖြစ်တယ်။ ဒီဟာမှာ ပြည်သူလူထုဘက်ကတောင်းဆိုလာတာတွေရှိတယ်။ အသက်နဲ့ စည်းစိမ် ဥစ္စာ မိမိရဲ့ကာကွယ်ခုခံခွင့်ကိုခြိမ်းခြောက်နေတဲ့ အပြုအမူတွေရှိလာတယ်။ ဒါတွေကြောင့်မို့ သင့်တော် မယ့်သူတွေ နိုင်ငံတော်အပေါ်သစ္စာစောင့်သိမယ့်သူတွေ နောက်စောင့်ထိန်းနိုင်သူတွေဒါတွေကိုကျနော် တို့ပေးမှာဖြစ်တယ်။"
ဥပဒေအရ လက်နက်ကိုင်ဆောင်ခွင့်ပေးထားတဲ့ အမေရိကန်လို နိုင်ငံမျိုးမှာတောင် လက်နက်ကိုင်ဆောင်မှုကန့်သတ်ဖို့ တောင်းဆိုမှုတွေရှိနေချိန်၊ မြန်မာနိုင်ငံလို ပဋိပက္ခအရှိန်မြင့်နေတဲ့ နိုင်ငံမှာ လက်နက်ကိုင်ဆောင်ခွင့်ပြုလိုက်တဲ့အပေါ် ဥပဒေပညာရှင်တဦးဖြစ်တဲ့ ဦးခင်မောင်မြင့်ကတော့ ခုလို သုံးသပ်လိုက်ပါတယ်။
"အကောင်းဘက်ကဖြစ်ထွန်းလာဖို့တော့ ဘာတစ်ခုမှမရှိဘူး။ အဆိုးဘက်ကတော့ ဘယ်လောက်ထိ ဆိုးသွားနိုင်မလဲဆိုရင် လက်နက်တွေကိုင်ဆောင်ပြီးတော့မှ ပြည်တွင်းမှာ တရားဥပဒေစိုးမိုးမှုလုံးဝ ပျက်သုန်းသွားပြီးတော့မှ မတည်မငြိမ်မှုတွေပိုတိုးပွားလာမယ်။ လက်နက်သဘောသဘာဝအရ ကိုင်ဆောင်သူကိုသွေးကြွစေတဲ့အတွက် အလွယ်တကူပစ်တာခတ်တာတွေ ဖြစ်လာမယ်။ ကြားထဲမှာ နိုင်ငံသားတွေအတွက်ကတော့ အဖက်ဖက်က ဟိုဘက်ဒီဘက် ၂ ဖက်စလုံးကိုကြောက်ရွံထိတ်လန့်တာတွေ တော်တော်ကိုဒုက္ခများမယ့်အခြေအနေ အန္တရာယ်ကြီးတဲ့အခြေအနေလို့မြင်ပါတယ်။"
ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လက်နက်ကိုလိုင်စင်နဲ့ခွင့်ပြုလိုက်လို့ ပဋိပက္ခတွေ ပိုများလာမှာ သွေးထွက်သံယိုမှုတွေပိုများလာမယ်ဆိုတဲ့ အယူအဆကို လက်မခံပါဘူး။ နိုင်ငံတကာစံနှုန်း စံထားအတိုင်း စည်းမျဉ်းထုတ်ထားလို့ ပြဿနာမရှိနိုင်ဘူးလို့ သူကပြောပါတယ်။
"ဒီအတွက်ကတော့ဘာမှဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ဒါလုပ်ဆောင်ရမယ့် .ကိစ္စတခုဖြစ်တယ် လို့ဘဲကျနော်တို့ခံယူပါတယ်။ ကျနော်တို့အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုပြန်ကြည့်မယ်ဆိုရင် ကျနော်တို့သည်နိုင်ငံတကာစံချိန်စံနှုန်းထက်တစ်ခုမှမလျော့နည်းဘူးလို့ပြောချင်ပါတယ်။"
အရပ်သားတွေကို သေနတ်ကိုင်ခွင့်ပြုတာဟာ စစ်ကောင်စီကို လိုလားတဲ့ အဖွဲ့တွေကို အခွင့်အာဏာပေးရာ ရောက်နိုင်ပြီး နိုင်ငံတဝန်း ဖြစ်ပေါ်နေတဲ့ စစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကြား နေ့စဉ်နီးပါး အပြန်အလှန် တိုက်ခိုက်မှုတွေကို ပိုပြီးအရှိန်မြင့်လာမှာ စိုးရိမ်ရတယ်လို့ နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ပြောဆိုကြပါတယ်။