ျမန္မာစစ္တပ္က ေ႐ြဘိုၿမိဳ႕နယ္အတြင္းက က်ား႐ြာ၊ ေက်ာက္ျမင့္႐ြာနဲ႔ တင့္တယ္႐ြာတို႔ကို ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔ကစၿပီး ၃ ရက္အတြင္း နယ္ေျမရွင္းလင္းေရးလုပ္ၿပီး မီးရႈိ႕ေနတာေၾကာင့္ အိမ္ေျခ ၁,၆၀၀ ေက်ာ္ မီးေလာင္သြားၿပီး ေဒသခံေတြဟာလည္း ေတာထဲကို ထြက္ေျပးေနၾကရတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို မဆုမြန္က ေျပာျပမွာပါ။
ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔ကစၿပီး အင္အား ၁၀၀ ေက်ာ္နဲ႔ စစ္ေၾကာင္းထိုးလာတဲ့ ျမန္မာစစ္ေကာင္စီတပ္ဟာ အိမ္ေျခ ၁၀၀၀ ေက်ာ္ရွိတဲ့ က်ား႐ြာကို လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ဝင္ေရာက္ၿပီး ေက်း႐ြာအတြင္းက ေနအိမ္ေတြကို မီးရႈိ႕ခဲ့တာေၾကာင့္ ေနအိမ္ ၁၀၀၀ ေလာက္ မီးေလာင္ကြၽမ္းခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔မွာ ေက်ာက္ျမင့္႐ြာနဲ႔ တင့္တယ္႐ြာတို႔ကို ဆက္တက္သြားၿပီး လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ဝင္ေရာက္ၿပီးေတာ့ ႐ြာ ၂ ႐ြာက အိမ္ေျခ ၆၀၀ ေက်ာ္ေလာက္ကို မီးရႈိ႕ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
"၁၂ ရက္ေန႔ ဝင္တာေလ၊ ၉ နာရီကစ ဝင္တာေလ။ က်ား႐ြာကေန ထြက္ၿပီးေတာ့ အဲ့ဒီကေနစၿပီး သူတို႔ လက္နက္ႀကီးေတြပစ္ၿပီးေတာ့ အကုန္လုံး စဝင္ အဲ့ဒီကေန အကုန္လုံး မီးေတြ တန္းရႈိ႕ေတာ့တာပဲ။ ေက်ာက္ျမင့္က အရင္စရႈိ႕လိုက္တာေပါ့။ ေက်ာက္ျမင့္ကေန စရႈိ႕တာ ေက်ာက္ျမင့္က အိမ္ေျခ ၁၀၀ ေက်ာ္ပါသြားၿပီးေတာ့ သူတို႔ အဲ့ဒီကေန စထြက္ ထြက္ၿပီးေတာ့ တခါ တင့္တယ္၊ တင့္တယ္ကေတာ့ အိမ္ေျခ ၅၀၀ ေပါ့ဗ်ာေနာ္။ ေဘးနားက ငါးဆူကုန္းဆိုတဲ့ ႐ြာေလး တစ္႐ြာရွိတယ္၊ အဲ့မွာေတာ့ ၁၇ လုံးပဲ ပါသြားတယ္။ ခု မီးၿငိမ္းေနၾကတုန္း ရွိပါေသးတယ္။ က်ား႐ြာက ၃ ႐ြာရွိတယ္၊ အေရွ႕႐ြာ၊ အလယ္႐ြာ ေခါင္႐ြာဆိုၿပီးေတာ့ အဲ့႐ြာႀကီးကို ရႈိ႕လိုက္တာက အိမ္ေျခ ၁၀၀၀ ပါဗ်။ အဲ့႐ြာက အိမ္ေျခ ၁၀၀၀ ေက်ာ္ေလာက္ေလးရွိတာ၊ ၁၀၀၀ ပါသြားတာပဲ။ သူကေတာ့ မ်ားတယ္၊ အဲ့ဒါက ၁၁ ရက္ေန႔ဗ်။"
ေက်ာက္ျမင့္ေက်း႐ြာဟာ အိမ္ေျခ ၂၀၀ ေက်ာ္ရွိတဲ့ ႐ြာျဖစ္ၿပီး အိမ္ေျခ ၁၀၀ ေလာက္မီးေလာင္ကြၽမ္းခဲ့သလို တင့္တယ္႐ြာက အိမ္ေျခ ၆၀၀ ဝန္းက်င္ ရွိတဲ့႐ြာျဖစ္ၿပီး ၅၀၀ ေလာက္ ေလာင္ကြၽမ္းခဲ့တာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ႐ြာအတြင္းက စပါးက်ီ၊ စပါးတိုက္ေတြလည္း မီးေလာင္သြားခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လက္ရွိမွာ အဲ့ဒီေက်း႐ြာေတြက ေဒသခံအမ်ားအျပားဟာ ေတာထဲကို ေျပးေရွာင္ေနၾကရၿပီး စားေသာက္ေရးနဲ႔ ေနထိုင္ေရးေတြအတြက္ အကူအညီမရၾကဘူးလို႔သိရပါတယ္။
"ျပည္သူေတြကေတာ့ အေစာႀကီးကတည္းက ေရွာင္လိုက္ၾကတာေပါ့ဗ်ာ။ ႀကိဳေရွာင္လိုက္ၾကတာ ျပည္သူ႔ ပကဖေတြက ႀကိဳေရွာင္ခိုင္းလိုက္တာေပါ့။ ဘယ္အဖြဲ႕ေတြကမွ (စားေသာက္ေနထိုင္ေရး အတြက္) လႉတယ္လို႔ေတာ့ ကြၽန္ေတာ္တို႔ သတင္းေတြမွာ တက္မလာေသးပါဘူး။"
စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ထိုးစစ္နဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ကိုင္းတိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ အေရ အတြက္ေတြက တေန႔ထက္တေန႔ ပိုၿပီးတိုးလာေနပါတယ္။ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF ေတြဟာ ဒီေဒသ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီးေတာ့လည္း ျမန္မာစစ္တပ္က စြပ္စြဲပါတယ္။ KIA နဲ႔ PDF ေတြဟာ ေက်း႐ြာေနအိမ္ေတြကို မီးရႈိ႕တယ္လို႔လည္း ျမန္မာစစ္ေကာင္စီက တန္ျပန္စြပ္စြဲတာရွိပါတယ္။
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ စစ္ကိုင္းတိုင္းဟာ စစ္ေဘးဒုကၡသည္ အမ်ားဆုံးတိုးလာတဲ့ ေဒသျဖစ္ၿပီးေတာ့ အေရအတြက္အားျဖင့္ စစ္ေဘးေရွာင္ဦးေရက ၈ သိန္းနီးပါး ရွိပါတယ္။ ဒီပမာဏဟာ စစ္ကိုင္းတိုင္းအတြင္းက လူဦးေရ စုစုေပါင္းရဲ႕ ၁၅ ရာခိုင္ႏႈန္းအထိ ရွိတာျဖစ္တယ္လို႔ ျမန္မာ့မဟာဗ်ဴဟာနဲ႔ မူဝါဒေလ့လာေရး အင္စတီက်ဳ ISP Myanmar က ေဖာ္ျပထားပါတယ္။
[Unicode]
ရွှေဘိုမြို့နယ်အတွင်း အိမ်ခြေ ၁,၆၀၀ စစ်ကောင်စီ မီးရှို့ဖျက်ဆီး
မြန်မာစစ်တပ်က ရွေဘိုမြို့နယ်အတွင်းက ကျားရွာ၊ ကျောက်မြင့်ရွာနဲ့ တင့်တယ်ရွာတို့ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစပြီး ၃ ရက်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ပြီး မီးရှို့နေတာကြောင့် အိမ်ခြေ ၁,၆၀၀ ကျော် မီးလောင်သွားပြီး ဒေသခံတွေဟာလည်း တောထဲကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန်က ပြောပြမှာပါ။
ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစပြီး အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ မြန်မာစစ်ကောင်စီတပ်ဟာ အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ ကျားရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၀၀၀ လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျောက်မြင့်ရွာနဲ့ တင့်တယ်ရွာတို့ကို ဆက်တက်သွားပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီးတော့ ရွာ ၂ ရွာက အိမ်ခြေ ၆၀၀ ကျော်လောက်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"၁၂ ရက်နေ့ ဝင်တာလေ၊ ၉ နာရီကစ ဝင်တာလေ။ ကျားရွာကနေ ထွက်ပြီးတော့ အဲ့ဒီကနေစပြီး သူတို့ လက်နက်ကြီးတွေပစ်ပြီးတော့ အကုန်လုံး စဝင် အဲ့ဒီကနေ အကုန်လုံး မီးတွေ တန်းရှို့တော့တာပဲ။ ကျောက်မြင့်က အရင်စရှို့လိုက်တာပေါ့။ ကျောက်မြင့်ကနေ စရှို့တာ ကျောက်မြင့်က အိမ်ခြေ ၁၀၀ ကျော်ပါသွားပြီးတော့ သူတို့ အဲ့ဒီကနေ စထွက် ထွက်ပြီးတော့ တခါ တင့်တယ်၊ တင့်တယ်ကတော့ အိမ်ခြေ ၅၀၀ ပေါ့ဗျာနော်။ ဘေးနားက ငါးဆူကုန်းဆိုတဲ့ ရွာလေး တစ်ရွာရှိတယ်၊ အဲ့မှာတော့ ၁၇ လုံးပဲ ပါသွားတယ်။ ခု မီးငြိမ်းနေကြတုန်း ရှိပါသေးတယ်။ ကျားရွာက ၃ ရွာရှိတယ်၊ အရှေ့ရွာ၊ အလယ်ရွာ ခေါင်ရွာဆိုပြီးတော့ အဲ့ရွာကြီးကို ရှို့လိုက်တာက အိမ်ခြေ ၁၀၀၀ ပါဗျ။ အဲ့ရွာက အိမ်ခြေ ၁၀၀၀ ကျော်လောက်လေးရှိတာ၊ ၁၀၀၀ ပါသွားတာပဲ။ သူကတော့ များတယ်၊ အဲ့ဒါက ၁၁ ရက်နေ့ဗျ။"
ကျောက်မြင့်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ရွာဖြစ်ပြီး အိမ်ခြေ ၁၀၀ လောက်မီးလောင်ကျွမ်းခဲ့သလို တင့်တယ်ရွာက အိမ်ခြေ ၆၀၀ ဝန်းကျင် ရှိတဲ့ရွာဖြစ်ပြီး ၅၀၀ လောက် လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာအတွင်းက စပါးကျီ၊ စပါးတိုက်တွေလည်း မီးလောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ အဲ့ဒီကျေးရွာတွေက ဒေသခံအများအပြားဟာ တောထဲကို ပြေးရှောင်နေကြရပြီး စားသောက်ရေးနဲ့ နေထိုင်ရေးတွေအတွက် အကူအညီမရကြဘူးလို့သိရပါတယ်။
"ပြည်သူတွေကတော့ အစောကြီးကတည်းက ရှောင်လိုက်ကြတာပေါ့ဗျာ။ ကြိုရှောင်လိုက်ကြတာ ပြည်သူ့ ပကဖတွေက ကြိုရှောင်ခိုင်းလိုက်တာပေါ့။ ဘယ်အဖွဲ့တွေကမှ (စားသောက်နေထိုင်ရေး အတွက်) လှူတယ်လို့တော့ ကျွန်တော်တို့ သတင်းတွေမှာ တက်မလာသေးပါဘူး။"
စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေ အတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ KIA နဲ့ PDF တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့တယ်လို့လည်း မြန်မာစစ်ကောင်စီက တန်ပြန်စွပ်စွဲတာရှိပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းဟာ စစ်ဘေးဒုက္ခသည် အများဆုံးတိုးလာတဲ့ ဒေသဖြစ်ပြီးတော့ အရေအတွက်အားဖြင့် စစ်ဘေးရှောင်ဦးရေက ၈ သိန်းနီးပါး ရှိပါတယ်။ ဒီပမာဏဟာ စစ်ကိုင်းတိုင်းအတွင်းက လူဦးရေ စုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်း အထိ ရှိတာဖြစ်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar က ဖော်ပြထားပါတယ်။