သံုးရလြယ္ကူေစသည့္ Link မ်ား

ပခုကၠဴၿမိဳ႕၊ ျမစ္ေျခ႐ြာမွာ စစ္ေကာင္စီနယ္ေျမရွင္းလင္းေရးလုပ္ေန


ပခုကၠဴၿမိဳ႕၊ ျမစ္ေျခရြာကို ၿဂိဳဟ္တုမွ ျမင္ရသည့္ျမင္ကြင္း

ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ ဝင္ေရာက္ တိုက္ခိုက္ခဲ့တဲ့ ပခုကၠဴၿမိဳ႕နယ္ ျမစ္ေျခၿမိဳ႕က ေက်း႐ြာေတြကို စစ္တပ္က နယ္ေျမရွင္းလင္းတာေတြ လုပ္ေနတယ္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက ေျပာပါတယ္။ ေက်း႐ြာေနအိမ္တခ်ိဳ႕လည္း မီးရႈိ႕ခံရတယ္လို႔ သိရပါတယ္။ ျမစ္ေျခၿမိဳ႕ရဲ႕ ေနာက္ဆုံးရ အေျခအေနကို ကိုၿငိမ္းခ်မ္းက ေျပာျပပါမယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁၁ ရက္က ပခုကၠဴၿမိဳ႕နယ္ ျမစ္ေျခၿမိဳ႕မွာရွိတဲ့ စစ္တပ္ရဲ႕ ျမင္းေမြးျမဴေရးတပ္ကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး၊ စစ္တပ္က ေလေၾကာင္းကေန ပစ္ကူတိုက္ခိုက္ခဲ့တဲ့အထိ တိုက္ပြဲေတြ ျပင္းထန္ခဲ့တာပါ။ အဲ့ဒီေနာက္ စစ္တပ္က တပ္အင္အားထပ္ျဖည့္တင္းၿပီး တပ္အနီးက ေက်း႐ြာေတြကို နယ္ေျမရွင္းလင္းေရးလုပ္ေနတယ္လို႔ ေဒါင္းရင္ေသြး ကာကြယ္ေရးအဖြဲ႕ တာဝန္ရွိသူက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ စခန္းသိမ္းတဲ့ကိစၥနဲ႔ပတ္သက္ၿပီးေတာ့ စစ္အင္အားေတြလည္း ပ်ဴေတြနဲ႔ စခေတြေပါ့။ အဲ့ေကာင္ေတြ စစ္ေၾကာင္းထိုးဖို႔အတြက္ ထပ္ၿပီးျဖည့္တင္းေနတယ္။ ဒီထဲမွာ စစ္ေၾကာင္းက အထပ္ထပ္ အခါခါ ညႇပ္ထိုးေနတယ္။ ျမစ္ေျခၿမိဳ႕အနီးတဝိုက္ေပါ့။ အေနာက္ဖက္ေတြေကာ ျပင္ေတြကာ အကုန္ပတ္ထိုးေနတယ္။ ျမစ္ေျခၿမိဳ႕ေပၚမွာလည္း စစ္အင္အားေတြတိုးတယ္ေပါ့။”

စစ္ေကာင္စီ ေမြးျမဴေရးတပ္ကို ေဒသကာကြယ္ေရးပူးေပါင္းအဖြဲ႕ေတြက တိုက္ခိုက္မႈမွာ စစ္တပ္ဘက္က ထိခိက္ေသဆုံးတာေတြရွိခဲ့ၿပီး လက္နက္အခ်ိဳ႕လည္း သိမ္းဆည္းရမယ္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြကေျပာပါတယ္။ ဒီအေျခအေနနဲ႔ပတ္သက္လို႔ စစ္ေကာင္စီက ဒီကေန႔အထိ သတင္းထုတ္ျပန္တာမရွိေသးပါဘူး။

ဒီလို တိုက္ခိုက္ခံရၿပီးေနာက္ရက္မွာ စစ္တပ္က အနီးဝန္းက်င္တဝိုက္ နယ္ေျမရွင္းလင္းေရးလုပ္ေနတာေၾကာင့္၊ ေမြးျမဴေရးတပ္အနီး ေက်း႐ြာ၁၀ ႐ြာထက္မနည္းက ေဒသခံအမ်ားအျပား ေက်း႐ြာက ေနအိမ္ေတြကို စြန႔္ခြာထြက္ေျပးေနရၿပီး ေနထိုင္စားေသာက္ေရးလည္း အခက္အခဲျဖစ္ေနပါတယ္။

ဒါ့အျပင္ တိုက္ခိုက္ခံခဲ့ရတဲ့ ေမြးျမဴေရးတပ္အနီးက စံျပေက်း႐ြာနဲ႔ ေညာင္နီပင္ေက်း႐ြာက ေနအိမ္အခ်ိဳ႕လည္း မီးရႈိ႕ခံရတာေတြရွိတယ္လို႔ စစ္ေဘးေရွာင္ကူညီေပးေနသူတဦးက အခုလို ေျပာပါတယ္။

“စံျပရယ္ ေညာင္နီပင္ရယ္ စံျပက ၁၂ ရက္ေန႔ အရႈိ႕ခံရတာ ေညာင္နီပင္ ၁ အိမ္ ၂ အိမ္က ဒီေန႔မွ အရႈိ႕ခံရတာ ၁၄ ရက္ေန႔ (စုစုေပါင္း) ၇၀ ေက်ာ္ ၇၆ လုံးေလာက္ပါမယ္ခင္ဗ်။ ေလာေလာဆယ္ဒီမွာက အခ်င္းခ်င္းပဲ ျပန္ကူညီၿပီးေတာ့ ရွာၿပီးေတာ့ စားေနၾကတာေပါ့။ ေလာေလာဆယ္ ေတာထဲေတြမွာ မိုးကာတဲေလးေတြ ထိုးၿပီးေနရတယ္။ မိုးကာတဲမရွိတဲ့သူေတြက ေျမျပင္မွာပဲအိပ္ရတာေပါ့။ ေလာေလာဆယ္ ကြၽန္ေတာ္တို႔ ႐ြာနားေတြ မကပ္ရဲေသးဘူး။ ဒီေကာင္ေတြ ႐ြာနားမွာ ကင္းပုန္းေတြခ်တယ္လို႔ၾကားတယ္။”

စစ္တပ္က မီးရႈိ႕တာေၾကာင့္ အိမ္ေျခ ၈၀ နီးပါးရွိတဲ့ စံျပေက်း႐ြာဟာ အိမ္ေျခ ၇၀ ေက်ာ္မီးေလာင္ကြၽမ္းသြားၿပီး၊ လက္ရွိအခ်ိန္မွာ ေက်း႐ြာအတြင္း စစ္ေကာင္စီတပ္ရွိေနတဲ့အတြက္ ေက်း႐ြာထဲျပန္မဝင္ႏိုင္ေသးဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီ ၂ ရက္ စစ္ေကာင္စီက မေကြးတိုင္း စစ္ကိုင္းတိုင္း နဲ႔ ခ်င္းျပည္နယ္တို႔က ၿမိဳ႕နယ္ အခ်ိဳ႕ကို စစ္အုပ္ခ်ဳပ္ေရး ေၾကျငာၿပီးခ်ိန္ကစလို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီအၾကား တိုက္ပြဲေတြ အဆက္မျပတ္ျဖစ္ပြားေနၿပီး စစ္တပ္ရဲ႕ တပ္ရင္းေတြအျပင္ စစ္တပ္ တပ္စြဲထားတဲ့ ရဲစခန္းနဲ႔ ေထြအုပ္႐ုံးေတြကို ဝင္ေရာက္တိုက္ခိုက္ခံေနရတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ပခုက္ကူမြို့၊ မြစ်ခြေရွာမှာ စစ်ကောင်စီနယ်မြေရှင်းလင်းရေးလုပ်နေ

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ပခုက္ကူမြို့နယ် မြစ်ခြေမြို့က ကျေးရွာတွေကို စစ်တပ်က နယ်မြေရှင်းလင်းတာတွေ လုပ်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ကျေးရွာနေအိမ်တချို့လည်း မီးရှို့ခံရတယ်လို့ သိရပါတယ်။ မြစ်ခြေမြို့ရဲ့ နောက်ဆုံးရ အခြေအနေကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်က ပခုက္ကူမြို့နယ် မြစ်ခြေမြို့မှာရှိတဲ့ စစ်တပ်ရဲ့ မြင်းမွေးမြူရေးတပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ စစ်တပ်က လေကြောင်းကနေ ပစ်ကူတိုက်ခိုက်ခဲ့တဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ အဲ့ဒီနောက် စစ်တပ်က တပ်အင်အားထပ်ဖြည့်တင်းပြီး တပ်အနီးက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ ဒေါင်းရင်သွေး ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကျွန်တော်တို့ စခန်းသိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ စစ်အင်အားတွေလည်း ပျူတွေနဲ့ စခတွေပေါ့။ အဲ့ကောင်တွေ စစ်ကြောင်းထိုးဖို့အတွက် ထပ်ပြီးဖြည့်တင်းနေတယ်။ ဒီထဲမှာ စစ်ကြောင်းက အထပ်ထပ် အခါခါ ညှပ်ထိုးနေတယ်။ မြစ်ခြေမြို့အနီးတဝိုက်ပေါ့။ အနောက်ဖက်တွေကော ပြင်တွေကာ အကုန်ပတ်ထိုးနေတယ်။ မြစ်ခြေမြို့ပေါ်မှာလည်း စစ်အင်အားတွေတိုးတယ်ပေါ့။”

စစ်ကောင်စီ မွေးမြူရေးတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ထိခိက်သေဆုံးတာတွေရှိခဲ့ပြီး လက်နက်အချို့လည်း သိမ်းဆည်းရမယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီက ဒီကနေ့အထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဒီလို တိုက်ခိုက်ခံရပြီးနောက်ရက်မှာ စစ်တပ်က အနီးဝန်းကျင်တဝိုက် နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့်၊ မွေးမြူရေးတပ်အနီး ကျေးရွာ၁၀ ရွာထက်မနည်းက ဒေသခံအများအပြား ကျေးရွာက နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရပြီး နေထိုင်စားသောက်ရေးလည်း အခက်အခဲဖြစ်နေပါတယ်။

ဒါ့အပြင် တိုက်ခိုက်ခံခဲ့ရတဲ့ မွေးမြူရေးတပ်အနီးက စံပြကျေးရွာနဲ့ ညောင်နီပင်ကျေးရွာက နေအိမ်အချို့လည်း မီးရှို့ခံရတာတွေရှိတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတဦးက အခုလို ပြောပါတယ်။

“စံပြရယ် ညောင်နီပင်ရယ် စံပြက ၁၂ ရက်နေ့ အရှို့ခံရတာ ညောင်နီပင် ၁ အိမ် ၂ အိမ်က ဒီနေ့မှ အရှို့ခံရတာ ၁၄ ရက်နေ့ (စုစုပေါင်း) ၇၀ ကျော် ၇၆ လုံးလောက်ပါမယ်ခင်ဗျ။ လောလောဆယ်ဒီမှာက အချင်းချင်းပဲ ပြန်ကူညီပြီးတော့ ရှာပြီးတော့ စားနေကြတာပေါ့။ လောလောဆယ် တောထဲတွေမှာ မိုးကာတဲလေးတွေ ထိုးပြီးနေရတယ်။ မိုးကာတဲမရှိတဲ့သူတွေက မြေပြင်မှာပဲအိပ်ရတာပေါ့။ လောလောဆယ် ကျွန်တော်တို့ ရွာနားတွေ မကပ်ရဲသေးဘူး။ ဒီကောင်တွေ ရွာနားမှာ ကင်းပုန်းတွေချတယ်လို့ကြားတယ်။”

စစ်တပ်က မီးရှို့တာကြောင့် အိမ်ခြေ ၈၀ နီးပါးရှိတဲ့ စံပြကျေးရွာဟာ အိမ်ခြေ ၇၀ ကျော်မီးလောင်ကျွမ်းသွားပြီး၊ လက်ရှိအချိန်မှာ ကျေးရွာအတွင်း စစ်ကောင်စီတပ်ရှိနေတဲ့အတွက် ကျေးရွာထဲပြန်မဝင်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် စစ်ကောင်စီက မကွေးတိုင်း စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်တို့က မြို့နယ် အချို့ကို စစ်အုပ်ချုပ်ရေး ကြေငြာပြီးချိန်ကစလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားနေပြီး စစ်တပ်ရဲ့ တပ်ရင်းတွေအပြင် စစ်တပ် တပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးတွေကို ဝင်ရောက်တိုက်ခိုက်ခံနေရတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG