ဒီကေန႔ ေဖေဖာ္ဝါရီ ၁၃ ရက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အသက္ ၁၀၈ ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ႏိုင္ငံတဝန္းက ေဒသတခ်ိဳ႕မွာ စစ္အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပၾကသလို ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြ ထိန္းခ်ဳပ္ႏိုင္တဲ့ ေဒသေတြက ေက်ာင္းေတြမွာ ဗိုလ္ခ်ဳပ္နဲ႔ ေတာ္လွန္ေရး အေၾကာင္းေတြ ေဟာေျပာတာေတြလည္း လုပ္ၾကတယ္လို႔ စစ္အာဏာရွင္ ဆန႔္က်င္ေရး အင္အားစုေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္က လာတဲ့သတင္းကို မဆုမြန္က ေျပာျပပါမယ္။
စစ္ကိုင္းတိုင္း ကနီနယ္မွာ "ငါတို႔သည္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းမ်ား" ဆိုတဲ့ ေခါင္းစီးစာတန္း ကိုင္ၿပီး ဒီကေန႔ ဗိုလ္ခ်ဳပ္ေမြးေန႔မွာ ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။ ဒီလိုလုပ္ခဲ့ၾကတဲ့ ရည္႐ြယ္ခ်က္ကို ကနီၿမိဳ႕နယ္ ေႏြဦးေတာ္လွန္ေရး သပိတ္အင္အားစု ဦးေဆာင္သူ ကိုျပည့္ေအာင္ႏိုင္က ခုလိုေျပာျပပါတယ္။
"ကြၽန္ေတာ္တို႔ ကနီနယ္ကေတာ့ စစ္အာဏာသိမ္းၿပီးကတည္းက ပုံစံမ်ိဳးစုံနဲ႔ သပိတ္စစ္ေၾကာင္းနဲ႔ ဆႏၵျပမႈေတြကို လုပ္တယ္ေပါ့၊ ခုလည္း လုပ္တယ္။ ကြၽန္ေတာ္တို႔ အေနနဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ေမြးေန႔မွာ ဘာလို႔ ဒီလိုလုပ္သလဲေပါ့၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ကြၽန္ေတာ္တို႔ အေနနဲ႔ မေမ့ဘူး၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဆိုတာ ကြၽန္ေတာ္တို႔ ဗိုလ္ခ်ဳပ္။ ဗိုလ္ခ်ဳပ္ဆိုတာ ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ အက်ိဳးကို ေဆာင္႐ြက္ခဲ့တဲ့ အာဇာနည္တစ္ဦးျဖစ္တယ္ေပါ့။ အဲ့အတြက္ေၾကာင့္မို႔လို႔ အာဇာနည္ဆိုတာက ဘယ္ေတာ့မွ မေသဘူး။ လူေသသြားေပမယ့္ နာမည္မေသဘူးဆိုတာကို ကြၽန္ေတာ္တို႔ လူထုကို ေျပာခ်င္တယ္။ အဲ့ေတာ့ ဒီ ျပည္သူလူထုေတြ အေနနဲ႔လည္းပဲ ငါတို႔ တေယာက္ခ်င္းစီတိုင္းဟာ ဒါအာဇာနည္ေတြ ျဖစ္ေနတယ္။ ငါတို႔ တေယာက္ခ်င္းစီတိုင္းဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေတြ ျဖစ္ကိုျဖစ္ရမယ္ဆိုတဲ့စိတ္ဓာတ္နဲ႔ ဒီေတာ္လွန္ေရးမွာ ပူးေပါင္းပါဝင္ေဆာင္႐ြက္ၿပီးေတာ့မွ သြာားဖို႔လိုတယ္ဆိုတဲ့ Message ေပးရင္းနဲ႔ ကြၽန္ေတာတို႔ ေသြးစည္းညီၫြတ္ေရး တရားေတြေဟာတယ္။ ကြၽန္ေတာ္တို႔ဟာ ဘယ္လိုပဲ အခ်ိန္ကာလေတြေျပာင္းေျပာင္း ဒီေတာ္လွန္ေရးကို သြားမွရမယ္ေပါ့၊ ဒီစိတ္ကိုေမြးဖို႔ ငါတို႔ဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေတြျဖစ္တယ္ဆိုၿပိးတာ့၊ ျဖစ္ဖို႔အတြက္ ႀကိဳးစားသင့္တယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ စစ္အာဏာရွင္ ဆန႔္က်င္ေရး သပိတ္နဲ႔ ဗိုလ္ခ်ဴပ္ေအာင္ဆန္းရဲ႕ ေမြးေန႔ အမွတ္တရ ျပဳလုပ္တာေပါ့ဗ်ာ။"
လက္နက္ကိုင္ေတာ္လွန္ေရးလုပ္ေနသူေတြေရာ လက္နက္မဲ့ေတာ္လွန္ေရး လုပ္ေနၾကသူေတြပါ ဗိုလ္ခ်ဳပ္ရဲ႕ နည္းလမ္းနဲ႔စိတ္ဓာတ္ကို အတုယူေလးစားဖို႔ လိုသလို အာဏာရွင္ကို လက္နက္ကိုင္ေတာ္လွန္ၾကရင္း ကိုယ္တိုင္ အာဏာရွင္ျဖစ္မသြားၾကဖို႔ အထူးသတိထားသင့္တယ္လို႔ ကိုျပည့္ေအာင္ႏိုင္က ခုလို ဆက္ေျပာပါတယ္။
"ကြၽန္ေတာ္တို႔ ေတာ္လွန္ေရးမွာ လက္နက္ကိုင္ေတာ္လွန္ေရး လက္နက္မဲ့ေတာ္လွန္ေရးေပါ့။ လက္နက္ကိုင္ေတာ္လွန္ေရးမွာက ပုံစံအမ်ိဳးမ်ိဳး လာရာလမ္းေတြကလည္း အမ်ိဳးမ်ိးဆိုေတာ့ ဗိုလ္ခ်ဳပ္ရဲ႕ လမ္းစဥ္အတိုင္းသြားဖို႔ဆိုတာ အမ်ားႀကီး လိုအပ္ပါေသးတယ္။ အေတာ္ကို ႀကိဳးစားရမယ္ ႐ုန္းကန္ရမယ့္ အေနအထားေတာ့ ရွိတယ္ေပါ့။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ျမန္မာေတြဟာ အစြဲေတြအမ်ားႀကီးနဲ႔ အရင္တုန္းကဆိုရင္ ပါတီအေရာင္ေတြ ခြဲတာမ်ိဳးေတြ၊ ဒါမ်ိဳးေတြ ရွိၾကတယ္ေပါ့၊ အခုလုပ္ေနတာမွာလည္း အခက္အခဲေတြ အမ်ားႀကီးရွိေနတယ္။ ဗိုလ္ခ်ဳပ္ခ်မွတ္ထားတဲ့ မူေဘာင္ေတြအတိုင္း ဗိုလ္ခ်ပ္ရဲ႕ စိတ္ဓာတ္ေတြ ႏွလုံးသားေတြ လိုမ်ိဳး ျပဳျပင္ေျပာင္းလဲဖို႔ဆိုရင္ ကြၽန္ေတာ္တို႔က အစ မိဘျပည္သူေတြ အေနနဲ႔ ေတာ္လွန္ေရးကို ျမန္ျမန္ၿပီးခ်င္ရင္ေတာ့ ျပတ္ျပတ္သားသားဆုံးျဖတ္ရမယ့္ အခ်ိန္ေရာက္ေနၿပီေပါ့၊ ၾကားေနလို႔ကေတာ့ ကြၽန္ေတာ္တို႔ မရဘူး။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္တို႔က ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ေမြးေန႔မွာ ကြၽန္ေတာ္တို႔ သႏၶဌာန္ခ်လိုက္ၾကပါ၊ ဗိုလ္ခ်ဳပ္ရဲ႕ စိတ္ဓာတ္မ်ိဳးေတြ ငါတို႔ေမြးမယ္၊ ျမန္ျမန္ၿပီးေအာင္ ငါတို႔ ျပတ္ျပတ္သားသားလုပ္မယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ ့သြားသင့္တယ္ေပါ့။ လက္နက္ကိုင္ေတာ္လွန္ေရးမွာ ပါဝင္ေနတဲ့သူေတြေရာ လက္နက္မဲ့ ေတာ္လွန္ေရးမွာ ပါဝင္ေနတဲ့သူေတြေရာ ကြၽန္ေတာ္တို႔ ေတာ္လွန္ေရးသမားေတြအားလုံး စာနာတတ္တဲ့ ႏွလုံးသားေတြရွိဖို႔ ကြၽန္ေတာ္တို႔ လိုအပ္တယ္လို႔ ေျပာခ်င္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အခ်ိန္ၾကာလာတာနဲ႔အမွ် အာဏာရွင္ကိုေတာ္လွန္ရင္းနဲ႔ အာဏာရွင္ဆန္ဆန္ျပဳလုပ္ေနတာမ်ိဳးေတြ လူအနညး္နဲ႔အမ်ား ရွိေကာင္းရွိႏုင္ပါတယ္။ ဒီေတာ့ခါ ကြၽန္ေတာ္တို႔ေတြ အေနနဲ႔က ျပည္သူေတြကို ဘက္ကန္ၿပီး အလုပ္လုပ္မယ္ဆိုရင္ ျပည္သူ႔က်ိန္စာေတြ သင့္တတ္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ လြတ္လပ္ေရး ဖခင္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဘယ္လိုျပဳမူဆက္ဆံခဲ့သလဲ ဗိုလ္ခ်ဳပ္ထုံးကိုႏွလုံးမူၿပီးတဲ့အခါမွာ အလုပ္လုပ္သင့္ပါတယ္လို႔ ကြၽန္ေတာ္က ေျပာခ်င္ပါတယ္။"
မုံ႐ြာလူထုသပိတ္တိုက္ပြဲ ဦးေဆာင္ေကာ္မတီကလည္း ဒီကေန႔ ဗိုလ္ခ်ဳပ္ေမြးေန႔မွာ NUG ရဲ႕ မူနဲ႔ တည္ေထာင္ထားတဲ့ ေက်ာင္းေတြကို သြားေရာက္ၿပီး ေတာ္လွန္ေရးအေၾကာင္းေတြနဲ႔ ဗိုလ္ခ်ဳပ္အေၾကာင္းေတြကို ေဟာေျပာတာေတြ လုပ္ခဲ့ၾကတယ္လို႔ မုံ႐ြာစီးပြားေရးတကၠသိုလ္ေက်ာင္းသားမ်ား သမဂၢ ဥကၠဌ ကိုရွင္းသန႔္က ခုလိုေျပာျပပါတယ္။
"ကြၽန္ေတာ္တို႔ မုံ႐ြာလူထုသပိတ္တိုက္ပြဲ ဦးေဆာင္ေကာ္မတီက ဒီ NUG က ဖြဲ႕ထားတဲ့ ေက်ာင္းေတြမွာ ေက်ာင္းသားေက်ာင္းသူေတြကို ဗိုလ္ခ်ဳပ္စိတ္ဓာတ္နဲ႔ ပတ္သက္ၿပီးေတာ့ ေမြးေန႔အထိမ္းအမွတ္ အမွတ္တရ စကားသြားေျပာတယ္ေပါ့ေလ။ ေက်ာင္းသားေက်ာင္းသူေတြအေနနဲ႔ ဒီေတာ္လွန္ေရးမွာ ဘယ္လို ပါဝင္လို႔ရတယ္ဆိုတာမ်ိဳးေတြ သြားၿပီးေတာ့ ေဟာေျပာတာေပါ့။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကလည္း သူ႔ရဲ႕ အရာအားလုံးကို တိုင္းျပည္နဲ႔ လူမ်ိဳးအေပၚမွာ ျမႇဳပ္ႏွံၿပီးေတာ့ တိုင္းျပည္လြတ္လပ္ေရး ရေအာင္ က်ိဳးပမ္းသြားတယ္ေပါ့ေလ၊ အခု ကြၽန္ေတာ္တို႔ ေႏြဦးေတာ္လွန္ေရးမွာလည္း စစ္အာဏာရွင္လက္ေအာက္က လြတ္ေျမာက္ေအာင္ ကြၽန္ေတာ္တို႔ ျပည္သူျပည္သားေတြအားလုံး ကြၽန္ေတာ္တို႔ ဗိုလ္ခ်ဳပ္လိုစိတ္နဲ႔ ကိုယ့္ရဲ႕ ကိုယ္စြမ္းဉာဏ္စြမ္းရွိသမွ် အၾကမ္းဖက္ အာဏာသိမ္း စစ္အုပ္စုေခါင္းေဆာင္ မင္းေအာင္လႈိင္လက္ေအာက္ကေန လြတ္ေျမာက္ဖို႔အတြက္ ဒီေႏြဦးေတာ္လွန္ေရးကို ပူးေပါင္းပါဝင္ၾကဖို႔ ေနာက္ျဖစ္လာမယ့္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုအသစ္မွာလည္း ႏိုင္ငံသစ္နဲ႔ ကိုက္ညီတဲ့ ႏိုင္ငံသားေတြ ျဖစ္လာေအာင္ ခုလိုမ်ိဳး ငယ္စဥ္ အေျခခံပညာ ေက်ာင္းသား ဘဝကတည္းက ကိုယ့္ရဲ႕ အသိစိတ္နဲ႔ကိုယ္ ျပဳျပင္ေျပာင္းလဲထားၾကဖို႔ ကြၽန္ေတာ္တို႔ ေဟာေျပာခဲ့တယ္ေပါ့ေလ။"
စစ္ကိုင္းတိုင္းအတြင္းက တမူးၿမိဳ႕၊ ဒီပဲယင္း၊ ဖားကန႔္၊ ကြၽန္းလွ၊ ေျမာင္၊ ဘုတလင္ နဲ႔ အရာေတာ္တို႔မွာလည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ၁၀၈ ႏွစ္ေျမာက္ေမြးေန႔ အထိမ္းအမွတ္ စစ္အာဏာရွင္ ဆန႔္က်င္ေရး ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕က လူငယ္ သပိတ္အဖြဲ႕ေတြကလည္း ဗိုလ္ခ်ဳပ္ေမြးေန႔မွာ အိမ္တြင္းကေန စစ္အာဏာရွင္ ဆန႔္က်င္ေရး စာေတြနဲ႔ ဓာတ္ပုံ႐ိုက္ၿပီး လူမႈကြန္ယက္မွာ တင္ၾကတဲ့ လႈပ္ရွားမႈေတြ လုပ္ခဲ့ၾကပါတယ္။
[Unicode]
စစ်အုပ်ချုပ်မှုအောက်မှာ ကျင်းပရတဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့
ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်း အသက် ၁၀၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းက ဒေသတချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြသလို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ထိမ်းချုပ်နိုင်တဲ့ ဒေသတွေက ကျောင်းတွေမှာ ဗိုလ်ချုပ်နဲ့ တော်လှန်ရေး အကြောင်းတွေ ဟောပြောတာတွေလည်း လုပ်ကြတယ်လို့ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မဆုမွန်က ပြောပြပါမယ်။
စစ်ကိုင်းတိုင်း ကနီနယ်မှာ "ငါတို့သည် ဗိုလ်ချုပ်အောင်ဆန်းများ" ဆိုတဲ့ ခေါင်းစီးစာတန်း ကိုင်ပြီး ဒီကနေ့ ဗိုလ်ချုပ်မွေးနေ့မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီလိုလုပ်ခဲ့ကြတဲ့ ရည်ရွယ်ချက်ကို ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစု ဦးဆောင်သူ ကိုပြည့်အောင်နိုင်က ခုလိုပြောပြပါတယ်။
"ကျွန်တော်တို့ ကနီနယ်ကတော့ စစ်အာဏာသိမ်းပြီးကတည်းက ပုံစံမျိုးစုံနဲ့ သပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြမှုတွေကို လုပ်တယ်ပေါ့၊ ခုလည်း လုပ်တယ်။ ကျွန်တော်တို့ အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မှာ ဘာလို့ ဒီလိုလုပ်သလဲပေါ့၊ ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့ အနေနဲ့ မမေ့ဘူး၊ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ကျွန်တော်တို့ ဗိုလ်ချုပ်။ ဗိုလ်ချုပ်ဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ အကျိုးကို ဆောင်ရွက်ခဲ့တဲ့ အာဇာနည်တစ်ဦးဖြစ်တယ်ပေါ့။ အဲ့အတွက်ကြောင့်မို့လို့ အာဇာနည်ဆိုတာက ဘယ်တော့မှ မသေဘူး။ လူသေသွားပေမယ့် နာမည်မသေဘူးဆိုတာကို ကျွန်တော်တို့ လူထုကို ပြောချင်တယ်။ အဲ့တော့ ဒီ ပြည်သူလူထုတွေ အနေနဲ့လည်းပဲ ငါတို့ တယောက်ချင်းစီတိုင်းဟာ ဒါအာဇာနည်တွေ ဖြစ်နေတယ်။ ငါတို့ တယောက်ချင်းစီတိုင်းဟာ ဗိုလ်ချုပ်အောင်ဆန်းတွေ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ဒီတော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီးတော့မှ သွာားဖို့လိုတယ်ဆိုတဲ့ Message ပေးရင်းနဲ့ ကျွန်တောတို့ သွေးစည်းညီညွတ်ရေး တရားတွေဟောတယ်။ ကျွန်တော်တို့ဟာ ဘယ်လိုပဲ အချိန်ကာလတွေပြောင်းပြောင်း ဒီတော်လှန်ရေးကို သွားမှရမယ်ပေါ့၊ ဒီစိတ်ကိုမွေးဖို့ ငါတို့ဟာ ဗိုလ်ချုပ်အောင်ဆန်းတွေဖြစ်တယ်ဆိုပြိးတာ့၊ ဖြစ်ဖို့အတွက် ကြိုးစားသင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်နဲ့ ဗိုလ်ချူပ်အောင်ဆန်းရဲ့ မွေးနေ့ အမှတ်တရ ပြုလုပ်တာပေါ့ဗျာ။"
လက်နက်ကိုင်တော်လှန်ရေးလုပ်နေသူတွေရော လက်နက်မဲ့တော်လှန်ရေး လုပ်နေကြသူတွေပါ ဗိုလ်ချုပ်ရဲ့ နည်းလမ်းနဲ့စိတ်ဓာတ်ကို အတုယူလေးစားဖို့ လိုသလို အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ကြရင်း ကိုယ်တိုင် အာဏာရှင်ဖြစ်မသွားကြဖို့ အထူးသတိထားသင့်တယ်လို့ ကိုပြည့်အောင်နိုင်က ခုလို ဆက်ပြောပါတယ်။
"ကျွန်တော်တို့ တော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်ရေး လက်နက်မဲ့တော်လှန်ရေးပေါ့။ လက်နက်ကိုင်တော်လှန်ရေးမှာက ပုံစံအမျိုးမျိုး လာရာလမ်းတွေကလည်း အမျိုးမျိးဆိုတော့ ဗိုလ်ချုပ်ရဲ့ လမ်းစဉ်အတိုင်းသွားဖို့ဆိုတာ အများကြီး လိုအပ်ပါသေးတယ်။ အတော်ကို ကြိုးစားရမယ် ရုန်းကန်ရမယ့် အနေအထားတော့ ရှိတယ်ပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာတွေဟာ အစွဲတွေအများကြီးနဲ့ အရင်တုန်းကဆိုရင် ပါတီအရောင်တွေ ခွဲတာမျိုးတွေ၊ ဒါမျိုးတွေ ရှိကြတယ်ပေါ့၊ အခုလုပ်နေတာမှာလည်း အခက်အခဲတွေ အများကြီးရှိနေတယ်။ ဗိုလ်ချုပ်ချမှတ်ထားတဲ့ မူဘောင်တွေအတိုင်း ဗိုလ်ချပ်ရဲ့ စိတ်ဓာတ်တွေ နှလုံးသားတွေ လိုမျိုး ပြုပြင်ပြောင်းလဲဖို့ဆိုရင် ကျွန်တော်တို့က အစ မိဘပြည်သူတွေ အနေနဲ့ တော်လှန်ရေးကို မြန်မြန်ပြီးချင်ရင်တော့ ပြတ်ပြတ်သားသားဆုံးဖြတ်ရမယ့် အချိန်ရောက်နေပြီပေါ့၊ ကြားနေလို့ကတော့ ကျွန်တော်တို့ မရဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မှာ ကျွန်တော်တို့ သန္ဓဌာန်ချလိုက်ကြပါ၊ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်မျိုးတွေ ငါတို့မွေးမယ်၊ မြန်မြန်ပြီးအောင် ငါတို့ ပြတ်ပြတ်သားသားလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့သွားသင့်တယ်ပေါ့။ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေရော လက်နက်မဲ့ တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေရော ကျွန်တော်တို့ တော်လှန်ရေးသမားတွေအားလုံး စာနာတတ်တဲ့ နှလုံးသားတွေရှိဖို့ ကျွန်တော်တို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချိန်ကြာလာတာနဲ့အမျှ အာဏာရှင်ကိုတော်လှန်ရင်းနဲ့ အာဏာရှင်ဆန်ဆန်ပြုလုပ်နေတာမျိုးတွေ လူအနည်းနဲ့အများ ရှိကောင်းရှိနုင်ပါတယ်။ ဒီတော့ခါ ကျွန်တော်တို့တွေ အနေနဲ့က ပြည်သူတွေကို ဘက်ကန်ပြီး အလုပ်လုပ်မယ်ဆိုရင် ပြည်သူ့ကျိန်စာတွေ သင့်တတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဘယ်လိုပြုမူဆက်ဆံခဲ့သလဲ ဗိုလ်ချုပ်ထုံးကိုနှလုံးမူပြီးတဲ့အခါမှာ အလုပ်လုပ်သင့်ပါတယ်လို့ ကျွန်တော်က ပြောချင်ပါတယ်။"
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကလည်း ဒီကနေ့ ဗိုလ်ချုပ်မွေးနေ့မှာ NUG ရဲ့ မူနဲ့ တည်ထောင်ထားတဲ့ ကျောင်းတွေကို သွားရောက်ပြီး တော်လှန်ရေးအကြောင်းတွေနဲ့ ဗိုလ်ချုပ်အကြောင်းတွေကို ဟောပြောတာတွေ လုပ်ခဲ့ကြတယ်လို့ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဌ ကိုရှင်းသန့်က ခုလိုပြောပြပါတယ်။
"ကျွန်တော်တို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဒီ NUG က ဖွဲ့ထားတဲ့ ကျောင်းတွေမှာ ကျောင်းသားကျောင်းသူတွေကို ဗိုလ်ချုပ်စိတ်ဓာတ်နဲ့ ပတ်သက်ပြီးတော့ မွေးနေ့အထိမ်းအမှတ် အမှတ်တရ စကားသွားပြောတယ်ပေါ့လေ။ ကျောင်းသားကျောင်းသူတွေအနေနဲ့ ဒီတော်လှန်ရေးမှာ ဘယ်လို ပါဝင်လို့ရတယ်ဆိုတာမျိုးတွေ သွားပြီးတော့ ဟောပြောတာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းကလည်း သူ့ရဲ့ အရာအားလုံးကို တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ မြှုပ်နှံပြီးတော့ တိုင်းပြည်လွတ်လပ်ရေး ရအောင် ကျိုးပမ်းသွားတယ်ပေါ့လေ၊ အခု ကျွန်တော်တို့ နွေဦးတော်လှန်ရေးမှာလည်း စစ်အာဏာရှင်လက်အောက်က လွတ်မြောက်အောင် ကျွန်တော်တို့ ပြည်သူပြည်သားတွေအားလုံး ကျွန်တော်တို့ ဗိုလ်ချုပ်လိုစိတ်နဲ့ ကိုယ့်ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်လက်အောက်ကနေ လွတ်မြောက်ဖို့အတွက် ဒီနွေဦးတော်လှန်ရေးကို ပူးပေါင်းပါဝင်ကြဖို့ နောက်ဖြစ်လာမယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအသစ်မှာလည်း နိုင်ငံသစ်နဲ့ ကိုက်ညီတဲ့ နိုင်ငံသားတွေ ဖြစ်လာအောင် ခုလိုမျိုး ငယ်စဉ် အခြေခံပညာ ကျောင်းသား ဘဝကတည်းက ကိုယ့်ရဲ့ အသိစိတ်နဲ့ကိုယ် ပြုပြင်ပြောင်းလဲထားကြဖို့ ကျွန်တော်တို့ ဟောပြောခဲ့တယ်ပေါ့လေ။"
စစ်ကိုင်းတိုင်းအတွင်းက တမူးမြို့၊ ဒီပဲယင်း၊ ဖားကန့်၊ ကျွန်းလှ၊ မြောင်၊ ဘုတလင် နဲ့ အရာတော်တို့မှာလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၈ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့က လူငယ် သပိတ်အဖွဲ့တွေကလည်း ဗိုလ်ချုပ်မွေးနေ့မှာ အိမ်တွင်းကနေ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတွေနဲ့ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်မှာ တင်ကြတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။