သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းေျမာက္ ေနာင္ခ်ိဳတိုက္ပြဲ ေဒသခံ ၅၀၀ ေက်ာ္တိမ္းေရွာင္


စစ္ေရွာင္ဒုကၡသည္ (photo: C J)(ယခင္ပုံေဟာင္း)

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္နဲ႔ PDF တပ္ဖြဲ႕ေတြအၾကား တိုက္ပြဲျဖစ္ပြားတာေၾကာင့္ အနည္းဆုံးေက်း႐ြာ ၅႐ြာက ျပည္သူ၅၀၀ေက်ာ္ဟာ စစ္ေဘးလြတ္ရာ ဟိုခို႐ြာကို တိမ္းေရွာင္ေနၾကပါတယ္။ လတ္တေလာမွာ တိုက္ပြဲေတြ ၿငိမ္သက္သြားေပမဲ့ ထပ္မံျဖစ္ပြားမွာစိုးရိမ္ၿပီး ေနရပ္မျပန္ႏိုင္ေသးသလို ရက္ၾကာလာရင္ေတာ့ စားနပ္ရိကၡာအတြက္ ခက္ခဲမယ့္အေျခအေန ရွိေနပါတယ္။ ဒီအေၾကာင္းသတင္းေပးပိုခ်က္ ကိုစံေက်ာ္က ေျပာျပမွာပါ။

ၿပီးခဲ့တဲ့ ေသာၾကာေန႔က ေနာင္ခ်ိဳၿမိဳ႕နယ္ ဒိုးပင္ေက်း႐ြာအုပ္စု လုံခံ႐ြာမွာ စစ္ေကာင္စီတပ္နဲ႔ မႏၲေလး PDF တပ္ဖြဲ႕ေတြအၾကား တိုက္ပြဲျပင္းထန္ခဲ့တာပါ။ စစ္ေကာင္စီတပ္က ေလေၾကာင္းက ပစ္ခတ္တိုက္ခိုက္ခဲ့တဲ့ေနာက္ တိုက္ပြဲအနီးေက်း႐ြာေတြက ရာနဲ႔ခ်ီတဲ့ ေဒသခံ႐ြာသားေတြဟာ စစ္ေဘးလြတ္ရာ ဟိုခို႐ြာကို တိမ္းေရွာင္ခဲ့ၾကပါတယ္။ေလာေလာဆည္ ဟိုခို႐ြာဘုန္းႀကီးေက်ာင္းမွာ စစ္ေရွာင္ ၅၀၀ေက်ာ္ေလာက္ ခိုလႈံေနရၿပီး ေနရပ္မျပန္ႏိုင္ေသးေၾကာင္း စစ္ေရွာင္အမ်ိဳးသမီး တစ္ဦးက VOA ကို ေျပာပါတယ္။

“ ဒီေန႔ေတာ့ ဘလက္ဘုတ္မွာေရးထားတာ ငါး ရာနဲ႔ ရွစ္ဦး ေရးထားတာပဲ။ လုံခံ႐ြာအမ်ားဆုံးပဲရွင့္။ လုံခံ႐ြာက ၃၀၀ေက်ာ္- ၄၀၀ ရွိတယ္။ ဒိုးပင္႐ြာကလည္း လုံခံနဲ႔နီးေတာ့ ေရွာင္လာတယ္။ေနာက္ၿပီးေတာ့ ႀကံခင္းကလည္းလုံခံနဲ႔နီးေတာ့ ေရွာင္လာတယ္။ ခဲမြန္ကလည္း ပြဲလာလုပ္ရင္းနဲ႔ ျပန္လို႔ မရဘူး ပိတ္မိေနတယ္။ ကုလားကြဲကေတာ့ အိမ္ေျခ ၃၀ေလာက္ေတာ့ ရွိမယ္ စစ္ေရွာင္စခန္းမွာ။ တိုက္ပြဲေတြေတာ့ အခုေတာ့ အသံမၾကားေတာ့ဘူး။ သူတို႔က လူအင္အားေတြကို ဒီတိုင္းခ်ထားတဲ့ဟာ သြားလာလို႔ မရဘူး။ သူတို႔က လမ္းပိတ္ထားတာရွင့္။ က်မတို႔က ျပန္လို႔ မရဘူး။”

လက္ရွိမွာ စစ္ေကာင္စီတပ္ေတြဟာ လုံခံေက်း႐ြာမွာ စခန္းခ်ေနတာျဖစ္ပါတယ္။ စစ္ေရွာင္အမ်ားစုဟာ အဝတ္တစ္ထည္၊ ကိုယ္တစ္ခုနဲ႔ တိမ္းေရွာင္လာရတာေၾကာင့္ စားနပ္ရိကၡာ၊ ေစာင္၊ ျခင္ေထာင္၊ အဝတ္အစားနဲ႔ ေဆးဝါးေတြ လိုအပ္ေနတာျဖစ္ပါတယ္။ ကူညီေထာက္ပံ့ေနတဲ့ အေျခအေနကိုလည္း စစ္ေရွာင္အမ်ိဳးသမီးက အခုလို ေျပာပါတယ္။

“ ဒီေက်ာင္းကပဲ ခ်က္ေႂကြးေနတာပဲ။ အလႈရွင္မရွိခင္တုံးကေတာ့ ဘုန္းႀကီးက သူ႔ဆန္ေတြနဲ႔ ခ်က္ေႂကြးခိုင္းတာ။ ေကာ္မတီေတြဆီကိုေတာ့ လာလႈၾကတယ္ရွင့္။ အဲလို ေငြတို႔၊ ဆန္တို႔၊ ဆီတို႔ ၊ ဆားတို႔ အဲလိုမ်ိဳးလာလႈတာမ်ိဳးေတြ ရွိတယ္။ အခု ဒီေန႔က လာတာကေတာ့ မိတ္ေဆြ ျမန္မာက လာတယ္။ ေစာင္ေတြ အထုပ္ေတြ အဝတ္အစားေတြ ေထာက္ပံ့ဖို႔ လာေနတယ္ရွင္။ ”

စစ္ေရွာင္ေကာ္မတီက တာဝန္ရွိသူတစ္ဦးကေတာ့ အဓိက လိုအပ္ေနတဲ့ စားနပ္ရိကၡာကို ဟိုခို႐ြာသားေတြနဲ႔ အနီးအနားမွာ အေျခစိုက္တဲ့ စီးပြားေရးကုမၸဏီေတြက လႈဒါန္းတာရွိေၾကာင္းနဲ႔ ျပင္ပအဖြဲ႕အစည္းအေနနဲ႔ မိတ္ေဆြျမန္မာအဖြဲ႕က ဒီေန႔ ေစာင္၊ ျခင္ေထာင္၊ ေခါင္းအုံး၊ တစ္ကိုယ္ရည္သုံးပစၥည္းေတြ၊ ကိုဗစ္ကာကြယ္ေရး မ်က္ႏွာဖုံးေတြ၊ လက္သန႔္ေဆးရည္ေတြ လာေရာက္လႈဒါန္းေၾကာင္း ေျပာပါတယ္။

စစ္ေျပးဒုကၡသည္ေတြ ေရရွည္ဆက္လက္ၿပီး ခိုလႈံရမယ္ဆိုရင္ေတာ့ စားနပ္ရိကၡာအခက္အခဲရွိႏိုင္ေၾကာင္း လည္း ေျပာပါတယ္။

“ လက္ရွိေတာ့ သူတို႔က မျပန္ရဲေသးဘူးေလ။ နယ္ေျမရွင္းရင္ေတာ့ ျပန္မယ္လို႔ေတာ့ ေျပာတာပဲ။ က်ေနာ္တို႔လည္းရက္ေတာ့ မခန႔္မွန္းတတ္ေသးဘူးဗ်။ ေရရွည္ေတာ့ စားနပ္ရိကၡာေတာ့ အခက္အခဲျဖစ္လာမယ္ထင္တယ္။ ေနေရးထိုင္ေရးကေတာ့ အဆင္ေျပပါတယ္။ ဒီဘက္မွာ အေဆာင္ေတြလည္း မ်ားတယ္ဆိုေတာ့။ ”

ေသာၾကာေန႔ တိုက္ပြဲျဖစ္ပြားစဥ္က စစ္ေကာင္စီက Mi 35 တိုက္ခိုက္ေရးရဟတ္ယာဥ္နဲ႔ တိုက္ေလယာဥ္ေတြသုံးၿပီး ၃ႀကိမ္တိုင္ေလေၾကာင္းက တိုက္ခိုက္ခဲ့ေၾကာင္း မႏၲေလး PDF အဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။

၂၀၂၂ခုႏွစ္ ၾသဂုတ္လကုန္ပိုင္းကလည္း ေနာင္ခ်ိဳၿမိဳ႕နယ္ ဒိုးပင္ေက်း႐ြာအုပ္စုမွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံ PDF ေတြအၾကား တိုက္ပြဲျပင္းထန္ခဲ့ၿပီး ေလေၾကာင္းက တိုက္ခိုက္တာေတြ ရွိခဲ့တာေၾကာင့္ ေက်း႐ြာ ၇ ႐ြာ က ေဒသခံ ၈၀၀ ေက်ာ္ေလာက္ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနရပါတယ္။ ေနာင္ခ်ိဳၿမိဳ႕နယ္ ဒိုးပင္ေက်း႐ြာအုပ္စုဟာ ေနာင္ခ်ိဳၿမိဳ႕နယ္နဲ႔ ေက်ာက္မဲၿမိဳ႕နယ္ အစပ္ေဒသမွာ တည္ရွိတာလည္း ျဖစ္ပါတယ္။

{Unicode}

ရှမ်းမြောက် နောင်ချိုတိုက်ပွဲ ဒေသခံ ၅၀၀ ကျော်တိမ်းရှောင်
ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားတာကြောင့် အနည်းဆုံးကျေးရွာ ၅ရွာက ပြည်သူ၅၀၀ကျော်ဟာ စစ်ဘေးလွတ်ရာ ဟိုခိုရွာကို တိမ်းရှောင်နေကြပါတယ်။ လတ်တလောမှာ တိုက်ပွဲတွေ ငြိမ်သက်သွားပေမဲ့ ထပ်မံဖြစ်ပွားမှာစိုးရိမ်ပြီး နေရပ်မပြန်နိုင်သေးသလို ရက်ကြာလာရင်တော့ စားနပ်ရိက္ခာအတွက် ခက်ခဲမယ့်အခြေအနေ ရှိနေပါတယ်။ ဒီအကြောင်းသတင်းပေးပိုချက် ကိုစံကျော်က ပြောပြမှာပါ။

ပြီးခဲ့တဲ့ သောကြာနေ့က နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စု လုံခံရွာမှာ စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တာပါ။ စစ်ကောင်စီတပ်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့နောက် တိုက်ပွဲအနီးကျေးရွာတွေက ရာနဲ့ချီတဲ့ ဒေသခံရွာသားတွေဟာ စစ်ဘေးလွတ်ရာ ဟိုခိုရွာကို တိမ်းရှောင်ခဲ့ကြပါတယ်။လောလောဆည် ဟိုခိုရွာဘုန်းကြီးကျောင်းမှာ စစ်ရှောင် ၅၀၀ကျော်လောက် ခိုလှုံနေရပြီး နေရပ်မပြန်နိုင်သေးကြောင်း စစ်ရှောင်အမျိုးသမီး တစ်ဦးက VOA ကို ပြောပါတယ်။

“ ဒီနေ့တော့ ဘလက်ဘုတ်မှာရေးထားတာ ငါး ရာနဲ့ ရှစ်ဦး ရေးထားတာပဲ။ လုံခံရွာအများဆုံးပဲရှင့်။ လုံခံရွာက ၃၀၀ကျော်- ၄၀၀ ရှိတယ်။ ဒိုးပင်ရွာကလည်း လုံခံနဲ့နီးတော့ ရှောင်လာတယ်။နောက်ပြီးတော့ ကြံခင်းကလည်းလုံခံနဲ့နီးတော့ ရှောင်လာတယ်။ ခဲမွန်ကလည်း ပွဲလာလုပ်ရင်းနဲ့ ပြန်လို့ မရဘူး ပိတ်မိနေတယ်။ ကုလားကွဲကတော့ အိမ်ခြေ ၃၀လောက်တော့ ရှိမယ် စစ်ရှောင်စခန်းမှာ။ တိုက်ပွဲတွေတော့ အခုတော့ အသံမကြားတော့ဘူး။ သူတို့က လူအင်အားတွေကို ဒီတိုင်းချထားတဲ့ဟာ သွားလာလို့ မရဘူး။ သူတို့က လမ်းပိတ်ထားတာရှင့်။ ကျမတို့က ပြန်လို့ မရဘူး။”

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ လုံခံကျေးရွာမှာ စခန်းချနေတာဖြစ်ပါတယ်။ စစ်ရှောင်အများစုဟာ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ တိမ်းရှောင်လာရတာကြောင့် စားနပ်ရိက္ခာ၊ စောင်၊ ခြင်ထောင်၊ အဝတ်အစားနဲ့ ဆေးဝါးတွေ လိုအပ်နေတာဖြစ်ပါတယ်။ ကူညီထောက်ပံ့နေတဲ့ အခြေအနေကိုလည်း စစ်ရှောင်အမျိုးသမီးက အခုလို ပြောပါတယ်။

“ ဒီကျောင်းကပဲ ချက်ကြွေးနေတာပဲ။ အလှုရှင်မရှိခင်တုံးကတော့ ဘုန်းကြီးက သူ့ဆန်တွေနဲ့ ချက်ကြွေးခိုင်းတာ။ ကော်မတီတွေဆီကိုတော့ လာလှုကြတယ်ရှင့်။ အဲလို ငွေတို့၊ ဆန်တို့၊ ဆီတို့ ၊ ဆားတို့ အဲလိုမျိုးလာလှုတာမျိုးတွေ ရှိတယ်။ အခု ဒီနေ့က လာတာကတော့ မိတ်ဆွေ မြန်မာက လာတယ်။ စောင်တွေ အထုပ်တွေ အဝတ်အစားတွေ ထောက်ပံ့ဖို့ လာနေတယ်ရှင်။ ”

စစ်ရှောင်ကော်မတီက တာဝန်ရှိသူတစ်ဦးကတော့ အဓိက လိုအပ်နေတဲ့ စားနပ်ရိက္ခာကို ဟိုခိုရွာသားတွေနဲ့ အနီးအနားမှာ အခြေစိုက်တဲ့ စီးပွားရေးကုမ္ပဏီတွေက လှုဒါန်းတာရှိကြောင်းနဲ့ ပြင်ပအဖွဲ့အစည်းအနေနဲ့ မိတ်ဆွေမြန်မာအဖွဲ့က ဒီနေ့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ၊ ကိုဗစ်ကာကွယ်ရေး မျက်နှာဖုံးတွေ၊ လက်သန့်ဆေးရည်တွေ လာရောက်လှုဒါန်းကြောင်း ပြောပါတယ်။

စစ်ပြေးဒုက္ခသည်တွေ ရေရှည်ဆက်လက်ပြီး ခိုလှုံရမယ်ဆိုရင်တော့ စားနပ်ရိက္ခာအခက်အခဲရှိနိုင်ကြောင်း လည်း ပြောပါတယ်။

“ လက်ရှိတော့ သူတို့က မပြန်ရဲသေးဘူးလေ။ နယ်မြေရှင်းရင်တော့ ပြန်မယ်လို့တော့ ပြောတာပဲ။ ကျနော်တို့လည်းရက်တော့ မခန့်မှန်းတတ်သေးဘူးဗျ။ ရေရှည်တော့ စားနပ်ရိက္ခာတော့ အခက်အခဲဖြစ်လာမယ်ထင်တယ်။ နေရေးထိုင်ရေးကတော့ အဆင်ပြေပါတယ်။ ဒီဘက်မှာ အဆောင်တွေလည်း များတယ်ဆိုတော့။ ”

သောကြာနေ့ တိုက်ပွဲဖြစ်ပွားစဉ်က စစ်ကောင်စီက Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ တိုက်လေယာဉ်တွေသုံးပြီး ၃ကြိမ်တိုင်လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း မန္တလေး PDF အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

၂၀၂၂ခုနှစ် သြဂုတ်လကုန်ပိုင်းကလည်း နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့တာကြောင့် ကျေးရွာ ၇ ရွာ က ဒေသခံ ၈၀၀ ကျော်လောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။ နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စုဟာ နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ် အစပ်ဒေသမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG