စစ္အာဏာသိမ္းမႈ ၂ ႏွစ္ ျပည့္ခ်ိန္မွာ ျမန္မာႏိုင္ငံအတြင္းက စစ္ဒဏ္သင့္ေဒသေတြက စစ္ေျပးဒုကၡသည္ေတြဟာ အခက္အခဲ မ်ိဳးစုံႀကဳံေတြ႕ေနၾကရပါတယ္။ စစ္ကိုင္းတိုင္းဟာ အာဏာသိမ္း ျမန္မာစစ္တပ္နဲ႔ ထိေတြတိုက္ပြဲ ျပင္းထန္တာနဲ႔အမွ်၊ ေက်း႐ြာေတြ မီးရႈိ႕ခံရသလို ေဒသခံအမ်ားအျပားဟာ အိုးအိမ္စြန႔္ခြာေျပးေနၾကရတာပါ။ ႏွစ္ႏွစ္အတြင္းႀကဳံရတဲ့ အခက္အခဲေတြနဲ႔ သူတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ပတ္သက္လို႔ သတင္းေပးပို႔ထားတာကို မဆုမြန္က တင္ျပေပးပါမယ္။
စစ္အာဏာသိမ္းမႈကိုဆန႔္က်င္တဲ့ ဆႏၵျပမႈေတြကို စစ္တပ္ကအၾကမ္းဖက္ႏွိမ္နင္းၿပီးေနာက္ပိုင္း၊ ျမန္မာႏိုင္ငံတဝွမ္း စစ္ေကာင္စီကို လက္နက္ကိုင္ေတာ္လွန္ဆန႔္က်င္မႈေတြရွိလာရာမွာ စစ္ကိုင္းတိုင္းေဒသဟာ အထူးျခားဆုံးနဲ႔ အထင္ရွားဆုံးျဖစ္ပါတယ္။ ဆင္းရဲေပမယ့္ ဆယ္စုႏွစ္ေတြနဲ႔ခ်ီ တည္ၿငိမ္လာခဲ့တဲ့ အဲဒီေဒသတေက်ာမွာ အခုေတာ့ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ၊ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြအၾကား တိုက္ပြဲေတြျပင္းထန္ခဲ့ပါတယ္။ စစ္ေကာင္စီတပ္ေတြနဲ႔ စစ္ေကာင္စီကဖြဲ႕စည္းေပးတဲ့ ပ်ဴေစာထီး ျပည္သူ႔စစ္ေတြက ေက်း႐ြာေတြကို နယ္ေျမရွင္းလင္းေရးဝင္ၿပီး၊ ေနအိမ္ေတြ မီးေလာင္တိုက္သြင္းခဲ့တာေၾကာင့္ အေတာ္မ်ားမ်ားက အိုးအိမ္မဲ့ျဖစ္ၾကရပါတယ္။ ဒါေပမယ့္ ေဒသခံအမ်ားစုဟာ အခုအခ်ိန္ထိ ျပည့္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြကို ေထာက္ခံကူညီၾကတယ္လို႔ ေကာလင္းျပည္သူ႔ကာကြယ္ေရးအဖြဲ႕ ျပန္ၾကားေရးတာဝန္ခံ ကိုေဒါင္းနီက ေျပာပါတယ္။
"ေတာင့္ခံခဲ့ရတာကေတာ့ ဒုကၡ သုခ မ်ိဳးစုံ ၾကားထဲကေနၿပီးမွ ႐ုန္းကန္ေနရတာပဲ။ ဒါေပမယ့္ ဘယ္ေတာ့မွ ကြၽန္ေတာ္တို႔ကေတာ့ အသက္မေသမခ်င္း လက္ကေတာ့ မေလွ်ာ့ဘူးေပါ့။ ျပည္သူေတြရဲ႕ စိတ္ဓာတ္ကလည္း တကယ္ ေလးစားစရာ ေကာင္းပါတယ္ဗ်။ ႐ြာေတြ၊ အိမ္ေတြ မီးရႈိ႕ခံရတာ ကြၽန္ေတာ္တို႔ဖက္ေတြဆိုရင္ ကြၽန္ေတာ္တို႔ ေအာင္ခ်မ္းသာ႐ြာေပါ့ တစ္႐ြာလုံးမွာမွ ႏွစ္အိမ္ပဲ က်န္ခဲ့တာ။ ဒါေပမယ့္ မရွိ ရွိတဲ့ ၾကားထဲက (PDF/စစ္ေရွာင္ေတြကို)လႉတာေတြ အမ်ားႀကီးပဲ။"
ျမန္မာစစ္ေကာင္စီကေတာ့ PDF ေတြဟာ ေက်း႐ြာေတြကို အေျချပဳၿပီး အၾကမ္းဖက္လုပ္ငန္းေတြက်ဴးလြန္ေနသလို၊ ေက်း႐ြာေတြကို မီးရႈိ႕တာရွိတယ္လို႔ တန္ျပန္စြပ္စြဲပါတယ္။ ေဒသတြင္းမွာပဲ စစ္ေကာင္စီရဲ႕ ပ်ဴေစာထီးတပ္ေတြကို ေထာက္ခံတဲ့ေက်း႐ြာေတြရွိတာေၾကာင့္လည္း၊ စစ္ေကာင္စီလိုလားသူနဲ႔ မလိုလားသူ ေက်း႐ြာေတြအၾကား အျပန္အလွန္တိုက္ခိုက္မႈေတြလည္း ရွိခဲ့ပါတယ္။
ျမန္မာစစ္တပ္ရဲ႕ မီးရႈိ႕ဖ်က္ဆီးမႈေတြ၊ ေဒသခံေတြရဲ႕ စားနပ္ရိကၡာေတြကို လုယူတာေတြေၾကာင့္ ေဒသခံေတြအတြက္ ေနေရး စားေရး အခက္အခဲေတြ အမ်ားႀကီးရွိေနေပမယ့္၊ လက္ရွိမွာ NUG က ေထာက္ပံ့မႈ တခ်ိဳ႕ရွိသလို ျပည္သူအခ်င္းခ်င္းကလည္း လက္တြဲ ကူညီၾကတာေၾကာင့္ ေဒသခံေတြအတြက္ ေတာင့္ခံႏိုင္ေနတဲ့ အေျခအေနျဖစ္တယ္လို႔ စစ္ေရွာင္ေတြအေရး ကူညီေဆာင္႐ြက္ေပးေနသူတစ္ဦးက ေျပာျပပါတယ္။
"နည္းနည္းေတာ့ အခက္အခဲ ရွိတယ္၊ ဘာအခက္အခဲရွိသလဲဆိုေတာ့ ေနစရာ ထိုင္စရာ အခက္အခဲျဖစ္တယ္၊ ေနာက္ၿပီးေတာ့ စားေရး ေသာက္ေရး အခက္အခဲ ျဖစ္တယ္။ သို႔ေပမယ့္ ကြၽန္ေတာ္တို႔မွာက ျပည္သူေတြက ပူးေပါင္းပါဝင္တဲ့အခါက်ေတာ့ မွ်တၿပီးေတာ့ စားရတာေပါ့ဗ်ာ။ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ NUG ကလည္း ထိုက္သင့္အားေလ်ာ္စြာ က်န္းမာေရးဆိုလည္းက်န္းမာေရးအတြက္ ပညာေရးအတြက္ဆိုလည္း ပညာေရးအတြက္ ေနာက္ၿပီးေတာ့မွ စစ္ေဘးေရွာင္ေတြအတြက္ဆိုၿပိးေတာ့လည္း ထိုက္သင့္အားေလ်ာ္စြာ ႏိုင္တဲ့ ဖက္ကေနၿပီးေတာ့မွ ႏိုင္သေလာက္ ထိုက္သင့္အားေလ်ာ္စြာ ကူညီတာေတြ ရွိတယ္ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ေသခ်ာတာတခုကေတာ့ ထမင္းမငတ္ဘူးဗ်။ ဘာလို႔လဲ ဆိုေတာ့ ျပည္သူရွိေနတာကိုး။ ျပည္သူေထာက္ခံေနရင္ ဘယ္အစိုးရမွ က်ဆုံးတာ မရွိဘူးဗ်။"
သပိတ္အဖြဲ႕ ဦးေဆာင္သူနဲ႔ စစ္ေရွာင္ေတြကို ကူညီေပးေနသူျဖစ္တဲ့ ဆားလင္းႀကီးၿမိဳ႕နယ္က ကိုလြမ္းသူကေတာ့ စစ္အာဏာသိမ္းၿပီး ၂ ႏွစ္အတြင္း ျပည္တြင္းမွာ တိုက္ပြဲအမ်ားႀကီးျဖစ္ခဲ့သလို စစ္ေရွာင္ေတြ ေသာင္းနဲ႔ခ်ီမ်ားျပားေနေပမယ့္၊ ဒုကၡသည္ေတြအတြက္ ေရရွည္ ႀကိဳတင္ျပင္ဆင္မႈမရွိဘူးလို႔ သူ႔ရဲ႕အျမင္ကို ေျပာပါတယ္။
"ကြၽန္ေတာ္တို႔ ခုလို မီးရႈိ႕ခံရတဲ့ ႐ြာေတြက ပိုမိုမ်ားျပားလာတယ္။ လူထုထဲမွာလည္း ပိုမို ခက္ခဲတဲ့ အၾကပ္အတည္းေတြ ႀကဳံလာတယ္။ ဆိုေတာ့ အခက္အခဲက ကြၽန္ေတာ္တို႔ အတြက္ ဘာလဲ ဆိုေတာ့ ေရရွည္မွာ ခုက ၂ ႏွစ္ျပည့္ေတာ့မယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ ႀကဳံေတြ႕ႏိုင္တဲ့ ျပသနာေတြက စစ္ေရးအတြက္ဆို ကြၽန္ေတာ္တို႔ ဒီေလေၾကာင္းတိုက္ခိုက္မႈေတြေပါ့၊ အဲ့ဒါေတြအတြက္ ကြၽန္ေတာ္တို႔မွာ ႀကိဳတင္ျပင္ဆင္မႈေတြ အားနည္းေနေသးတာကို ကြၽန္ေတာ္တို႔ ေတြ႕ရတယ္ေပါ့ေနာ္။ ေနာက္တစ္ခုက ဒီ polatic အရ ၾကည့္မယ္ဆိုရင္ စားနပ္ရိကၡာေပါေနာ္၊ စစ္ေရွာင္ေတြအတြက္ ရိကၡာ ဘယ္လိုစုေဆာင္းၾကမလဲ။ ၿပီးေတာ့ ေဆးဝါးေတြအတြက္ ဘယ္လိုေဆာင္႐ြက္ၾကမလဲေပါ့။ ေနာက္ ရန္သူဖက္က ျဖတ္ေလးျဖတ္ စနစ္ေတြ လုပ္လာရင္ ဘယ္လို လုပ္ၾကမလဲေပါ့ အဲ့ဒါေတြအတြက္ ႀကိဳတင္ျပင္ဆင္မႈ အပိုင္းမွာ အားနည္းေနတာေတြ ကြၽန္ေတာ္တို ေတြ႕ရပါတယ္။ ေနာက္အခက္အခဲေတြကေတာ့ ကြၽန္ေတာ္တို႔ ေရွာင္ရတိမ္းရရင္ ဘယ္မွာ IDP Camp ေတြရွိမလဲ ဆိုတာေတြေပါ့၊ အဲ့ဒါမ်ိဳးေတြ စဥ္းစားထားခ်က္မ်ိဳး ျပင္ဆင္ထားခ်က္မ်ိဳး ကြၽန္ေတာ္တို႔မွာ အရမ္းအားနည္းေနတာကို ကြၽန္ေတာ္တို႔ ေတြ႕ရတယ္ေပါ့ေလ။ အခုအခ်ိန္ထိကေတာ့ ကြၽန္ေတာ္တို႔ ျပည္သူအမ်ားစုကေတာ ဒါေရရွည္ျဖစ္လာရင္ေတာ့ ဒါ ပိုမိုၿပီးေတာ့ ဒီထက္ ဆိုးဝါးတဲ့ ဒီစစ္ေရးမုန္တိုင္း ႏိုင္ငံေရး မုန္တိုင္းေတြ ႀကဳံလာရင္ေတာ့ ကြၽန္ေတာ္တို႔ အမ်ားႀကီးေတာ ႀကဳံရမယ္၊ ကြၽန္ေတာ္တို႔ခုလည္း ေတာ္ေတာ္ကို ခက္ခက္ခဲခဲရွိတယ္ေပါ့ေနာ္။ ျပည္သူေတြဆီကိုလည္း ကြၽန္ေတာ္တို႔ အၿမဲတေစ Support လုပ္ေပးဖို႔ အလႈခံရတာေတြကလည္း ေတာ္ေတာ္ခက္ခဲ ပါတယ္။"
ဝက္လက္ၿမိဳ႕နယ္အတြင္းက ကုလားမ႐ြာနဲ႔ လက္ေကာက္က် ေက်း႐ြာေတြအပါအဝင္ အဲ့ဒီအနီးအနားက ႐ြာေတြဟာ စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းေရးေတြေၾကာင့္ ၂၀၂၁ ႏွစ္လယ္ပိုင္းေလာက္ကတည္းက ႐ြာလုံးကြၽတ္မီးရႈိ႕ဖ်က္ဆီးခံရၿပီး၊ ေဒသခံတခ်ိဳ႕ ဖမ္းဆီးခံရတာ သတ္ျဖတ္ခံရတာေတြရွိပါတယ္။ အဲ့ဒီ႐ြာေတြက ေဒသခံေတြဟာ နီးစပ္ရာတျခားေက်း႐ြာေတြနဲ႔ ေဒသေတြကို ေျပာင္းေ႐ြ႕ထြက္ေျပးေနၾကရသလို တခ်ိဳ႕ကလည္း ေတာထဲမွာပဲ ပုန္းခိုေရွာင္တိမ္းေနၾကရတာဟာ တစ္ႏွစ္ခြဲေက်ာ္ေလာက္ ၾကာေနၿပီး ျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေဒသခံတစ္ဦးက သူ႔ရဲ႕ ေမွ်ာ္လင့္ခ်က္ကို ခုလိုေျပာပါတယ္။
"ေဒသခံေတြကေတာ့ လွည္းရွိတဲ့သူကလွည္း၊ ကားရွိတဲ့သူက ကားေပါ့ ကိုယ့္ပစၥည္းေလးေတြကို အဲ့ေပၚတင္ထား သူတို႔မလာရင္ ကိုယ့္ဟာကိုယ္ ခ်က္ျပဳတ္စား၊ သူတို႔လာရင္ ေဘးကိုထြက္ေျပး။ သူတို႔ဝင္လာရင္ လြတ္ရာေလး ထြက္ေျပးလိုက္ သူတို႔ ေအးသြားၿပီဆိုတခါ ျပန္ဝင္လိုက္ ဒီလိုပဲ လုပ္ကိုင္စားေသာက္ေနၾကရတာပဲ တစ္ႏွစ္လုံး။ ကြၽန္ေတာ္တို႔ အေနနဲ႔ကေတာ့ ေမွ်ာ္လင့္တာကေတာ့ ျပည္သူေတြ ကြၽန္ေတာ္တို႔ ေတာသူေတာင္သားေတြ လြတ္လြတ္လပ္လပ္ ေအးေအးခ်မ္းခ်မ္း မပူရ မပင္ရ လုပ္ကိုင္စားေသာက္ေနဖို႔ရာ အဆင့္ေလာက္ ကလြဲရင္ က်န္တာကိုလည္းကြၽန္ေတာ္တို႔ သိပ္ေမွ်ာ္လင့္ခ်က္မထားပါဘူး။"
ကန႔္ဘလူၿမိဳ႕နယ္ အတြင္းမွာလည္း စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ေၾကာင္းေတြေၾကာင့္ ေက်း႐ြာေတြက ေဒသခံ ေသာင္းဂဏန္းေလာက္ဟာ ေဘးလြတ္ရာကို ထြက္ေျပးေနၾကရတာပါ။ ႐ြာသစ္႐ြာကို စစ္ေကာင္စီက နယ္ေျမရွင္းလင္းေရး စစ္ေၾကာင္း ဝင္ေရာက္ခဲ့တာေၾကာင့္ ေဒသခံေတြ စစ္ေဘးေရွာင္ေနၾကရၿပီး ခုအခ်ိန္ထိ ႐ြာကို ျပန္မဝင္ႏိုင္ၾကေသးဘဲ စစ္ေရွာင္ေနရတာ ၁၀ လ ေက်ာ္လာၿပီ ျဖစ္ၿပီး လက္ရွိမွာ စားေသာက္ေရးအတြက္ အခက္အခဲ ျဖစ္ေနတဲ့အေၾကာင္းကို စစ္ေရွာင္တစ္ဦးက ခုလိုေျပာပါတယ္။
"ကြၽန္မတို႔ခု ေတာထဲမွာ ထမင္းစားေနၾကတာ။ ရွိတဲ့ အလုပ္ေလးေတြ လိုက္လုပ္ၿပီးေတာ့ စားေသာက္ေနရတာ၊ ႐ြာထဲကိုလည္း မဝင္ရဲလို႔ မဝင္ဘူးရွင့္။ ေဘးပတ္ပတ္လည္မွာ ေျမပဲစိုက္ထားတဲ့ ကုန္းေလးေတြရွိတယ္။ အဲ့မွာ အငွားလိုက္ဆြတ္ၿပီးေတာ့ အဲ့မွာ ၁ တင္းမွ ၂ ျပည္ပဲ ရပါတယ္။ အဲ့ဒါလည္း ကြၽန္မတို႔မွာ စားဖို႔ရာ ရေအာင္လို႔ ဆြတ္ရတာပါ။ ေရွ႕ေလ်ာက္ ဆန္ေဈးေတြကလည္း ႀကီး၊ ဆီးေဈးေတြကလည္းႀကိးဆိုေတာ့ ဘယ္လိုစားရမလဲဆိုတာ ေတြးေတာင္ မေတြးရဲေတာ့ပါဘူးရွင့္။"
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းကေန ၂၀၂၂ ဒီဇင္ဘာလအထိ ျမန္မာႏိုင္ငံအတြင္းမွာ ျပည္တြင္း စစ္ေျပး ဒုကၡသည္ ၂ သန္း နီးပါးအထိ တိုးလာတယ္လို႔ ျမန္မာ့မဟာဗ်ဴဟာနဲ႔ မူဝါဒေလ့လာေရး အင္စတီက်ဳ (ISP Myanmar) ရဲ႕ စစ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။ အာဏာမသိမ္းမီ ကာလကတည္းက ျပည္တြင္းမွာ စစ္ေဘးဒုကၡသည္က ၅ သိန္းနီးပါး ရွိေနခဲ့ၿပီး စစ္အာဏာမသိမ္းခင္နဲ႔ အာဏာသိမ္းၿပီး ကာလ ၂ ခုလုံးမွာ နယ္စပ္ျဖတ္ေက်ာ္ၿပီး ျပည္ပကို ထြက္ေျပးတိမ္းေရွာင္ၾကတဲ့ စစ္ေဘးဒုကၡသည္အေရအတြက္က ၁ သန္းေလာက္ ရွိတယ္လို႔ ေဖာ္ျပပါတယ္။
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ စစ္ကိုင္းတိုင္းဟာ စစ္ေဘးဒုကၡသည္ အမ်ားဆုံး တိုးလာတဲ့ ေဒသျဖစ္ၿပီးေတာ့ အေရအတြက္အားျဖင့္ စစ္ေဘးေရွာင္ ဦးေရက ၈ သိန္းနီးပါး ရွိခဲ့ပါတယ္။ဒီပမာဏဟာ စစ္ကိုင္းတိုင္းအတြင္းက လူဦးေရ စုစုေပါင္းရဲ႕ ၁၅ ရာခိုင္ႏႈန္း အထိ ရွိတာျဖစ္တယ္လို႔ ISP Myanmar က ေဖာ္ျပထားပါတယ္။
{Unicode}
စစ်အာဏာသိမ်း ၂နှစ်ပြည့် စစ်ပြေးဒုက္ခသည်များအခြေအနေ
ဇန်နဝါရီ ၃၁၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)
စစ်အာဏာသိမ်းမှု ၂ နှစ် ပြည့်ချိန်မှာ မြန်မာနိုင်ငံအတွင်းက စစ်ဒဏ်သင့်ဒေသတွေက စစ်ပြေးဒုက္ခသည်တွေဟာ အခက်အခဲ မျိုးစုံကြုံတွေ့နေကြရပါတယ်။ စစ်ကိုင်းတိုင်းဟာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ထိတွေတိုက်ပွဲ ပြင်းထန်တာနဲ့အမျှ၊ ကျေးရွာတွေ မီးရှို့ခံရသလို ဒေသခံအများအပြားဟာ အိုးအိမ်စွန့်ခွာပြေးနေကြရတာပါ။ နှစ်နှစ်အတွင်းကြုံရတဲ့ အခက်အခဲတွေနဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေနဲ့ ပတ်သက်လို့ သတင်းပေးပို့ထားတာကို မဆုမွန်က တင်ပြပေးပါမယ်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို စစ်တပ်ကအကြမ်းဖက်နှိမ်နင်းပြီးနောက်ပိုင်း၊ မြန်မာနိုင်ငံတဝှမ်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ဆန့်ကျင်မှုတွေရှိလာရာမှာ စစ်ကိုင်းတိုင်းဒေသဟာ အထူးခြားဆုံးနဲ့ အထင်ရှားဆုံးဖြစ်ပါတယ်။ ဆင်းရဲပေမယ့် ဆယ်စုနှစ်တွေနဲ့ချီ တည်ငြိမ်လာခဲ့တဲ့ အဲဒီဒေသတကျောမှာ အခုတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီကဖွဲ့စည်းပေးတဲ့ ပျူစောထီး ပြည်သူ့စစ်တွေက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးဝင်ပြီး၊ နေအိမ်တွေ မီးလောင်တိုက်သွင်းခဲ့တာကြောင့် အတော်များများက အိုးအိမ်မဲ့ဖြစ်ကြရပါတယ်။ ဒါပေမယ့် ဒေသခံအများစုဟာ အခုအချိန်ထိ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ခံကူညီကြတယ်လို့ ကောလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဒေါင်းနီက ပြောပါတယ်။
"တောင့်ခံခဲ့ရတာကတော့ ဒုက္ခ သုခ မျိုးစုံ ကြားထဲကနေပြီးမှ ရုန်းကန်နေရတာပဲ။ ဒါပေမယ့် ဘယ်တော့မှ ကျွန်တော်တို့ကတော့ အသက်မသေမချင်း လက်ကတော့ မလျှော့ဘူးပေါ့။ ပြည်သူတွေရဲ့ စိတ်ဓာတ်ကလည်း တကယ် လေးစားစရာ ကောင်းပါတယ်ဗျ။ ရွာတွေ၊ အိမ်တွေ မီးရှို့ခံရတာ ကျွန်တော်တို့ဖက်တွေဆိုရင် ကျွန်တော်တို့ အောင်ချမ်းသာရွာပေါ့ တစ်ရွာလုံးမှာမှ နှစ်အိမ်ပဲ ကျန်ခဲ့တာ။ ဒါပေမယ့် မရှိ ရှိတဲ့ ကြားထဲက (PDF/စစ်ရှောင်တွေကို)လှူတာတွေ အများကြီးပဲ။"
မြန်မာစစ်ကောင်စီကတော့ PDF တွေဟာ ကျေးရွာတွေကို အခြေပြုပြီး အကြမ်းဖက်လုပ်ငန်းတွေကျူးလွန်နေသလို၊ ကျေးရွာတွေကို မီးရှို့တာရှိတယ်လို့ တန်ပြန်စွပ်စွဲပါတယ်။ ဒေသတွင်းမှာပဲ စစ်ကောင်စီရဲ့ ပျူစောထီးတပ်တွေကို ထောက်ခံတဲ့ကျေးရွာတွေရှိတာကြောင့်လည်း၊ စစ်ကောင်စီလိုလားသူနဲ့ မလိုလားသူ ကျေးရွာတွေအကြား အပြန်အလှန်တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေ၊ ဒေသခံတွေရဲ့ စားနပ်ရိက္ခာတွေကို လုယူတာတွေကြောင့် ဒေသခံတွေအတွက် နေရေး စားရေး အခက်အခဲတွေ အများကြီးရှိနေပေမယ့်၊ လက်ရှိမှာ NUG က ထောက်ပံ့မှု တချို့ရှိသလို ပြည်သူအချင်းချင်းကလည်း လက်တွဲ ကူညီကြတာကြောင့် ဒေသခံတွေအတွက် တောင့်ခံနိုင်နေတဲ့ အခြေအနေဖြစ်တယ်လို့ စစ်ရှောင်တွေအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပြပါတယ်။
"နည်းနည်းတော့ အခက်အခဲ ရှိတယ်၊ ဘာအခက်အခဲရှိသလဲဆိုတော့ နေစရာ ထိုင်စရာ အခက်အခဲဖြစ်တယ်၊ နောက်ပြီးတော့ စားရေး သောက်ရေး အခက်အခဲ ဖြစ်တယ်။ သို့ပေမယ့် ကျွန်တော်တို့မှာက ပြည်သူတွေက ပူးပေါင်းပါဝင်တဲ့အခါကျတော့ မျှတပြီးတော့ စားရတာပေါ့ဗျာ။ နောက်ပြီးတော့ ကျွန်တော်တို့ NUG ကလည်း ထိုက်သင့်အားလျော်စွာ ကျန်းမာရေးဆိုလည်းကျန်းမာရေးအတွက် ပညာရေးအတွက်ဆိုလည်း ပညာရေးအတွက် နောက်ပြီးတော့မှ စစ်ဘေးရှောင်တွေအတွက်ဆိုပြိးတော့လည်း ထိုက်သင့်အားလျော်စွာ နိုင်တဲ့ ဖက်ကနေပြီးတော့မှ နိုင်သလောက် ထိုက်သင့်အားလျော်စွာ ကူညီတာတွေ ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ သေချာတာတခုကတော့ ထမင်းမငတ်ဘူးဗျ။ ဘာလို့လဲ ဆိုတော့ ပြည်သူရှိနေတာကိုး။ ပြည်သူထောက်ခံနေရင် ဘယ်အစိုးရမှ ကျဆုံးတာ မရှိဘူးဗျ။"
သပိတ်အဖွဲ့ ဦးဆောင်သူနဲ့ စစ်ရှောင်တွေကို ကူညီပေးနေသူဖြစ်တဲ့ ဆားလင်းကြီးမြို့နယ်က ကိုလွမ်းသူကတော့ စစ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း ပြည်တွင်းမှာ တိုက်ပွဲအများကြီးဖြစ်ခဲ့သလို စစ်ရှောင်တွေ သောင်းနဲ့ချီများပြားနေပေမယ့်၊ ဒုက္ခသည်တွေအတွက် ရေရှည် ကြိုတင်ပြင်ဆင်မှုမရှိဘူးလို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။
"ကျွန်တော်တို့ ခုလို မီးရှို့ခံရတဲ့ ရွာတွေက ပိုမိုများပြားလာတယ်။ လူထုထဲမှာလည်း ပိုမို ခက်ခဲတဲ့ အကြပ်အတည်းတွေ ကြုံလာတယ်။ ဆိုတော့ အခက်အခဲက ကျွန်တော်တို့ အတွက် ဘာလဲ ဆိုတော့ ရေရှည်မှာ ခုက ၂ နှစ်ပြည့်တော့မယ်ဆိုတော့ ကျွန်တော်တို့ ကြုံတွေ့နိုင်တဲ့ ပြသနာတွေက စစ်ရေးအတွက်ဆို ကျွန်တော်တို့ ဒီလေကြောင်းတိုက်ခိုက်မှုတွေပေါ့၊ အဲ့ဒါတွေအတွက် ကျွန်တော်တို့မှာ ကြိုတင်ပြင်ဆင်မှုတွေ အားနည်းနေသေးတာကို ကျွန်တော်တို့ တွေ့ရတယ်ပေါ့နော်။ နောက်တစ်ခုက ဒီ polatic အရ ကြည့်မယ်ဆိုရင် စားနပ်ရိက္ခာပေါနော်၊ စစ်ရှောင်တွေအတွက် ရိက္ခာ ဘယ်လိုစုဆောင်းကြမလဲ။ ပြီးတော့ ဆေးဝါးတွေအတွက် ဘယ်လိုဆောင်ရွက်ကြမလဲပေါ့။ နောက် ရန်သူဖက်က ဖြတ်လေးဖြတ် စနစ်တွေ လုပ်လာရင် ဘယ်လို လုပ်ကြမလဲပေါ့ အဲ့ဒါတွေအတွက် ကြိုတင်ပြင်ဆင်မှု အပိုင်းမှာ အားနည်းနေတာတွေ ကျွန်တော်တို တွေ့ရပါတယ်။ နောက်အခက်အခဲတွေကတော့ ကျွန်တော်တို့ ရှောင်ရတိမ်းရရင် ဘယ်မှာ IDP Camp တွေရှိမလဲ ဆိုတာတွေပေါ့၊ အဲ့ဒါမျိုးတွေ စဉ်းစားထားချက်မျိုး ပြင်ဆင်ထားချက်မျိုး ကျွန်တော်တို့မှာ အရမ်းအားနည်းနေတာကို ကျွန်တော်တို့ တွေ့ရတယ်ပေါ့လေ။ အခုအချိန်ထိကတော့ ကျွန်တော်တို့ ပြည်သူအများစုကတော ဒါရေရှည်ဖြစ်လာရင်တော့ ဒါ ပိုမိုပြီးတော့ ဒီထက် ဆိုးဝါးတဲ့ ဒီစစ်ရေးမုန်တိုင်း နိုင်ငံရေး မုန်တိုင်းတွေ ကြုံလာရင်တော့ ကျွန်တော်တို့ အများကြီးတော ကြုံရမယ်၊ ကျွန်တော်တို့ခုလည်း တော်တော်ကို ခက်ခက်ခဲခဲရှိတယ်ပေါ့နော်။ ပြည်သူတွေဆီကိုလည်း ကျွန်တော်တို့ အမြဲတစေ Support လုပ်ပေးဖို့ အလှုခံရတာတွေကလည်း တော်တော်ခက်ခဲ ပါတယ်။"
ဝက်လက်မြို့နယ်အတွင်းက ကုလားမရွာနဲ့ လက်ကောက်ကျ ကျေးရွာတွေအပါအဝင် အဲ့ဒီအနီးအနားက ရွာတွေဟာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးတွေကြောင့် ၂၀၂၁ နှစ်လယ်ပိုင်းလောက်ကတည်းက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံရပြီး၊ ဒေသခံတချို့ ဖမ်းဆီးခံရတာ သတ်ဖြတ်ခံရတာတွေရှိပါတယ်။ အဲ့ဒီရွာတွေက ဒေသခံတွေဟာ နီးစပ်ရာတခြားကျေးရွာတွေနဲ့ ဒေသတွေကို ပြောင်းရွေ့ထွက်ပြေးနေကြရသလို တချို့ကလည်း တောထဲမှာပဲ ပုန်းခိုရှောင်တိမ်းနေကြရတာဟာ တစ်နှစ်ခွဲကျော်လောက် ကြာနေပြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးက သူ့ရဲ့ မျှော်လင့်ချက်ကို ခုလိုပြောပါတယ်။
"ဒေသခံတွေကတော့ လှည်းရှိတဲ့သူကလှည်း၊ ကားရှိတဲ့သူက ကားပေါ့ ကိုယ့်ပစ္စည်းလေးတွေကို အဲ့ပေါ်တင်ထား သူတို့မလာရင် ကိုယ့်ဟာကိုယ် ချက်ပြုတ်စား၊ သူတို့လာရင် ဘေးကိုထွက်ပြေး။ သူတို့ဝင်လာရင် လွတ်ရာလေး ထွက်ပြေးလိုက် သူတို့ အေးသွားပြီဆိုတခါ ပြန်ဝင်လိုက် ဒီလိုပဲ လုပ်ကိုင်စားသောက်နေကြရတာပဲ တစ်နှစ်လုံး။ ကျွန်တော်တို့ အနေနဲ့ကတော့ မျှော်လင့်တာကတော့ ပြည်သူတွေ ကျွန်တော်တို့ တောသူတောင်သားတွေ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း မပူရ မပင်ရ လုပ်ကိုင်စားသောက်နေဖို့ရာ အဆင့်လောက် ကလွဲရင် ကျန်တာကိုလည်းကျွန်တော်တို့ သိပ်မျှော်လင့်ချက်မထားပါဘူး။"
ကန့်ဘလူမြို့နယ် အတွင်းမှာလည်း စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေကြောင့် ကျေးရွာတွေက ဒေသခံ သောင်းဂဏန်းလောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာပါ။ ရွာသစ်ရွာကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေး စစ်ကြောင်း ဝင်ရောက်ခဲ့တာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေကြရပြီး ခုအချိန်ထိ ရွာကို ပြန်မဝင်နိုင်ကြသေးဘဲ စစ်ရှောင်နေရတာ ၁၀ လ ကျော်လာပြီ ဖြစ်ပြီး လက်ရှိမှာ စားသောက်ရေးအတွက် အခက်အခဲ ဖြစ်နေတဲ့အကြောင်းကို စစ်ရှောင်တစ်ဦးက ခုလိုပြောပါတယ်။
"ကျွန်မတို့ခု တောထဲမှာ ထမင်းစားနေကြတာ။ ရှိတဲ့ အလုပ်လေးတွေ လိုက်လုပ်ပြီးတော့ စားသောက်နေရတာ၊ ရွာထဲကိုလည်း မဝင်ရဲလို့ မဝင်ဘူးရှင့်။ ဘေးပတ်ပတ်လည်မှာ မြေပဲစိုက်ထားတဲ့ ကုန်းလေးတွေရှိတယ်။ အဲ့မှာ အငှားလိုက်ဆွတ်ပြီးတော့ အဲ့မှာ ၁ တင်းမှ ၂ ပြည်ပဲ ရပါတယ်။ အဲ့ဒါလည်း ကျွန်မတို့မှာ စားဖို့ရာ ရအောင်လို့ ဆွတ်ရတာပါ။ ရှေ့လျောက် ဆန်ဈေးတွေကလည်း ကြီး၊ ဆီးဈေးတွေကလည်းကြိးဆိုတော့ ဘယ်လိုစားရမလဲဆိုတာ တွေးတောင် မတွေးရဲတော့ပါဘူးရှင့်။"
စစ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၂ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံအတွင်းမှာ ပြည်တွင်း စစ်ပြေး ဒုက္ခသည် ၂ သန်း နီးပါးအထိ တိုးလာတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အာဏာမသိမ်းမီ ကာလကတည်းက ပြည်တွင်းမှာ စစ်ဘေးဒုက္ခသည်က ၅ သိန်းနီးပါး ရှိနေခဲ့ပြီး စစ်အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီး ကာလ ၂ ခုလုံးမှာ နယ်စပ်ဖြတ်ကျော်ပြီး ပြည်ပကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်က ၁ သန်းလောက် ရှိတယ်လို့ ဖော်ပြပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းဟာ စစ်ဘေးဒုက္ခသည် အများဆုံး တိုးလာတဲ့ ဒေသဖြစ်ပြီးတော့ အရေအတွက်အားဖြင့် စစ်ဘေးရှောင် ဦးရေက ၈ သိန်းနီးပါး ရှိခဲ့ပါတယ်။ဒီပမာဏဟာ စစ်ကိုင်းတိုင်းအတွင်းက လူဦးရေ စုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်း အထိ ရှိတာဖြစ်တယ်လို့ ISP Myanmar က ဖော်ပြထားပါတယ်။