ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ရဲ႕ ယာယီသမၼတနဲ႔ ျပည္ေထာင္စု ဝန္ႀကီးခ်ဳပ္အပါအဝင္ ထိပ္ပိုင္းေခါင္းေဆာင္ အမ်ားစုဟာ ျမန္မာျပည္တြင္းမွာပဲ အေျခစိုက္ အလုပ္လုပ္ေနၾကတာျဖစ္လို႔ NUG ဟာ ႏိုင္ငံတကာ သတင္းမီဒီယာတခ်ိဳ႕ သုံးႏႈန္းေျပာေနသလို ျပည္ပေရာက္အစိုးရ၊ အေဝးေရာက္အစိုးရ မဟုတ္ပါဘူးလို႔ NUG သမၼတ႐ုံး ေျပာခြင့္ရ ဦးေက်ာ္ေဇာက ေျပာပါတယ္။ ျပည္သူ႕အစိုးရတရပ္လို ျပည္တြင္းမွာ လုပ္ငန္းေတြကို ေဖာ္ေဆာင္လုပ္ကိုင္ေနတာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။ NUG သမၼတ႐ုံးေျပာခြင့္ရ ဦးေက်ာ္ေဇာကို မအင္ၾကင္းႏိုင္က Zoom ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။
ေမး ။ ။ မဂၤလာပါ ဦးေက်ာ္ေဇာ႐ွင့္။ အခုလို VOA ျမန္မာပိုင္းကို အခ်ိန္ေပးၿပီးေတာ့ အင္တာဗ်ဴးေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္႐ွင့္။
ေျဖ ။ ။ မဂၤလာပါ။ အခုလိုမ်ိဳး ေမးျမန္းေျဖၾကားခြင့္ရတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။
ေမး ။ ။ NUG ၾကားကာလအစိုးရအေနနဲ႔ ႏိုင္ငံတကာသတင္းမီဒီယာေတြနဲ႔ ပတ္သက္လို႔ NUG အစိုးရကို ေခၚေဝၚသုံးစြဲေနတဲ့အေပၚမွာ ေဝဖန္ကန္႔ကြက္တယ္လို႔ သိရတယ္။ အထူးသျဖင့္ အဂၤလိပ္လိုဆိုရင္ေတာ့ Exile - ျပည္ပေရာက္အစိုးရဆိုၿပီးေတာ့ ႏိုင္ငံတကာသတင္းမီဒီယာေတြက သုံးစြဲေနတာ မမွန္ကန္ဘူးလို႔ ေျပာတယ္ဆိုေတာ့ NUG ဘက္က Exile ျပည္မေရာက္ အစိုးရဆိုၿပီးေတာ့ ေခၚေဝၚသုံးစြဲတာ မမွန္ကန္ဘူးဆိုတာကို ဘာေၾကာင့္ေျပာသလဲ႐ွင့္။
ေျဖ ။ ။ က်ေနာ္တို႔ အမ်ိဳးသားညီၫႊတ္ေရးအစိုးရ NUG ကို အထူးသျဖင့္ ျပည္ပမီဒီယာေတြက နားလည္မႈလြဲၿပီးေတာ့ အေဝးေရာက္အစိုးရလို႔ ေျပာတယ္။ အဂၤလိပ္လို Exiled Government လို႔ သုံးႏႈန္းထားတာေတြကို ေတြ႕႐ွိရပါတယ္။ က်ေနာ္တို႔အေနနဲ႔ ေဆြးေႏြးတင္ျပခ်င္တာကေတာ့ က်ေနာ္တို႔အစိုးရက အေဝးေရာက္အစိုးရ မဟုတ္ဘူး။ ျပည္ပေရာက္အစိုးရ မဟုတ္ဘူး။ Exiled Government မဟုတ္ဘူးဆိုတာကို ေျပာၾကားခ်င္ပါတယ္။ အထူးသျဖင့္ဆိုရင္ အေရးႀကီးဆုံးျဖစ္တဲ့ ေခါင္းေဆာင္ႀကီးတေယာက္ျဖစ္တဲ့ ယာယီသမၼတႀကီး၊ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္တို႔က ျပည္တြင္းထဲက သူတို႔႐ုံးေတြကေန အစိုးရတာဝန္ကို ထမ္းေဆာင္ေနၾကပါတယ္။ ဝန္ႀကီးအဖြဲ႕ Cabinet ရဲ႕ အမ်ားစုကလည္း ျမန္မာႏိုင္ငံတြင္းမွာ ျမန္မာႏိုင္ငံေဒသ - ေနရာေတာ့ မတူဘူး - ေဒသေတြမွာ လႈပ္႐ွားေနတယ္။ အစိုးရတာဝန္ကို ထမ္းေဆာင္ေနတယ္။ ေတာ္လွန္ေရးတာဝန္ကို ထမ္းေဆာင္ေနၾကတာ ျဖစ္တယ္။ ဒါေၾကာင့္ က်ေနာ္တို႔အစိုးရဟာ ျပည္ပေရာက္အစိုးရ မဟုတ္ဘူး။ ျမန္မာျပည္ထဲမွာေနၿပီး ျမန္မာျပည္သူလူထုနဲ႔အတူ ေခါင္းေဆာင္ေတြဟာ ရပ္တည္ေနၿပီးေတာ့ အစိုးရတာဝန္ေတြကို ထမ္းေဆာင္ေနတာ။ ဒီတရားဝင္ ဖြဲ႕စည္းထားတဲ့ De Jure ေခၚတဲ့ တရားဝင္ဖြဲ႕စည္းထားတဲ့ Legitimate အစိုးရတရပ္ ျဖစ္တယ္ဆိုတာကို ေျပာၾကားခ်င္ပါတယ္။
ေမး ။ ။ အဲဒီေတာ့ တဘက္မွာ အျငင္းပြားစရာအခ်က္ကေတာ့ NUG က အစိုးရတရပ္ဆိုေပမဲ့ တကယ္တမ္း တခ်ိဳ႕အေရးပါတဲ့ ဝန္ႀကီးေတြ၊ ေနာက္ အစိုးရအဖြဲ႕ဝင္ေတြက ဥေရာပႏိုင္ငံေတြ၊ အေမရိကန္နဲ႔ အျခားျပည္ပႏိုင္ငံေတြမွာ ေနထိုင္ေနၾကတာေတြလည္း ႐ွိတယ္။ အစိုးရတရပ္အေနနဲ႔ ျပည္တြင္းမွာ တရားဝင္ အုပ္ခ်ဳပ္တဲ့အဆင့္ပဲ ေလာေလာဆယ္ မေရာက္ေသးတဲ့အတြက္ေၾကာင့္ ႏိုင္ငံတကာ သတင္းမီဒီယာေတြဘက္ကေတာ့ သူတို႔ဟာ ျပည္ပမွာ လႈပ္႐ွားေနတဲ့အဖြဲ႕ အစိုးရအဖြဲ႕တရပ္အေနနဲ႔ သုံးစြဲတာမ်ိဳးလည္း ႐ွိတယ္။ ဒါကို ဦးေက်ာ္ေဇာဘက္က ဘယ္လိုတုံ႔ျပန္မလဲ႐ွင့္။
ေျဖ ။ ။ အခုနေျပာသလို က်ေနာ္တို႔ ျပည္ပေရာက္ေနတယ္ဆိုတာ မဟုတ္ဘူး။ က်ေနာ္တို႔ ျပည္တြင္းမွာ အစိုးရအဖြဲ႕မွာ ဝန္ႀကီး၊ ဒု-ဝန္ႀကီး၊ Cabinet (၃၇) ေယာက္နဲ႔အတူ ႐ွိပါတယ္။ အမ်ားစုက ျပည္တြင္းထဲမွာ ေနၿပီးေတာ့ ျပည္တြင္းထဲကေန အလုပ္လုပ္ကိုင္ေနၾကတာ ျဖစ္ပါတယ္။ အခုနေျပာသလို သမၼတႀကီးနဲ႔ ဝန္ႀကီးခ်ဳပ္ဆိုရင္လည္း ျပည္တြင္းထဲမွာပဲ ေတာက္ေလွ်ာက္႐ွိေနပါတယ္။ ေနာက္ ႏိုင္ငံတကာမီဒီယာေတြနဲ႔ ေတြ႕ဆုံတာတို႔၊ ႏိုင္ငံတကာ အစိုးရအဖြဲ႕ေတြ၊ အစိုးရေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံတယ္ဆိုရင္လည္း ျပည္တြင္းထဲကေန အြန္လိုင္းကတဆင့္ ေတြ႕ဆုံေဆြးေႏြးပြဲေတြ လုပ္တယ္။ ဆိုေတာ့ ျပည္ပကို လုံးဝမထြက္ဘဲနဲ႔ ျပည္တြင္းထဲက လႈပ္႐ွားေနၾကတာ။ က်ေနာ္ အခုနေျပာသလိုပဲ အဖြဲ႕ဝင္အမ်ားစုက ျပည္တြင္းမွာ ဆက္ေနထိုင္ၿပီးေတာ့ တာဝန္ယူေဆာင္႐ြက္ေနတယ္။ ဒါေပမဲ့ ဝန္ႀကီးတခ်ိဳ႕အခုနတုန္းက ေထာက္ျပေျပာျပေနသလို။ အေရးႀကီးတဲ့ ဝန္ႀကီးတခ်ိဳ႕က ျပည္ပမွာ အစိုးရတာဝန္အရ လုပ္ကိုင္ေနတာ ႐ွိပါတယ္။ ဥပမာ ႏိုင္ငံျခားေရးဝန္ႀကီးဆိုရင္ ျပည္ပမွာ႐ွိတဲ့ ႏိုင္ငံတကာ ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔အတြက္ပဲ၊ ႏိုင္ငံျခားေရးဝန္ႀကီးတာဝန္ ထမ္းေဆာင္ဖို႔အတြက္ ႏိုင္ငံတကာ ေရာက္႐ွိေနတာ ႐ွိတယ္။ အနည္းစုေသာ ဝန္ႀကီးေတြ ျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီအနည္းစုက အစိုးရတာဝန္အရ ျပည္ပမွာ လႈပ္႐ွားေနတာ ျဖစ္ပါတယ္။ အခ်ိဳ႕ဝန္ႀကီးေတြဆိုရင္ ပါလီမန္ေတြမွာ ေတြ႕ဆုံေဆြးေႏြးတယ္။ အစိုးရအဖြဲ႕ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးတယ္ဆိုတာကို ေတြ႕ရပါလိမ့္မယ္။ အုပ္ခ်ဳပ္ေရးပိုင္ကို မလုပ္ႏိုင္ေသးဘူးဆိုလို႔ အျငင္းပြားစရာ ႐ွိတယ္ဆိုတာကို ေျပာရမယ္ဆိုရင္ က်ေနာ္တို႔အစိုးရက အစိုးရအဂၤါရပ္ De Jury ႐ွိမယ္။ De Facto ႐ွိမယ္။ က်ေနာ္တို႔က De Jure ေကာ၊ De Facto ေကာ ျပည္စုံတဲ့ အစိုးရတခု။
De Jury ဆိုရင္ ဘာလဲဆိုေတာ့ Legitimate ျဖစ္တယ္။ Legal recognization ျဖစ္ဖို႔ အစိုးရဟာ ပါလီမန္လန္လႊတ္ေတာ္က ကိုယ္စားျပဳတဲ့ လႊတ္ေတာ္ကေန ခန္႔ထားတဲ့ အစိုးရ ျဖစ္တယ္။ De Facto ဘက္မွာလဲ ျပည္တြင္းမွာ ေျမျပင္မွာ အခ်က္အလက္ေတြ၊ အဂၤလိပ္လို ေျပာမယ္ဆိုရင္ Factual Recognization လုပ္ကိုင္ေနၾကတာ ႐ွိတယ္။ ဥပမာဆိုရင္ ျမန္မာႏိုင္ငံထဲမွာ ျမန္မာႏိုင္ငံရဲ႕ နယ္ေျမစိုးမိုးမႈက႑ တဝက္ေက်ာ္ေက်ာ္က က်ေနာ္တို႔နဲ႔ ေတာ္လွန္ေရးအင္အားစုေတြ ထိန္းခ်ဳပ္ထားႏိုင္တာ။ အၾကမ္းဖက္စစ္ေကာင္စီကိုယ္တိုင္ေတာင္ ေဝဖန္ခဲ့တယ္။ ျမန္မာႏိုင္ငံရဲ႕ ၿမိဳ႕နယ္တဝက္ခန္႔က စစ္တပ္ရဲ႕ အုပ္ခ်ဳပ္မႈ၊ စစ္တပ္ မထိန္းႏိုင္ဘူးဆိုတကို ေဖေဖၚဝါရီလ (၁) ရက္ေန႔တုန္းက ဝန္ခံေျပာၾကားသြားတာ ေတြ႕ရပါလိမ့္မယ္။ ဆိုေတာ့ ေျမျပင္ေပၚမွာ က်ေနာ္တို႔ စိုးမိုးတဲ့နယ္ေျမေတြဟာ ျမန္မာႏိုင္ငံရဲ႕ ထက္ဝက္ေက်ာ္ ႐ွိေနမယ္။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ အုပ္ခ်ဳပ္ေရးက႑ေတြလည္း ေဖာ္ေဆာင္ေနတယ္။ အခုဆိုရင္ ျပည္သူ႕အုပ္ခ်ဳပ္ေရးအဖြဲ႕ေခၚတဲ့ ပကဖေတြ ၿမိဳ႕နယ္ေပါင္း (၁၅၄) ေနရာ ဖြဲ႕စည္းထားႏိုင္ၿပီ ျဖစ္ပါတယ္။ ထိုနည္းတူစြာပဲ တရားေရးက႑ေတြက အေနာက္ကေန လိုက္လာမယ္။ အခု တရား႐ုံးေတြလည္း စၿပီးေတာ့ ဖြဲ႕စည္းၿပီ။ ျပည္သူ႕တရားသူႀကီးအဖြဲ႕ေတြ ဖြဲ႕လာတယ္။ ၿမိဳ႕နယ္ေပါင္း (၂၅) ၿမိဳ႕နယ္မွာ ႐ွိေနၿပီ။ ေနာက္ ပညာေရး၊ က်န္းမာေရးက႑ေတြမွာ ဝန္ေဆာင္မႈေတြေပးတာ။ ေနာက္ TeleHealth နဲ႔ ေပးေနတယ္။ အဲဒီက႑က ျမန္မာႏိုင္ငံအျပင္ ျမန္မာႏိုင္ငံ ျပင္ပမွာ ေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေတြနဲ႔ က်ေနာ္တို႔ NUG အစိုးရရဲ႕ က်န္းမာေရးဝန္ေဆာင္မႈကို ခံယူေနတာေတြ ႐ွိပါတယ္။ ဥပမာ က်န္းမာေရးက႑ဆိုရင္ ေဆး႐ုံေပါင္း (၆၆) ႐ုံ ဖြင့္ထားၿပီးၿပီ။ ေနာက္ၿပီးေတာ့ ေ႐ွ႕တန္းေဆးခန္းေတြ (၁၆၀) ေက်ာ္၊ ေနာက္ၿပီးေတာ့ Mobile Clinic ေခၚတဲ့ ေ႐ႊ႕ေျပာင္းေဆးခန္းေတြ (၂၆၀-၂၇၀) ေလာက္ ဖြင့္ၿပီးေတာ့ ျပည္သူလူထုကို က်န္းမာေရးဝန္ေဆာင္မႈေတြ ေပးေနပါတယ္။
ပညာေရးက႑မွာဆိုရင္လည္း က်ေနာ္တို႔ေတြ ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမေတြမွာ အထူးသျဖင့္ ေက်ာင္းေတြဆိုရင္ ၄၃၀၀ ေက်ာ္ ေက်ာင္းေတြ ႐ွိပါတယ္။ အေျခခံပညာကစၿပီးေတာ့ အထက္တန္းပညာ၊ အဆင့္ျမင့္ပညာေတြအတြက္လည္း University Level အထိကို ပို႔ခ်ေနတဲ့ Online Courses ေတြကို ေတြ႕ပါလိမ့္မယ္။ ေက်ာင္းသားေပါင္း ၈ သိန္းေက်ာ္ေက်ာ္ကို ဝန္ေဆာင္မႈေတြေပးတယ္။ ပညာသင္ၾကားေပးေနတယ္။ အဲဒီၾကားထဲက အၾကမ္းဖက္စစ္ေကာင္စီကေန ေက်ာင္းေတြကို ဗုံးႀကဲတိုက္ခိုက္ၿပီးေတာ့ ကေလးေတြကို သတ္ျဖတ္တာေတြ ေတြ႕ရပါလိမ့္မယ္။ ေနာက္ၿပီးေတာ့ အစိုးရတရပ္အေနနဲ႔ အဂၤါရပ္နဲ႔ညိတဲ့ အခြန္က႑ဆိုလည္း စိုးမိုးနယ္ေျမတခ်ိဳ႕မွာ အခြန္အေကာက္ေတြ စတင္ေကာက္ခံေနပါၿပီ။ ဒါေပမဲ့ ျပည္သူလူထုကိုုဝန္ထုပ္ဝန္ပိုး မျဖစ္ဘဲနဲ႔ စီးပြားေရးသမားေတြ - ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္း႐ွင္ေတြထံမွ စနစ္တက် ေကာက္ခံတယ္။ အဲဒီမွာ က်ေနာ္တို႔မွာ ဖက္ဒရယ္စနစ္အရ အေျခခံတဲ့စနစ္အရ ခြဲေဝသုံးစြဲတာေတြ - ဗဟိုနဲ႔ ျပည္နယ္ေဒသေတြ ခြဲေဝသုံးစြဲတဲ့အပိုင္းေတြ စတင္ၿပီေတာ့ က်င့္သုံးလာတာကို ေတြ႕ရလိမ့္မယ္။ ဆိုေတာ့ အခန္းက႑ေပါင္းစုံမွာ က်ေနာ္တို႔ေတြက အစိုးရတရပ္အေနနဲ႔ တာဝန္ယူေဆာင္႐ြက္ေနပါတယ္။
ေမး ။ ။ အဲဒါေတြက ဘယ္နယ္ေျမေတြ၊ ဘယ္လိုေဒသေတြလည္းဆိုတာကို ေျပာလို႔ရလား။ ဥပမာဆိုရင္ ဆီးရီးယားႏိုင္ငံ အေျခအေနမွာဆိုရင္ အတိုက္အခံနဲ႔ အစိုးရဟာ သူတို႔ေတြ ႏွစ္ဘက္တိုက္ပြဲေတြ ျဖစ္ၾကတယ္။ သူတို႔ရဲ႕နယ္ေျမေဒသ သတ္မွတ္ခ်က္ေတြမွာ ထင္သာျမင္သာ ဘယ္အပိုင္းကေတာ့ အစိုးရကို ဆန္႔က်င္တဲ့ အုပ္စုေတြက စိုးမိုးထားတယ္ဆိုတဲ့ဟာမ်ိဳးေပါ့။ အခု ျမန္မာႏိုင္ငံလို အေျခအေနမ်ိဳးမွာၾကေတာ့ NUG အေနနဲ႔ အခုဆိုရင္ နယ္ေျမေတြ ႐ွိတယ္။ ထိန္းခ်ဳပ္ထားတဲ့ ေဒသေတြ ႐ွိတယ္ဆိုရင္ ဘယ္လိုနယ္ေျမေတြလည္းဆိုတာကို အတိအက် ေျပာလို႔ရပါသလား႐ွင့္။
ေျဖ ။ ။ အတိအက်ေတာ့ လုံျခဳံေရးအရ ေျပာဖို႔အတြက္ နည္းနည္းခက္ခဲ ႐ွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အၾကမ္းဖက္စစ္ေကာင္စီက ကုန္ေၾကာင္းကေန တိုက္ခိုက္မအုပ္ခ်ဳပ္ႏိုင္ေတာ့ ေလေၾကာင္းကေန ျပည္သူလူထုကို ဒုကၡေပး သတ္ျဖတ္ေနတာေတြ ႐ွိတယ္။ အုပ္ခ်ဳပ္ေရးယႏၲရားကို ဖ်က္ဆီးဖို႔လည္း တတ္ႏိုင္ဆုံး သူတို႔ႀကိဳးစားေနၾကတယ္။ ဥပမာဆိုရင္ က်ေနာ္တို႔ သတင္းစာ႐ွင္းလင္းပြဲတခ်ိဳ႕မွာလည္း ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္ ေျပာသြားတာလည္း ႐ွိပါတယ္။ ဥပမာ ျမန္မာျပည္အလယ္ပိုင္းေဒသ စစ္ကိုင္းတိုင္း၊ မေကြးတိုင္းေတြမွာဆိုရင္ ထိန္းခ်ဳပ္နယ္ေျမ ၈၀ ရာခိုင္ႏႈန္းေလာက္ ႐ွိေနတယ္ဆိုေတာ့ - ဥပမာ စစ္ကိုင္းတိုင္း။ တိုင္းရင္းသားေဒသေတြမွာဆိုရင္လည္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ၊ ေတာ္လွန္ေရးအင္အားစုေတြ မဟာမိတ္ေတြက ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမေတြက တိုင္းရင္းသားျပည္နယ္ေတြမွာ အမ်ားစု ႐ွိေနပါတယ္။ ဥပမာ ခ်င္းျပည္နယ္ကို ၾကည့္လိုက္ရင္ CDF, CNF တို႔ ေၾကညာထားတာလည္း ႐ွိပါတယ္။ နယ္ေျမအမ်ားစု ၈၀ ရာခိုင္ႏႈန္းေက်ာ္ေက်ာ္ ထိန္းခ်ဳပ္ထားႏိုင္တယ္။ သူတို႔က ေလေၾကာင္းကေန တခါတရံ ဗုံးႀကဲတာေတြ ႐ွိမယ္။
ေမး ။ ။ တဘက္မွာၾကေတာ့ စစ္ေဘးဒုကၡသည္ေတြ၊ ထြက္ေျပးတိမ္းေ႐ွာင္ေနရတဲ့ စစ္ေ႐ွာင္ဒုကၡသည္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ NUG က တကယ့္ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမေတြကို ေရာက္လာေအာင္ ဒါမ်ိဳးေတြအေနနဲ႔ေကာ လုပ္တဲ့အေနအထားမ်ိဳးေတြ၊ သူတို႔တကယ့္ေျမျပင္မွာ ရင္ဆိုင္ေနရတဲ့ ျပည္သူေတြအေနနဲ႔ ငါတို႔က NUG ထိန္းခ်ဳပ္ထားတဲ့ေဒသမွာ ငါတို႔အတြက္ေတာ့ လုံျခဳံတယ္ဆိုတဲ့ အေျခအေနမ်ိဳးေတြ ေရာက္ၿပီလား႐ွင့္။
ေျဖ ။ ။ တခ်ိဳ႕ေနရာေတာ္ေတာ္မ်ားမ်ားမွာ ႐ွိေနပါၿပီ။ အခု သတင္းေတြမွာပါေနတဲ့ မီး႐ိႈ႕တယ္၊ ဖ်က္တယ္ဆိုတဲ့ဟာေတြက အမ်ားစုက SACM Report မွာလည္း ေရးထားတယ္။ ၿပိဳင္ဆိုင္ေနတဲ့ ေနရာေတြမွာ သူတျပန္ငါတျပန္ တိုက္ပြဲေတြ ဆင္ႏႊဲေနၾကတယ္။ စစ္ေကာင္စီက စစ္ေၾကာင္းထိုးလာမယ္။ ျပန္ဆုတ္သြားတယ္။ က်ေနာ္တို႔ေတြ ေတာ္လွန္ေရးအင္အားစုေတြက ျပန္လည္တိုက္ခိုက္တယ္။ တခါတေလၾကရင္ ေတာ္လွန္ေရးအင္အားစုေတြက ထိန္းခ်ဳပ္ထားႏိုင္တယ္။ အဲဒီလိုမ်ိဳး႐ွိတဲ့ ေနရာေတြ ေတာ္ေတာ္မ်ားမ်ားမွာ - ဒါေပမဲ့ က်ေနာ္တို႔ တကယ္ထိန္းခ်ဳပ္တဲ့ နယ္ေျမေတြဆိုရင္ေတာ့ - က်ေနာ္ အခုနက ေျပာခဲ့တယ္ ေလေၾကာင္းရန္ကေတာ့ ႐ွိေနတယ္။ ဒါေၾကာင့္လဲ အဓိက မေျပာႏိုင္တဲ့အရာ။ အကယ္၍ ေဖာ္ျပၿပီး ၿမိဳ႕နယ္ (က) ကို ေျပာလိုက္ရင္ အဲဒီေနရာကို ေလေၾကာင္းကေန ဟယ္လီေကာ္ပတာနဲ႔ စစ္သားေတြခ်ၿပီးေတာ့ မီး႐ိႈ႕တာေတြ ႐ွိမယ္။ တခ်ဳိဳ႕ၾကေတာ့ ဘာျဖစ္လဲဆိုေတာ့ ျပည္သူေတြကပဲ ကိုယ့္ေနရာကိုယ္ပဲ ျပန္သြားခ်င္တယ္။ ကိုယ့္ရဲ႕ေမြးရပ္ဌာနီကိုပဲ သြားခ်င္တယ္။ သူတို႔ေတြ စစ္ေၾကာင္းထိုးလာတဲ့ - အျပန္အလွန္ တိုက္ပြဲျဖစ္ေနတဲ့ ေနရာေတြမွာ သူတို႔ေတြ ေ႐ွာင္သြားတယ္။ ေတာ္လွန္ေရးအင္အားစုေတြ ႐ွိတဲ့ေနရာေတြကို ေ႐ွာင္သြားတာ ႐ွိတယ္။ သူတို႔လုံျခဳံတဲ့ေနရာေတြကို ေ႐ွာင္သြားတာေတြ ႐ွိတယ္။ ၿပီးရင္ ကိုယ့္ေနရာ ကိုယ္ျပန္ၾကတယ္။ ကိုယ့္ေနရာ ကိုယ္ျပန္ခ်င္ၾကတယ္။ ျပန္လည္ၿပီးေတာ့ ေဆာက္လုပ္ၾကတယ္ .. အဲဒါမ်ိဳးေတြ ႐ွိေနၾကပါတယ္။
မအင္ၾကင္းႏိုင္ ။ ။ အခုလိုမ်ိဳး VOA ျမန္မာပိုင္းကို အခ်ိန္ေပးၿပီးေတာ့ ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္႐ွင့္။
ဦးေက်ာ္ေဇာ ။ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ အခုလိုမ်ိဳး ေမးခြန္းေလးေတြကို ေျဖၾကားခြင့္ရတဲ့အတြက္ ေက်းဇူးတင္ပါတယ္။
မအင္ၾကင္းႏိုင္ ။ ။ NUG အစိုးရရဲ႕ ယာယီသမၼတ႐ုံး ေျပာခြင့္ရ ဦးေက်ာ္ေဇာကို ဆက္သြယ္ေမးျမန္းခဲ့တာပါ႐ွင့္။
==== Unicode ====
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတနဲ့ ပြည်ထောင်စု ဝန်ကြီးချုပ်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် အများစုဟာ မြန်မာပြည်တွင်းမှာပဲ အခြေစိုက် အလုပ်လုပ်နေကြတာဖြစ်လို့ NUG ဟာ နိုင်ငံတကာ သတင်းမီဒီယာတချို့ သုံးနှုန်းပြောနေသလို ပြည်ပရောက်အစိုးရ၊ အဝေးရောက်အစိုးရ မဟုတ်ပါဘူးလို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောက ပြောပါတယ်။ ပြည်သူ့အစိုးရတရပ်လို ပြည်တွင်းမှာ လုပ်ငန်းတွေကို ဖော်ဆောင်လုပ်ကိုင်နေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ မင်္ဂလာပါ ဦးကျော်ဇောရှင့်။ အခုလို VOA မြန်မာပိုင်းကို အချိန်ပေးပြီးတော့ အင်တာဗျူးပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင့်။
ဖြေ ။ ။ မင်္ဂလာပါ။ အခုလိုမျိုး မေးမြန်းဖြေကြားခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မေး ။ ။ NUG ကြားကာလအစိုးရအနေနဲ့ နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ ပတ်သက်လို့ NUG အစိုးရကို ခေါ်ဝေါ်သုံးစွဲနေတဲ့အပေါ်မှာ ဝေဖန်ကန့်ကွက်တယ်လို့ သိရတယ်။ အထူးသဖြင့် အင်္ဂလိပ်လိုဆိုရင်တော့ Exile - ပြည်ပရောက်အစိုးရဆိုပြီးတော့ နိုင်ငံတကာသတင်းမီဒီယာတွေက သုံးစွဲနေတာ မမှန်ကန်ဘူးလို့ ပြောတယ်ဆိုတော့ NUG ဘက်က Exile ပြည်မရောက် အစိုးရဆိုပြီးတော့ ခေါ်ဝေါ်သုံးစွဲတာ မမှန်ကန်ဘူးဆိုတာကို ဘာကြောင့်ပြောသလဲရှင့်။
ဖြေ ။ ။ ကျနော်တို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကို အထူးသဖြင့် ပြည်ပမီဒီယာတွေက နားလည်မှုလွဲပြီးတော့ အဝေးရောက်အစိုးရလို့ ပြောတယ်။ အင်္ဂလိပ်လို Exiled Government လို့ သုံးနှုန်းထားတာတွေကို တွေ့ရှိရပါတယ်။ ကျနော်တို့အနေနဲ့ ဆွေးနွေးတင်ပြချင်တာကတော့ ကျနော်တို့အစိုးရက အဝေးရောက်အစိုးရ မဟုတ်ဘူး။ ပြည်ပရောက်အစိုးရ မဟုတ်ဘူး။ Exiled Government မဟုတ်ဘူးဆိုတာကို ပြောကြားချင်ပါတယ်။ အထူးသဖြင့်ဆိုရင် အရေးကြီးဆုံးဖြစ်တဲ့ ခေါင်းဆောင်ကြီးတယောက်ဖြစ်တဲ့ ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်တို့က ပြည်တွင်းထဲက သူတို့ရုံးတွေကနေ အစိုးရတာဝန်ကို ထမ်းဆောင်နေကြပါတယ်။ ဝန်ကြီးအဖွဲ့ Cabinet ရဲ့ အများစုကလည်း မြန်မာနိုင်ငံတွင်းမှာ မြန်မာနိုင်ငံဒေသ - နေရာတော့ မတူဘူး - ဒေသတွေမှာ လှုပ်ရှားနေတယ်။ အစိုးရတာဝန်ကို ထမ်းဆောင်နေတယ်။ တော်လှန်ရေးတာဝန်ကို ထမ်းဆောင်နေကြတာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အစိုးရဟာ ပြည်ပရောက်အစိုးရ မဟုတ်ဘူး။ မြန်မာပြည်ထဲမှာနေပြီး မြန်မာပြည်သူလူထုနဲ့အတူ ခေါင်းဆောင်တွေဟာ ရပ်တည်နေပြီးတော့ အစိုးရတာဝန်တွေကို ထမ်းဆောင်နေတာ။ ဒီတရားဝင် ဖွဲ့စည်းထားတဲ့ De Jure ခေါ်တဲ့ တရားဝင်ဖွဲ့စည်းထားတဲ့ Legitimate အစိုးရတရပ် ဖြစ်တယ်ဆိုတာကို ပြောကြားချင်ပါတယ်။
မေး ။ ။ အဲဒီတော့ တဘက်မှာ အငြင်းပွားစရာအချက်ကတော့ NUG က အစိုးရတရပ်ဆိုပေမဲ့ တကယ်တမ်း တချို့အရေးပါတဲ့ ဝန်ကြီးတွေ၊ နောက် အစိုးရအဖွဲ့ဝင်တွေက ဥရောပနိုင်ငံတွေ၊ အမေရိကန်နဲ့ အခြားပြည်ပနိုင်ငံတွေမှာ နေထိုင်နေကြတာတွေလည်း ရှိတယ်။ အစိုးရတရပ်အနေနဲ့ ပြည်တွင်းမှာ တရားဝင် အုပ်ချုပ်တဲ့အဆင့်ပဲ လောလောဆယ် မရောက်သေးတဲ့အတွက်ကြောင့် နိုင်ငံတကာ သတင်းမီဒီယာတွေဘက်ကတော့ သူတို့ဟာ ပြည်ပမှာ လှုပ်ရှားနေတဲ့အဖွဲ့ အစိုးရအဖွဲ့တရပ်အနေနဲ့ သုံးစွဲတာမျိုးလည်း ရှိတယ်။ ဒါကို ဦးကျော်ဇောဘက်က ဘယ်လိုတုံ့ပြန်မလဲရှင့်။
ဖြေ ။ ။ အခုနပြောသလို ကျနော်တို့ ပြည်ပရောက်နေတယ်ဆိုတာ မဟုတ်ဘူး။ ကျနော်တို့ ပြည်တွင်းမှာ အစိုးရအဖွဲ့မှာ ဝန်ကြီး၊ ဒု-ဝန်ကြီး၊ Cabinet (၃၇) ယောက်နဲ့အတူ ရှိပါတယ်။ အများစုက ပြည်တွင်းထဲမှာ နေပြီးတော့ ပြည်တွင်းထဲကနေ အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ အခုနပြောသလို သမ္မတကြီးနဲ့ ဝန်ကြီးချုပ်ဆိုရင်လည်း ပြည်တွင်းထဲမှာပဲ တောက်လျှောက်ရှိနေပါတယ်။ နောက် နိုင်ငံတကာမီဒီယာတွေနဲ့ တွေ့ဆုံတာတို့၊ နိုင်ငံတကာ အစိုးရအဖွဲ့တွေ၊ အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံတယ်ဆိုရင်လည်း ပြည်တွင်းထဲကနေ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်တယ်။ ဆိုတော့ ပြည်ပကို လုံးဝမထွက်ဘဲနဲ့ ပြည်တွင်းထဲက လှုပ်ရှားနေကြတာ။ ကျနော် အခုနပြောသလိုပဲ အဖွဲ့ဝင်အများစုက ပြည်တွင်းမှာ ဆက်နေထိုင်ပြီးတော့ တာဝန်ယူဆောင်ရွက်နေတယ်။ ဒါပေမဲ့ ဝန်ကြီးတချို့အခုနတုန်းက ထောက်ပြပြောပြနေသလို။ အရေးကြီးတဲ့ ဝန်ကြီးတချို့က ပြည်ပမှာ အစိုးရတာဝန်အရ လုပ်ကိုင်နေတာ ရှိပါတယ်။ ဥပမာ နိုင်ငံခြားရေးဝန်ကြီးဆိုရင် ပြည်ပမှာရှိတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက်ပဲ၊ နိုင်ငံခြားရေးဝန်ကြီးတာဝန် ထမ်းဆောင်ဖို့အတွက် နိုင်ငံတကာ ရောက်ရှိနေတာ ရှိတယ်။ အနည်းစုသော ဝန်ကြီးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအနည်းစုက အစိုးရတာဝန်အရ ပြည်ပမှာ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ အချို့ဝန်ကြီးတွေဆိုရင် ပါလီမန်တွေမှာ တွေ့ဆုံဆွေးနွေးတယ်။ အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ အုပ်ချုပ်ရေးပိုင်ကို မလုပ်နိုင်သေးဘူးဆိုလို့ အငြင်းပွားစရာ ရှိတယ်ဆိုတာကို ပြောရမယ်ဆိုရင် ကျနော်တို့အစိုးရက အစိုးရအင်္ဂါရပ် De Jury ရှိမယ်။ De Facto ရှိမယ်။ ကျနော်တို့က De Jure ကော၊ De Facto ကော ပြည်စုံတဲ့ အစိုးရတခု။
De Jury ဆိုရင် ဘာလဲဆိုတော့ Legitimate ဖြစ်တယ်။ Legal recognization ဖြစ်ဖို့ အစိုးရဟာ ပါလီမန်လန်လွှတ်တော်က ကိုယ်စားပြုတဲ့ လွှတ်တော်ကနေ ခန့်ထားတဲ့ အစိုးရ ဖြစ်တယ်။ De Facto ဘက်မှာလဲ ပြည်တွင်းမှာ မြေပြင်မှာ အချက်အလက်တွေ၊ အင်္ဂလိပ်လို ပြောမယ်ဆိုရင် Factual Recognization လုပ်ကိုင်နေကြတာ ရှိတယ်။ ဥပမာဆိုရင် မြန်မာနိုင်ငံထဲမှာ မြန်မာနိုင်ငံရဲ့ နယ်မြေစိုးမိုးမှုကဏ္ဍ တဝက်ကျော်ကျော်က ကျနော်တို့နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်တာ။ အကြမ်းဖက်စစ်ကောင်စီကိုယ်တိုင်တောင် ဝေဖန်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ မြို့နယ်တဝက်ခန့်က စစ်တပ်ရဲ့ အုပ်ချုပ်မှု၊ စစ်တပ် မထိန်းနိုင်ဘူးဆိုတကို ဖေဖေါ်ဝါရီလ (၁) ရက်နေ့တုန်းက ဝန်ခံပြောကြားသွားတာ တွေ့ရပါလိမ့်မယ်။ ဆိုတော့ မြေပြင်ပေါ်မှာ ကျနော်တို့ စိုးမိုးတဲ့နယ်မြေတွေဟာ မြန်မာနိုင်ငံရဲ့ ထက်ဝက်ကျော် ရှိနေမယ်။ နောက်ပြီးတော့ ကျနော်တို့ အုပ်ချုပ်ရေးကဏ္ဍတွေလည်း ဖော်ဆောင်နေတယ်။ အခုဆိုရင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါ်တဲ့ ပကဖတွေ မြို့နယ်ပေါင်း (၁၅၄) နေရာ ဖွဲ့စည်းထားနိုင်ပြီ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ တရားရေးကဏ္ဍတွေက အနောက်ကနေ လိုက်လာမယ်။ အခု တရားရုံးတွေလည်း စပြီးတော့ ဖွဲ့စည်းပြီ။ ပြည်သူ့တရားသူကြီးအဖွဲ့တွေ ဖွဲ့လာတယ်။ မြို့နယ်ပေါင်း (၂၅) မြို့နယ်မှာ ရှိနေပြီ။ နောက် ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ ဝန်ဆောင်မှုတွေပေးတာ။ နောက် TeleHealth နဲ့ ပေးနေတယ်။ အဲဒီကဏ္ဍက မြန်မာနိုင်ငံအပြင် မြန်မာနိုင်ငံ ပြင်ပမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ကျနော်တို့ NUG အစိုးရရဲ့ ကျန်းမာရေးဝန်ဆောင်မှုကို ခံယူနေတာတွေ ရှိပါတယ်။ ဥပမာ ကျန်းမာရေးကဏ္ဍဆိုရင် ဆေးရုံပေါင်း (၆၆) ရုံ ဖွင့်ထားပြီးပြီ။ နောက်ပြီးတော့ ရှေ့တန်းဆေးခန်းတွေ (၁၆၀) ကျော်၊ နောက်ပြီးတော့ Mobile Clinic ခေါ်တဲ့ ရွှေ့ပြောင်းဆေးခန်းတွေ (၂၆၀-၂၇၀) လောက် ဖွင့်ပြီးတော့ ပြည်သူလူထုကို ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနေပါတယ်။
ပညာရေးကဏ္ဍမှာဆိုရင်လည်း ကျနော်တို့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အထူးသဖြင့် ကျောင်းတွေဆိုရင် ၄၃၀၀ ကျော် ကျောင်းတွေ ရှိပါတယ်။ အခြေခံပညာကစပြီးတော့ အထက်တန်းပညာ၊ အဆင့်မြင့်ပညာတွေအတွက်လည်း University Level အထိကို ပို့ချနေတဲ့ Online Courses တွေကို တွေ့ပါလိမ့်မယ်။ ကျောင်းသားပေါင်း ၈ သိန်းကျော်ကျော်ကို ဝန်ဆောင်မှုတွေပေးတယ်။ ပညာသင်ကြားပေးနေတယ်။ အဲဒီကြားထဲက အကြမ်းဖက်စစ်ကောင်စီကနေ ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်ပြီးတော့ ကလေးတွေကို သတ်ဖြတ်တာတွေ တွေ့ရပါလိမ့်မယ်။ နောက်ပြီးတော့ အစိုးရတရပ်အနေနဲ့ အင်္ဂါရပ်နဲ့ညိတဲ့ အခွန်ကဏ္ဍဆိုလည်း စိုးမိုးနယ်မြေတချို့မှာ အခွန်အကောက်တွေ စတင်ကောက်ခံနေပါပြီ။ ဒါပေမဲ့ ပြည်သူလူထုကိုုဝန်ထုပ်ဝန်ပိုး မဖြစ်ဘဲနဲ့ စီးပွားရေးသမားတွေ - အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထံမှ စနစ်တကျ ကောက်ခံတယ်။ အဲဒီမှာ ကျနော်တို့မှာ ဖက်ဒရယ်စနစ်အရ အခြေခံတဲ့စနစ်အရ ခွဲဝေသုံးစွဲတာတွေ - ဗဟိုနဲ့ ပြည်နယ်ဒေသတွေ ခွဲဝေသုံးစွဲတဲ့အပိုင်းတွေ စတင်ပြီတော့ ကျင့်သုံးလာတာကို တွေ့ရလိမ့်မယ်။ ဆိုတော့ အခန်းကဏ္ဍပေါင်းစုံမှာ ကျနော်တို့တွေက အစိုးရတရပ်အနေနဲ့ တာဝန်ယူဆောင်ရွက်နေပါတယ်။
မေး ။ ။ အဲဒါတွေက ဘယ်နယ်မြေတွေ၊ ဘယ်လိုဒေသတွေလည်းဆိုတာကို ပြောလို့ရလား။ ဥပမာဆိုရင် ဆီးရီးယားနိုင်ငံ အခြေအနေမှာဆိုရင် အတိုက်အခံနဲ့ အစိုးရဟာ သူတို့တွေ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ကြတယ်။ သူတို့ရဲ့နယ်မြေဒေသ သတ်မှတ်ချက်တွေမှာ ထင်သာမြင်သာ ဘယ်အပိုင်းကတော့ အစိုးရကို ဆန့်ကျင်တဲ့ အုပ်စုတွေက စိုးမိုးထားတယ်ဆိုတဲ့ဟာမျိုးပေါ့။ အခု မြန်မာနိုင်ငံလို အခြေအနေမျိုးမှာကြတော့ NUG အနေနဲ့ အခုဆိုရင် နယ်မြေတွေ ရှိတယ်။ ထိန်းချုပ်ထားတဲ့ ဒေသတွေ ရှိတယ်ဆိုရင် ဘယ်လိုနယ်မြေတွေလည်းဆိုတာကို အတိအကျ ပြောလို့ရပါသလားရှင့်။
ဖြေ ။ ။ အတိအကျတော့ လုံခြုံရေးအရ ပြောဖို့အတွက် နည်းနည်းခက်ခဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အကြမ်းဖက်စစ်ကောင်စီက ကုန်ကြောင်းကနေ တိုက်ခိုက်မအုပ်ချုပ်နိုင်တော့ လေကြောင်းကနေ ပြည်သူလူထုကို ဒုက္ခပေး သတ်ဖြတ်နေတာတွေ ရှိတယ်။ အုပ်ချုပ်ရေးယန္တရားကို ဖျက်ဆီးဖို့လည်း တတ်နိုင်ဆုံး သူတို့ကြိုးစားနေကြတယ်။ ဥပမာဆိုရင် ကျနော်တို့ သတင်းစာရှင်းလင်းပွဲတချို့မှာလည်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောသွားတာလည်း ရှိပါတယ်။ ဥပမာ မြန်မာပြည်အလယ်ပိုင်းဒေသ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေမှာဆိုရင် ထိန်းချုပ်နယ်မြေ ၈၀ ရာခိုင်နှုန်းလောက် ရှိနေတယ်ဆိုတော့ - ဥပမာ စစ်ကိုင်းတိုင်း။ တိုင်းရင်းသားဒေသတွေမှာဆိုရင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တော်လှန်ရေးအင်အားစုတွေ မဟာမိတ်တွေက ထိန်းချုပ်ထားတဲ့ နယ်မြေတွေက တိုင်းရင်းသားပြည်နယ်တွေမှာ အများစု ရှိနေပါတယ်။ ဥပမာ ချင်းပြည်နယ်ကို ကြည့်လိုက်ရင် CDF, CNF တို့ ကြေညာထားတာလည်း ရှိပါတယ်။ နယ်မြေအများစု ၈၀ ရာခိုင်နှုန်းကျော်ကျော် ထိန်းချုပ်ထားနိုင်တယ်။ သူတို့က လေကြောင်းကနေ တခါတရံ ဗုံးကြဲတာတွေ ရှိမယ်။
မေး ။ ။ တဘက်မှာကြတော့ စစ်ဘေးဒုက္ခသည်တွေ၊ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ NUG က တကယ့်ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ရောက်လာအောင် ဒါမျိုးတွေအနေနဲ့ကော လုပ်တဲ့အနေအထားမျိုးတွေ၊ သူတို့တကယ့်မြေပြင်မှာ ရင်ဆိုင်နေရတဲ့ ပြည်သူတွေအနေနဲ့ ငါတို့က NUG ထိန်းချုပ်ထားတဲ့ဒေသမှာ ငါတို့အတွက်တော့ လုံခြုံတယ်ဆိုတဲ့ အခြေအနေမျိုးတွေ ရောက်ပြီလားရှင့်။
ဖြေ ။ ။ တချို့နေရာတော်တော်များများမှာ ရှိနေပါပြီ။ အခု သတင်းတွေမှာပါနေတဲ့ မီးရှို့တယ်၊ ဖျက်တယ်ဆိုတဲ့ဟာတွေက အများစုက SACM Report မှာလည်း ရေးထားတယ်။ ပြိုင်ဆိုင်နေတဲ့ နေရာတွေမှာ သူတပြန်ငါတပြန် တိုက်ပွဲတွေ ဆင်နွှဲနေကြတယ်။ စစ်ကောင်စီက စစ်ကြောင်းထိုးလာမယ်။ ပြန်ဆုတ်သွားတယ်။ ကျနော်တို့တွေ တော်လှန်ရေးအင်အားစုတွေက ပြန်လည်တိုက်ခိုက်တယ်။ တခါတလေကြရင် တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားနိုင်တယ်။ အဲဒီလိုမျိုးရှိတဲ့ နေရာတွေ တော်တော်များများမှာ - ဒါပေမဲ့ ကျနော်တို့ တကယ်ထိန်းချုပ်တဲ့ နယ်မြေတွေဆိုရင်တော့ - ကျနော် အခုနက ပြောခဲ့တယ် လေကြောင်းရန်ကတော့ ရှိနေတယ်။ ဒါကြောင့်လဲ အဓိက မပြောနိုင်တဲ့အရာ။ အကယ်၍ ဖော်ပြပြီး မြို့နယ် (က) ကို ပြောလိုက်ရင် အဲဒီနေရာကို လေကြောင်းကနေ ဟယ်လီကော်ပတာနဲ့ စစ်သားတွေချပြီးတော့ မီးရှို့တာတွေ ရှိမယ်။ တချုို့ကြတော့ ဘာဖြစ်လဲဆိုတော့ ပြည်သူတွေကပဲ ကိုယ့်နေရာကိုယ်ပဲ ပြန်သွားချင်တယ်။ ကိုယ့်ရဲ့မွေးရပ်ဌာနီကိုပဲ သွားချင်တယ်။ သူတို့တွေ စစ်ကြောင်းထိုးလာတဲ့ - အပြန်အလှန် တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ သူတို့တွေ ရှောင်သွားတယ်။ တော်လှန်ရေးအင်အားစုတွေ ရှိတဲ့နေရာတွေကို ရှောင်သွားတာ ရှိတယ်။ သူတို့လုံခြုံတဲ့နေရာတွေကို ရှောင်သွားတာတွေ ရှိတယ်။ ပြီးရင် ကိုယ့်နေရာ ကိုယ်ပြန်ကြတယ်။ ကိုယ့်နေရာ ကိုယ်ပြန်ချင်ကြတယ်။ ပြန်လည်ပြီးတော့ ဆောက်လုပ်ကြတယ် .. အဲဒါမျိုးတွေ ရှိနေကြပါတယ်။
မအင်ကြင်းနိုင် ။ ။ အခုလိုမျိုး VOA မြန်မာပိုင်းကို အချိန်ပေးပြီးတော့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
ဦးကျော်ဇော ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုလိုမျိုး မေးခွန်းလေးတွေကို ဖြေကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မအင်ကြင်းနိုင် ။ ။ NUG အစိုးရရဲ့ ယာယီသမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောကို ဆက်သွယ်မေးမြန်းခဲ့တာပါရှင့်။