သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုဆိုးရွားမှု ကာကွယ်ဖို့ ပတ်ဝန်းက ျင် ထိန်းသိမ်းဖို့လို


ရေကြီးနေတဲ့ စစ်ကိုင်းမြို့ (၂၂ အောက်တိုဘာ ၂၀၁၆)
ရေကြီးနေတဲ့ စစ်ကိုင်းမြို့ (၂၂ အောက်တိုဘာ ၂၀၁၆)

သစ်တောပြုန်းတီးမှုအပါအဝင် သဘာဝပတ်ဝန်းကျင် ပျက်စီးခဲ့တဲ့အကျိုးဆက်အဖြစ် စစ်ကိုင်းတိုင်းမှာ ရုတ်တရက် မိုးသည်းထန် ရေကြီးတဲ့ ဒဏ်ကို ခံစားနေရ တာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအနေနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေး လုပ်ဆောင် နေကြောင်း စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က ပြောဆို လိုက်ပါတယ်။ စစ်ကိုင်းမြို့မှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံ သစ်ပင်ပြိုလဲတာတွေ ဒီကနေ့ ဖြစ်ခဲ့ပြီးနောက် အခုလို ပြောဆိုလိုက် တာလဲ ဖြစ် ပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ ဒီကနေ့မနက်ပိုင်းက မိုးသည်းထန်ပြီး ရေကြီးရေလျှံ တာတွေ သစ်ပင်တွေပြိုလဲတာတွေဖြစ်ခဲ့တာကြောင့် စစ်ကိုင်း မြို့နယ် မီးသတ် ဌာနက လိုက်လံရှင်းလင်းနေတဲ့ သတင်းဓါတ်ပုံတွေကို မြန်မာနိုင်ငံမီးသတ်ဌာနရဲ့ လူမှုကွန်ယက်မီဒီယာတွေပေါ် ဖေါ်ပြထား တာတွေ့ရပါတယ်။ စစ်ကိုင်းမြို့ပေါ် ဒီကနေ့ မိုးသည်းထန်ခဲ့တာကြောင့် ရပ်ကွက် ၅ ခု ရေမြုပ်ခဲ့ကြောင်း ဒါပေမယ့် အရေးပေါ် အခြေအနေ ကြေညာ ရလောက်တဲ့အထိ အခြေအနေမဆိုးသေးကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က VOA မြန်မာပိုင်းကို ပြောပါတယ်။

“ ဒီနေ့တင်ပဲ ကျနော်သိတဲ့ အချိန်ကျတော့ စစ်ကိုင်းမှာ မိုးက မိုးရေချိန်လက်မ ၇ ကျော်လောက် ရွာသွားတယ်။ ရပ်ကွက် ၅ ရပ်ကွက်လောက် ရေမြုပ်နေတယ်၊ အခုတော့ မိုးတိပ်သွားပြီဆိုတော့ ခဏနေပြန်ကျမယ့် သဘောပါ။ သစ်ပင်တွေ ကတော့ ပြိုမှာဗျ၊ မိုးကြီးတာပါ မြစ်ရေတက်တာ မဟုတ်ပါဘူး ”

ပြန်ကြားဝန်ကြီးဌာနရဲ့ မိုးလေဝသသတိပေးချက်မှာတော့ ဘင်္ဂလားပင်လယ်အော် မှာ ဗဟိုပြုနေတဲ့မုန်တိုင်းငယ်ဟာ လာမယ့် ၄၈နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ် ပြောင်းလဲ သွားနိုင်တယ်လို့ ဖေါ်ပြထားတာပါ။ မိုးဇလပညာရှင် ဒေါက်တာ ဦးထွန်းလွင်ကတော့ စစ်ကိုင်းမြို့ပေါ် ဒီကနေ့ မိုးသည်းထန်တာဟာ ဘင်္ဂလားပင် လယ်အော်က ဆိုင်ကလုန်းမုန်တိုင်းရဲ့ အကျိုးဆက်ကြောင့်မဟုတ်ပဲ မိုးတိမ်ေ တာင်ကြောင့် မိုးရွာ သွန်းမှုမျိုးသာ ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

“ ဒီမုန်တိုင်းကြောင့်တော့ မဟုတ်ပါဘူး၊ မုန်တိုင်းက မြန်မာပြည်နားတောင် ကပ် မလာသေး ဘူးလေ။ အဲဒီမှာ ဘာမုန်တိုင်းမှလဲ မရှိဘူး ကျနော်လည်း နေ့တိုင်း ကြည့်နေတာပဲလေ။ အဲ့မှာ သူနောက်ဆုံးရှိရင် မိုးတိမ်တောင် မိုးရွာတာပဲ ရှိမှာ၊ မိုးတိမ်တောင် မိုးရွာရင် အဲလိုဖြစ်တယ်လေ၊ လေပါတယ် တနာရီ ၃-၄၀ လောက် လေတိုက်တယ်။ သစ်ပင်တွေ လဲတယ်ဆိုကတည်းက အဲဒါ မိုးတိမ်တောင်ပါ ”

စစ်ကိုင်းမြို့မှာ ဒီကနေ့ မိုးသည်းထန်၊ ရေကြီးရေလျှံရတာဟာ သစ်တောပြုန်း တီးမှု အပါဝင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုရဲ့အကျိုးဆက် ဖြစ်တာကြောင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေးလုပ်ဆောင်နေရကြောင်း စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

“ အခု ရာသီဥတု ဖေါက်ပြန်နေတယ် မိုးက တမျှော်တခေါ်ကြီး ရွာတယ်၊ ဝေါဆို တအားကြီးချလိုက်တာ။ ခုတော့ မိုးကတိပ်သွားပြန်ရော။ တိပ်သွားပြီးတော့ တခါ မိုးကပြန်ရွာပြန်ရော ရာသီဥတု ဖေါက်ပြန်နေတာတွေပဲဗျ၊ ဒီရက်ပိုင်းတော့ စစ်ကိုင်း တိုင်းမှာက ဟိုတလောကပဲ ရေဦးဘက် တအားရွာ၊ အဲလိုတွေ ရာသီဥတု ဖေါက်ပြန် မှုတွေက အများကြီးဖြစ်နေတာ။ သစ်ပင်သစ်တော ပြုန်းတီးသွားလို့ပေါ့၊ ဒါကြောင့် ကျနော် သွားလေရာမှာ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေး လုပ်နေတယ်။ သစ်ပင်တွေ ခုတ်နေတာလဲ အားလုံး ကျနော်တို့က ထိန်းထိန်း သိမ်းသိမ်းနဲ့ အကုန်လုံး ဥပဒေနဲ့အညီ လုပ်ဆောင်မှာဆိုပြီး လုပ်နေတော့၊ ဒါတောင် တချို့သစ်တွေက ထွက်နေတုန်းလို့ ကြားနေ ရတယ်။ ကျနော်တော့ ပိတ်ဆို့တော့ ပိတ်ဆို့တာပဲ၊ သတ္တုတူးဖေါ်တဲ့ ဟာတွေကလည်း ဆိုးဝါးတော့ အဲဒီမှာလည်း သစ်ပင်တွေ အများကြီး ကုန်တာပဲဗျ၊ ကျောက်မီးသွေးလည်း အဲလိုပဲ ”

မိုးဇလ ဦးစီးဌာနရဲ့ ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော် ဖြစ်ပေါ်နေတဲ့ မုန်တိုင်း ငယ်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တမှာ တစ်ခါတစ်ရံ မိုးသက်ေ လပြင်း ကျရောက်ပြီး၊ လှိုင်းကြီး နိုင်ပါတယ်။ မိုးသက်လေပြင်း ကျစဉ် ရေပြင် /မြေပြင်လေ ဟာ တစ်နာရီ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ ကျန်မြန်မာ့ပင် လယ်ပြင်မှာ လှိုင်းအသင့် အတင့်ရှိပါမယ်။ နောက်(၂)ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ကရင်နဲ့ မွန်ပြည်နယ်တွေမှာ မိုးပိုများလာနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG