သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္လူနာေတြ ထားဖို႔ ဖေလာ္ရီဒါျပည္နယ္တြင္း ေဆးရံုမေလာက္ငွ


ဖေလာ္ရီဒါျပည္နယ္ Miami ၿမိဳ႕ထဲ တေနရာက အိမ္ေျခယာမဲ့ လူတဦးကို COVID ေရာဂါရွိမရွိ စစ္ေဆးေပးေနတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (ဧၿပီ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ COVID-19 အတည္ျပဳလူနာ အေရအတြက္ ျမင့္တက္ေနတာေၾကာင့္ က်န္းမာေရးဝန္ေဆာင္မႈစနစ္မွာ မႏိုင္မနင္းျဖစ္ေနပါတယ္။ ႏိုင္ငံေတာင္ပိုင္း Florida ျပည္နယ္ထဲမွာ႐ွိတဲ့ ေဆး႐ံု ၄၅ ခုက အထူးၾကပ္မတ္ ကုသေဆာင္ေတြမွာ လူနာသစ္အတြက္ ကုတင္ေတြ မ႐ွိေတာ့ဘူးလို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

Florida မွာ တနဂၤေႏြေန႔ တရက္ထဲ အတည္ျပဳလူနာ ၁၂,၀၀၀ ေက်ာ္ပါတယ္။ ၅ ရက္ဆက္တိုက္ အတည္ျပဳလူနာ ၁၀,၀၀၀ ေက်ာ္႐ွိေနတာပါ။

အဆုိးဆံုးျဖစ္ေနတာကေတာ့ Miami ၿမိဳ႕နားတဝိုက္မွာျဖစ္ၿပီး၊ လူနာကုတင္မေလာက္ မငျဖစ္ေနတဲ့ ေဆး႐ံု ၄၅ ခုထဲက ၉ ခုဟာ Miami-Dade ၿမိဳ႕နယ္ထဲမွာျဖစ္ပါတယ္။ အမ်ားျပည္သူၾကားသြားသူေတြ ႏွာေခါင္းစည္းအကာ မဝတ္ရင္ ဒီေန႔ တနလၤာေန႔ကစၿပီး ပထမအႀကိမ္ ဒဏ္ေငြ ေဒၚလာ ၅၀၊ ေနာက္အႀကိမ္ေတြမွာ ဒဏ္ေငြ ေဒၚလာ ၅၀၀ အထိ ဒဏ္တပ္ဖုိ႔ Miami ၿမိဳ႕ေတာ္ဝန္က အမိန္႔ထုတ္ထားပါတယ္။

ႏိုင္ငံအေနာက္ျခမ္းက Los Angeles ၿမိဳ႕မွာလည္း ဒုတိယအႀကိမ္ အိမ္ထဲမွာပဲေနၾကဖို႔ အမိန္႔ထုတ္ရေတာ့မလိုျဖစ္ေနၿပီလို႔ ၿမိဳ႕ေတာ္ဝန္ကေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုတခုလံုးမွာ တနဂၤေႏြေန႔က အတည္ျပဳလူနာ ၆၃,၀၀၀ ႐ွိၿပီး ေသဆံုးသူ ၅၀၀ ေက်ာ္ပါတယ္။ စုစုေပါင္း အတည္ျပဳလူနာကေတာ့ ၃,၇၀၀,၀၀၀ ေက်ာ္႐ွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်လူနာတွေ ထားဖို့ ဖလော်ရီဒါပြည်နယ်တွင်း ဆေးရုံမလောက်ငှ

အမေရိကန်ပြည်ထောင်စုမှာ COVID-19 အတည်ပြုလူနာ အရေအတွက် မြင့်တက်နေတာကြောင့် ကျန်းမာရေးဝန်ဆောင်မှုစနစ်မှာ မနိုင်မနင်းဖြစ်နေပါတယ်။ နိုင်ငံတောင်ပိုင်း Florida ပြည်နယ်ထဲမှာရှိတဲ့ ဆေးရုံ ၄၅ ခုက အထူးကြပ်မတ် ကုသဆောင်တွေမှာ လူနာသစ်အတွက် ကုတင်တွေ မရှိတော့ဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Florida မှာ တနင်္ဂနွေနေ့ တရက်ထဲ အတည်ပြုလူနာ ၁၂,၀၀၀ ကျော်ပါတယ်။ ၅ ရက်ဆက်တိုက် အတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိနေတာပါ။

အဆိုးဆုံးဖြစ်နေတာကတော့ Miami မြို့နားတဝိုက်မှာဖြစ်ပြီး၊ လူနာကုတင်မလောက် မငဖြစ်နေတဲ့ ဆေးရုံ ၄၅ ခုထဲက ၉ ခုဟာ Miami-Dade မြို့နယ်ထဲမှာဖြစ်ပါတယ်။ အများပြည်သူကြားသွားသူတွေ နှာခေါင်းစည်းအကာ မဝတ်ရင် ဒီနေ့ တနင်္လာနေ့ကစပြီး ပထမအကြိမ် ဒဏ်ငွေ ဒေါ်လာ ၅၀၊ နောက်အကြိမ်တွေမှာ ဒဏ်ငွေ ဒေါ်လာ ၅၀၀ အထိ ဒဏ်တပ်ဖို့ Miami မြို့တော်ဝန်က အမိန့်ထုတ်ထားပါတယ်။

နိုင်ငံအနောက်ခြမ်းက Los Angeles မြို့မှာလည်း ဒုတိယအကြိမ် အိမ်ထဲမှာပဲနေကြဖို့ အမိန့်ထုတ်ရတော့မလိုဖြစ်နေပြီလို့ မြို့တော်ဝန်ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုတခုလုံးမှာ တနင်္ဂနွေနေ့က အတည်ပြုလူနာ ၆၃,၀၀၀ ရှိပြီး သေဆုံးသူ ၅၀၀ ကျော်ပါတယ်။ စုစုပေါင်း အတည်ပြုလူနာကတော့ ၃,၇၀၀,၀၀၀ ကျော်ရှိပါတယ်။

XS
SM
MD
LG