သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာပေါ် မသန့်ရှင်းတဲ့ အစားအသောက်ကြောင့် သေဆုံးရသူ ၄ သိန်းကျော် (FAO)


နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့က ဈေးတခုမှာ အသီးအနှံရောင်းချနေသူအချို့။ (အောက်တိုဘာ ၁၆၊ ၂၀၁၂)
နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့က ဈေးတခုမှာ အသီးအနှံရောင်းချနေသူအချို့။ (အောက်တိုဘာ ၁၆၊ ၂၀၁၂)

(Zawgyi / Unicode)

ကမ္ဘာမှာ နှစ်စဉ် လူပေါင်း သန်း ၆၀၀ လောက်ဟာ အစားအသောက် မသန့်ရှင်းမှုကြောင့် နာမကျန်းဖြစ်နေရပြီး သေဆုံးရသူကလည်း ၄၀၀,၀၀၀ ကျော် ရှိနေတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးဆိုင်ရာ FAO အဖွဲ့ အကြီးအကဲ Dominique Burgeon က ပြောပါတယ်။

“လူပေါင်း သန်း ၆၀၀ လောက်ဟာ သူတို့စားတဲ့ အစာထဲမှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ကပ်ပါးကောင်တွေ အဆိပ် ဒါမှမဟုတ် ဓာတုပစ္စည်းတွေ ပါနေတာကြောင့် နာမကျန်း ဖြစ်ကြရသလို အဲဒီ လူ ၁၀ ယောက်မှာ တယောက် သေဆုံးကြရပြီး သေဆုံးရသူက ၄၂၀,၀၀၀ လောက် ရှိနေတယ်” လို့ ပြောသွားတာပါ။

အခုအချိန်အထိ နေရာတိုင်းမှာ အစားအသောက်ကြောင့် ဖျားနာရသူတိုင်းကို အသေအချာ မစစ်ဆေးနိုင်သေးတဲ့အတွက် အခြေအနေဟာ ခုထက် ပိုဆိုးနေနိုင်တယ်လို့လည်း ပြောပါတယ်။

အစားအစာတွေကို ထုတ်လုပ်တဲ့ နေရာကနေ စားသုံးသူလက်ထဲ ရောက်တဲ့အထိ ကြားထဲမှာ အဆင့်မျိုးစုံကို ဖြတ်ရတာဖြစ်ပြီး သိုလှောင်တဲ့ပုံစံ၊ ချက်ပြုတ်တဲ့ပုံစံ၊ တနေရာကနေ တနေရာကို တင်ပို့တာ၊ ထုတ်လုပ်တာလို အဆင့်တိုင်းမှာ ဘေးကင်းအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

စားနပ်ရိက္ခာ လုံခြုံစိတ်ချရရေးအတွက် အဓိက လိုအပ်တာက အစားအသောက် ဘေးကင်းရေး ဖြစ်ပါတယ်။

ကမ္ဘာတလွှား စားနပ်ရိက္ခာဆိုင်ရာ လုံခြုံစိတ်ချရရေးအတွက် ဆန်းစစ်ရာမှာ COVID-19 ကပ်ရောဂါနဲ့ ရင်မဆိုင်ရခင် ၂၀၁၉ ခုနှစ်ထဲမှာ ငတ်မွတ်တဲ့ဒဏ်ခံရသူ သန်း ၆၉၀ လောက် ရှိနေကြောင်း ၂၀၂၀ မှာတော့ COVID-19 အတွက် Lockdown ချ ကန့်သတ်မှုတွေကနေ လူပေါင်း ၁၃၂ သန်းကျော် အစားအစာ မဖူလုံဘဲ ဖြစ်ခဲ့ရတယ်လို့ FAO က နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)






စားနပျရိက်ခာ လုံခွုံစိတျခရြရေးအတှကျ အဓိက လိုအပျတာက အစားအသောကျ ဘေးကငျးရေး ဖွဈပါတယျ။


XS
SM
MD
LG