သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ထောင်ဒဏ်တသက် ချခံရ


တရုတ်နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း Chen Xuyuan ကိုတရားရုံးမှာတွေ့ရစဉ် (မတ် ၂၆၊ ၂၀၂၄)
တရုတ်နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း Chen Xuyuan ကိုတရားရုံးမှာတွေ့ရစဉ် (မတ် ၂၆၊ ၂၀၂၄)

တရုတ်နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းကို ဒေါ်လာ ၁၁ သန်းကျော် လာဘ်ငွေယူမှုနဲ့ ထောင်ဒဏ် တသက် ချမှတ်လိုက်ပါတယ်။ ရှန်ဟိုင်းနိုင်ငံတကာဆိပ်ကမ်း (Shanghai International Port Co 600018.SS) အကြီးအကဲတာဝန်ကို ၂၀၁၀ ခုနှစ်ပိုင်းတွေမှာ တာဝန်ယူခဲ့ပြီး ၂၀၁၉ မှာ တရုတ်ဘောလုံးအဖွဲ့ချုပ် (CFA) ဥက္ကဋ္ဌဖြစ်လာသူ Chen Xuyuan ဟာ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့အလုပ်တွေမှာ ပရောဂျက် ကန်ထရိုက်ပေးတာ၊ လုပ်ငန်းရင်းနှီးမြှပ်နှံတာ၊ အားကစားပွဲအစီအစဉ်တွေလုပ်တဲ့နေရာတွေမှာ လုပ်ပိုင်ခွင့်သုံးပြီး အလွဲသုံးစားလုပ်ခဲ့တယ်လို့ Hubei နယ်တရားရုံးတခုက ဆုံးဖြတ်ခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

အဲဒီလို မလျော်ဩဇာသုံးပြီး ဒေါ်လာ ၁၁ သန်းကျော်နဲ့ညီမျှတဲ့ ယွမ်ငွေ ၈၁ သန်းကျော်ဖိုး ငွေကြေးနဲ့ တန်ဖိုးကြီးပစ္စည်းတွေလက်ခံခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။ တရုတ်နိုင်ငံမှာ ၂၀၂၂ ခုနှစ်ကစပြီး ဘောလုံးအဖွဲ့ချုပ် အဆင့်မြင့်တာဝန်ရှိသူ ၁၂ ယောက်ကျော်ကို လာဘ်စားမှုနဲ့ ပြစ်ဒဏ်တွေချနေတာမှာ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းကို ထောင်ဒဏ် တသက်ချလိုက်တာပါ။ တရုတ်ဘောလုံးလောကကို အကြီးအကျယ်ထိခိုက်အောင် သူလုပ်ခဲ့တယ်လို့ တရားရုံးအပြောကို ကိုးကားပြီး ဆင်ဟွာသတင်းကဖော်ပြပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကလည်း တရုတ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ၂ ယောက်ကို လာဘ်စားမှုနဲ့ ထောင်ဒဏ် ၁၀ နှစ်ခွဲစီ ချမှတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG