သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှေ့လမှာ ပြည်တော်ပြန်လာမည်


ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra
ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra

ပြည်ပမှာနေထိုင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ဟာ သြဂုတ် ၁၀ ရက်မှာ နိုင်ငံတွင်းကို ပြန်လာဖို့ စီစဉ်နေတယ်လို့ သူ့ရဲ့သမီးဖြစ်သူက ဒီနေ့ပဲ ပြောပါတယ်။

“အဖေက သြဂုတ်လ ၁၀ ရက်နေ့မှာ ဒွန်မောင်းလေဆိပ်ကို ပြန်ရောက်မှာပါ။ ဒီလို အိမ်ပြန်ဖို့ ဆုံးဖြတ်ချက်က ၂၀၂၂ ခုနှစ်အစကတည်းက အဖေက အလေးအနက်ထား ပြောခဲ့တဲ့ ကိစ္စပါ။” လို့ Paetongtarn Shinawatra က လူမှုကွန်ယက်ပေါ်မှာ ရေးသား ထားပါတယ်။

ထိုင်းနိုင်ငံရဲ့ လက်ထောက်ရဲချုပ် Surachate Hakparn ကတော့ သက်ဆင်ဟာ နိုင်ငံတွင်းကို ပြန်လာပါက တရားစီရင်ရေး လုပ်ငန်းစဉ်ကို လိုက်နာရမှာဖြစ်တယ်လို့ ပြောပါတယ်။ သူဟာ တိုင်းပြည်ကို ပြန်ရောက်တာနဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တဲ့ အမှုအတော်များများကို ရင်ဆိုင်ရဖွယ်ရှိပေမယ့် သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ Thaksin က ပြောထားပါတယ်။

"သူ လေယာဉ်ပေါ်က ဆင်းတာနဲ့ ရဲတွေက သူတို့ရဲ့တာဝန်တွေကို ပုံမှန်အတိုင်း ဆောင်ရွက်မှာပါ။ သူကတော့ တရားရုံးကိုသွားပြီး သူတို့ဆုံးဖြတ်တာကို နားထောင်ရလိမ့်မယ်" လို့ Surachate က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အသက် ၇၄ နှစ်ရှိ ပြီဖြစ်တဲ့ သက်ဆင်နဲ့ သူ့ရဲ့ ဘီလျံနာမိသားစုက ကျောထောက်နောက်ခံပြုထားတဲ့ Pheu Thai ပါတီဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်သူတွေနဲ့ ကျေးလက်နေလူထုကြားမှာ ရေပန်းစားနေဆဲဖြစ်ပြီး မေလ ၁၄ ရက် စစ်တမ်းအရ လူကြိုက်အများဆုံး ဒုတိယနေရာမှာ ရပ်တည်နေတာပါ။

လက်ရှိမှာတော့ Pheu Thai ပါတီဟာ အစိုးရဖွဲ့ဖို့ ကြိုးစားနေပြီး လာမည့်ရက်တွေမှာ ဝန်ကြီးချုပ်နေရာအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှေ့လမှာ ပြည်တော်ပြန်လာမည်
please wait

No media source currently available

0:00 0:01:41 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG