သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးဒုက္ခသည်တွေ ပြန်လွှတ်ဖို့ ARSA ကို Fortify Rights တောင်းဆို


ရိုဟင်ဂျာ ဒုက္ခသည်များ
ရိုဟင်ဂျာ ဒုက္ခသည်များ

ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ အနေနဲ့ သူတို့ဖမ်းထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ကျပန်းဖမ်းဆီးတာ နှိပ်စက်ညှင်းပမ်းတာတွေ မလုပ်ဖို့အပြင် အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို အကာကွယ်ပေးဖို့ Fortify Rights လူ့အခွင့်ရေးအဖွဲ့ကြီးက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆို လိုက်ပါတယ်။

မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာနေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် အနည်းဆုံး ၅ ဦးကို ARSA အဖွဲ့ဝင်လို့ ယုံကြည်ရသူတွေက ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက်ခဲ့တာ တွေ့ရကြောင်း၊ ကယ်ဆယ် ကူညီရေး လုပ်ဆောင်နေတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အပြင် ရိုဟင်ဂျာဘာသာရေးခေါင်းဆောင်တွေနဲ့ ARSAအဖွဲ့ကို ဝေဖန်သူတွေ၊ ဘင်္ဂလားဒေ့ရှ် ဒါမှမဟုတ် မြန်မာအစိုးရ အာဏာပိုင်တွေကို သတင်းပေးသူအဖြစ် သူတို့ သတ်မှတ်သူတွေကို ARSAအဖွဲ့က ပစ်မှတ်ထား ကျူးလွန်ခဲ့တယ် လို့ လည်း ဖေါ်ပြထားပါတယ်။

ဒုက္ခသည်စခန်းမှာ ကယ်ဆယ်ကူညီရေးလုပ်ပေးတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ဖမ်းဆီး ရိုက်နှက်တာ၊ ခြိမ်းခြောက်တာတွေ လုပ်ပြီး အိမ်အပြင်ထွက် အလုပ်လုပ်မလုပ်ဖို့ ဖိအားပေးတာကြောင့် အလုပ်ထွက်လိုက်ရသူတွေ ရှိနေ တဲ့အပြင် ရခိုင်ပြည်နယ်တွင်း လက်နက်ကိုင်တိုက်ခိုက်မှုတွေကို ဆန့်ကျင်တဲ့ စာမျက်နှာ ၂၁ မျက်နှာပါ စာကို ပူးတွဲရေးသားခဲ့တဲ့ ရိုဟင်ဂျာ ဘာသာရေး ခေါင်းဆောင် တဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်းမှာ သူတို့ သတ်ဖြတ်ခဲ့ကြောင်း ပြီးခဲ့တဲ့လ ဒုက္ခသည်စခန်းမှာ ARSA အဖွဲ့ကိုယ်စားလှယ်တွေ ခေါ်ယူတဲ့အစည်ဝေးတခုမှာ ပြောကြားခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။ ဘာလူးခါလီ ဒုက္ခသည်စခန်းမှလည်း ARSA အဖွဲ့ကို ဝေဖန်သူ ရိုဟင်ဂျာဒုက္ခသည် တယောက် မနှစ်ကဇွန်လမှာ ဓါးနဲ့ထိုးအသတ်ခံခဲ့ရပြီး ကျူးလွန်သူဟာ ARSAအဖွဲ့က ဖြစ်မယ်လို့သတင်းတွေမှာ ဖေါ်ပြနေကြောင်းလည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ARSA အဖွဲ့အပြင် ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့ငယ်ပေါင်းး အများအပြားလည်း ရှိနေပြီး သူတို့ဟာ ဒုက္ခသည်တွေကြားမှာ ရှိနေတာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်တကြီး နေထိုင်နေရကြောင်းလည်း Fortify Rights အဖွဲ့က ပြောပါတယ်။ ဒါ့ကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနေ ထိုင်ရာ စခန်းတွေမှာ ဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးပြီး အရေးယူ ဖို့ လုပ်သင့်တဲ့အပြင် ဒုက္ခသည်တွေကို အကာကွယ်ပါ ပေးသင့်တယ်လို့လည်း ထောက်ပြထားပါတယ်။

ဖမ်းဆီးဒုက္ခသည်တွေ ပြန်လွှတ်ဖို့ ARSA ကို Fortify Rights တောင်းဆို
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG