သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစစ်တပ်ရိုက်နှက်မှုကြောင့် မြန်မာတဦးသေဆုံးမှုစုံစမ်းပေးဖို့ ထိုင်းအစိုးရကို တောင်းဆို

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာရွှေ့ပြောင်းလုပ်သမားတယောက်ကို ထိုင်းတပ်ဖွဲ့ဝင်တွေက နှိပ်စက်ညှင်းပန်းမေးမြန်းရာက သေဆုံးသွားကြောင်း Fortify Rights ရဲ့ထုတ်ပြန်ချက်။ (နိုဝင်ဘာ ၁၅၊ ၂၀၂၄)
ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာရွှေ့ပြောင်းလုပ်သမားတယောက်ကို ထိုင်းတပ်ဖွဲ့ဝင်တွေက နှိပ်စက်ညှင်းပန်းမေးမြန်းရာက သေဆုံးသွားကြောင်း Fortify Rights ရဲ့ထုတ်ပြန်ချက်။ (နိုဝင်ဘာ ၁၅၊ ၂၀၂၄)

မြန်မာရွှေ့ပြောင်းလုပ်သားတယောက်ကို ထိုင်း မြန်မာနယ်စပ်မှာ စစ်သားနဲ့နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃ ယောက်က အခုနှစ်ဆန်းက ညှဉ်းပမ်းရိုက်သတ်ခဲ့မှုအပေါ် ထိုင်းအစိုးရအနေနဲ့ အပြည့်အဝ စုံစမ်းပေးဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

မဲဆောက်ခရိုင်ထဲမှာ ဇန်နဝါရီလတုန်းက ‘ထိုင်းရပ်ရွာလုံခြုံရေးအဖွဲ့ဝင်တွေရဲ့ယူနီဖောင်းဝတ်ထားလို့’ ဆိုပြီး အသက် ၃၇ နှစ်အရွယ် ကိုအောင်ကိုကို-ကို ထိုင်းတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။ တပ်ဖွဲ့ဝင် ၃ ယောက်က ဝါးရင်းတုတ်နဲ့ ရိုက်နှက် နှိပ်စက်မေးမြန်းခဲ့တဲ့ဒဏ်ရာတွေကြောင့် သူသေဆုံးသွားခဲ့တာ ကို မျက်မြင်တွေရဲ့ အပြောတွေ၊ ရင်ခွဲမှတ်တမ်းတွေနဲ့ အခင်းဖြစ်တဲ့နေရာက ဓါတ်ပုံတွေကို ကိုးကားပြီး Fortify Rights အဖွဲ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ကိုအောင်ကိုကို ဆိုးဆိုးဝါးဝါး နှိပ်စက်ခံပြီး သေဆုံးခဲ့တဲ့ အဖြစ်နဲ့ပတ်သက်လို့ ဒီတိုင်းထားလိုက်လို့ မရကြောင်းနဲ့ သက်ဆိုင်တဲ့ ထိုင်းတပ်ဖွဲ့ဝင်တွေကို အချိန်မဆိုင်းဘဲ ဥပဒေအရ အရေးယူရပေးဖို့ Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith ကပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကို မျက်မြင်တွေ့ခဲ့တဲ့ မြန်မာတယောက်ကိုလည်း ကိုအောင်ကိုကို သေဆုံးစေမှုနဲ့ ထိုင်းအာဏာပိုင်တွေက စက်တင်ဘာလတုန်းက ထောင် ၅ နှစ်ချခဲ့တယ်လို့ Fortify Rights ရဲ့ အစီရင်ခံစာမှာ ပြောထားပါတယ်။ ဒါပေမဲ့ သူဟာ ကြံရာပါ မဟုတ်ဘူးလို့ မဲဆောက်မြို့ရဲတပ်ဖွဲ့အကြီးအကဲက Reutersကို ပြောခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီမှာ ရှေ့နှစ်ကစပြီး အဖွဲ့ဝင်ဖြစ်လာမယ့် ထိုင်းနိုင်ငံအနေနဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ဖို့ ပိုပြီးတာဝန်ရှိတယ်လို့ Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith ကပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG