သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်ပိုင်းဆိုင်ရာစော်ကားမှု စွပ်စွဲခံရသူ Trump နုတ်ထွက်ပေးဖို့ အမတ် ၄ဦး တောင်းဆို


အမေရိကန်သမ္မတ Donald Trump အနေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့အတွက် ရာထူးကနေ နုတ်ထွက်ပေးဖို့ အထက်လွှတ်တော်အမတ် ၄ ဦးက တနင်္လာနေ့မှာ တောင်းဆိုလိုက်ကြပါတယ်။

သမ္မတ Trump အနေနဲ့ ရာထူး ကနုတ်ထွက်သင့်ကြောင်း၊ ဒီ စွပ်စွဲ ပြောဆိုမှုတွေဟာ ယုံကြည်ရနိုင်လောက်တဲ့ အနေအထားရှိပြီး အရေအတွက်လည်း များပြားကြောင်း၊ အခု စွပ်စွဲ ပြောဆိုနေကြတဲ့ အမျိုးသမီးတွေရဲ့ ထွက်ဆိုမှုတွေကို သူ့အနေနဲ့ နားထောင်ခဲ့ရပြီး အဲဒီ အမျိုးသမီးအများစုဟာ ဝမ်းနည်းနေကြကြောင်း တနင်္လာနေ့က CNN ရုပ်သံ သတင်းဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း နယူးယောက်ပြည်နယ် ကိုယ်စားပြု ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် Kristen Gillibrand က ပြောပါတယ်။

သမ္မတအနေနဲ့ ချက်ချင်း ရာထူးက ဆင်းမပေးရင် လွှတ်တော်က သူ့ရဲ့ အမူအကျင့်တွေအပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး အပြစ်ပေး အရေးယူသင့်ကြောင်းလည်း အထက်လွှတ်တော်အမတ် Gillibrand က ပြောပါတယ်။

အလားတူ တောင်းဆိုမှုတွေကို Vermont ပြည်နယ်က တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် Bernie Sanders ၊ Oregon ပြည်နယ်က ဒီမိုကရက် အထက်လွှတ်တော်အမတ် Jeff Merkley နဲ့ New Jersey ပြည်နယ်က ဒီမိုကရက် အထက်လွှတ်တော်အမတ် Cory Booker တို့ကလည်း တောင်းဆိုခဲ့ပြီး ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် Minnesota ပြည်နယ်က ဒီမိုကရက် အထက်လွှတ်တော်အမတ် Al Franken မကြာသေးခင်က ရာထူးက နုတ်ထွက်သွားခဲ့ပြီးတဲ့နောက်မှာ သမ္မတ Trump အနေနဲ့လည်း ရာထူးက နုတ်ထွက်ပေးဖို့အတွက် အဲဒီ အထက်လွှတ်တော်အမတ် ၄ ဦးတို့က တောင်းဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG