သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကမ်းခြေ ကုန်တင်သင်္ဘော နစ်မြုပ်မှု မြန်မာသင်္ဘောသား ၁၄ ဦးပါ


နစ်မြုပ်သွားသည့် တရုတ်သင်္ဘော။
နစ်မြုပ်သွားသည့် တရုတ်သင်္ဘော။

တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းလွန်ဒေသမှာ ကုန်တင်သင်္ဘောကြီး တစင်း နစ်မြုပ် သွားတဲ့အတွက် အနည်းဆုံး လူတဦး သေဆုံးပြီး လူ ၉ ဦး ပျောက်ဆုံးနေကြောင်း တရုတ် အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ Zhejiang ခရိုင်၊ Taizhou မြို့နဲ့ ရေမိုင် ၉၀ နဲ့ ညီမျှတဲ့ ၁၆၇ ကီလိုမီတာ အကွာအဝေးမှာ လူ ၁၅ ဦးပါတဲ့ London အမည်ရှိ အဲဒီကုန်တင် သင်္ဘောကြီးဟာ ဒေသစံတော်ချိန် အင်္ဂါနေ့မနက် ၄ နာရီခွဲလောက်မှာ နစ်မြုပ်သွားတယ်လို့ တရုတ် ရေကြောင်းဆိုင်ရာ အရာရှိတွေကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

အလျား ၈၀ မီတာ ရှည်လျားတဲ့ အဲဒီ ကုန်တင်သင်္ဘောဟာ မြန်မာသင်္ဘောဝန်ထမ်း ၁၄ ဦး၊ ထိုင်ဝမ် တဦးတို့နဲ့ ထိုင်ဝမ်ကျွန်းက Kaohsiung ဆိပ်ကမ်းကနေ ထွက်ခွာလာတာလို့ ဆိုပါတယ်။ အခုချိန်ထိတော့ လူ ၅ ဦးကို ကယ်တင်နိုင်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Palau ကျွန်းမှာ မှတ်ပုံတင်ထားတဲ့ အဲဒီသင်္ဘော နစ်မြုပ်သွားတဲ့အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီ ဆောင်ရွက်ဖို့ ကမ်းခြေစောင့် တပ်ဖွဲ့က သင်္ဘောနဲ့ လေယာဉ်တွေကို အခင်း ဖြစ်တဲ့နေရာကို စေလွှတ်ထားကြောင်း ထိုင်ဝမ်အမျိုးသား ကယ်ဆယ်ရေးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

သင်္ဘော ဘာကြောင့် နစ်မြုပ်သွားတယ်ဆိုတာကို သိရှိနိုင်ဖို့ စုံစမ်း စစ်ဆေးမှုတွေ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG