ပဋိပက္ခပြေလည်ရေး တရုတ်ပါဝင်မှု မြောက်ပိုင်းအဖွဲ့တွေကြိုဆို
- ဇော်ဝင်းလှိုင်
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ဗမာပြည်မနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မယ်လို့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC က သဘောထား ထုတ်ပြန်လိုက်ပါတယ်။ တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုကိုကြိုဆိုကြောင်းကိုလည်း ဖော်ပြပါတယ်။