သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတရားဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ဖို့ စစ်ကောင်စီကို ပြင်သစ်တောင်းဆို


လွတ်မြောက်လာသူတွေကို အင်းစိန်ထောင်ရှေ့ကြိုဆိုနေကြစဉ် (သြဂုတ်လ ၁၊ ၂၀၂၃)
လွတ်မြောက်လာသူတွေကို အင်းစိန်ထောင်ရှေ့ကြိုဆိုနေကြစဉ် (သြဂုတ်လ ၁၊ ၂၀၂၃)

မြန်မာနိုင်ငံအတွင်း မတရား ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို လိုက်နာဖို့ ပြင်သစ်နိုင်ငံက စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တစိတ်အပိုင်း လွတ်ငြိမ်းခွင့်ပေးတာကို သတိပြုမိတဲ့အကြောင်းနဲ့ နိုင်ငံရေး အကျဉ်းသား အယောက် ၂ သောင်းနီးပါးကို ဆက်လက် ထိန်းသိမ်းထားတာဟာ မြန်မာပြည်သူတွေအနေနဲ့ သူတို့ ဆန္ဒ လွတ်လွတ်လပ်လပ် ထုတ်ဖော် ပြောဆိုခွင့် မရှိတာကို ပြသနေတယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို နှစ်အနည်းငယ် လျော့ပေးလိုက်တာနဲ့တော့ ရပ်တည်ချက် မပြောင်းလဲနိုင်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုကလည်း ပြောဆိုထားပါတယ်။

"မြန်မာစစ်ကောင်စီဘက်က လုပ်ဆောင်ရမယ့် အဆင့်တွေ ကျန်နေတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ကျနော်တို့ဘက်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရပ်တည်ချက် မပြောင်းခင် သူတို့ဘက်က မဖြစ်မနေ လုပ်ဆောင်ရမှာတွေ ရှိနေပါတယ်" လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Matthew Miller က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးခံရသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်ဖို့၊ လူသားချင်းစာနာကူညီမှုတွေ ခွင့်ပြုဖို့၊ နစ်နာခံစားရသူတွေအတွက် တရားမျှတမှုရှာဖွေဖို့၊ ငြိမ်းချမ်းပြီး တရားမျှတတဲ့ အနာဂတ် ဒီမိုကရက်တစ် မြန်မာနိုင်ငံအတွက် အစုအဖွဲ့အားလုံး ထိစပ်ညှိနှိုင်းဆောင်ရွက်ဖို့ ဆက်ပြီးတိုက်တွန်းသွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောသွားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG