သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ရွေးကောက်ပွဲရလဒ်ခန့်မှန်းချက် လက်ဝဲညွန့်ပေါင်းအသာစီးရနေ


ရွေးကောက်ပွဲမဲအသာစီးရနေတဲ့ လက်ဝဲညွန့်ပေါင်းအဖွဲ့ထောက်ခံသူများ။ (ဇူလိုင် ၇၊ ၂၀၂၄)
ရွေးကောက်ပွဲမဲအသာစီးရနေတဲ့ လက်ဝဲညွန့်ပေါင်းအဖွဲ့ထောက်ခံသူများ။ (ဇူလိုင် ၇၊ ၂၀၂၄)

ပြင်သစ်ပါလီမန်ရွေးကောက်ပွဲ မဲရလဒ်ခန့်မှန်းချက်တွေအရ လွှတ်တော်နေရာအများစုကို လက်ဝဲညွန့်ပေါင်းအဖွဲ့က မထင်မှတ်ဘဲ အသာစီးရနေပါတယ်။ လက်ရှိသမ္မတ Emmanuel Macron ရဲ့ အလယ်အလတ်ဝါဒီပါတီက ဒုတိယနေရာမှာရှိနေပြီး လက်ယာစွန်းပါတီက တတိယလိုက်ပါတယ်။

ဒါပေမယ့် တဖွဲ့ဖွဲ့က အများစုအနိုင်ရမှုမရှိရင်တော့ ပြင်သစ်မှာ နိုင်ငံရေးနဲ့ စီးပွားရေးအရ အကြပ်ရိုက်လာပါမယ်။ ရွေးကောက်ပွဲနောက်ဆုံးရလဒ်တွေကတော့ တနင်္လာနေ့အစောပိုင်းအထိ ထွက်လာနိုင်ခြေမရှိပါဘူး။ မဲရလဒ်ခန့်မှန်းချက်တွေအရ လက်ယာစွန်းပါတီက လွှတ်တော်နေရာတွေ ပိုအနိုင်ရလာပေမယ့် မူလ မျှော်မှန်းထားသလိုတော့ ဖြစ်မလာခဲ့ပါဘူး။ အခု ပြင်သစ်ပါလီမန်ရွေးကောက်ပွဲဟာဆိုရင် ယူကရိန်းစစ်ပွဲ၊ ကမ္ဘာ့သံခင်းတမန်ခင်းနဲ့ ဥရောပစီးပွားရေးတည်ငြိမ်မှုတွေအပေါ် သက်ရောက်လွှမ်းမိုးမှုရှိလာမှာပါ။

အခု ရွေးကောက်ပွဲရလဒ်ဟာ ပြင်သစ်လွှတ်တော်ကို ဘယ်သူဦးဆောင်မလဲဆိုတာနဲ့ ဝန်ကြီးချုပ်နေရာကို အဆုံးအဖြတ်ပေးရမှာဖြစ်ပါတယ်။ လက်ရှိ သမ္မတ Macron ဟာ သူ့ရဲ့ ပြည်တွင်းမူဝါဒတွေအများစုမှာ လက်ရှိဝန်ကြီးချုပ်ရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေရင်ဆိုင်နေရတာပါ။

လက်ရှိ ပြင်သစ်ဝန်ကြီးချုပ် Gabriel Attal ကတော့ အခုတနင်္လာနေ့ကျရင် သူ့နုတ်ထွက်လွှာကို သမ္မတ Macron ထံ တင်သွင်းသွားမယ်လို့ ပြောပါတယ်။ ဒါဟာ မထင်မှတ်ထားတဲ့ နိုင်ငံရေးအခြေအနေတရပ်ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် Attal က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ရွေးကောက်ပွဲရလဒ် ခန့်မှန်းချက်တွေက ပါတီတခုခုက အများစုနဲ့ အပြတ်အနိုင်မရတော့တာကြောင့်တော့ လွှတ်တော်တွင်း နိုင်ငံရေးအရ မရေမရာအခြေအနေတော့ ရှိနေပါတယ်။

ပြင်သစ်ရွေးကောက်ပွဲရလဒ်ခန့်မှန်းချက် လက်ဝဲညွန့်ပေါင်းအသာစီးရနေ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG