မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ ဆက်နွယ်၊ တရားစွဲခံရသူအများစုဟာ ဥပဒေအရ ပေးထားတဲ့ အခွင့်အရေးတွေနဲ့အညီ မျှမျှတတ ခုခံချေပခွင့် မရရှိကြပါဘူး။ အထူးသဖြင့် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာ ဖမ်းဆီးတရားစွဲခံထားရသူတွေအနေနဲ့ တဘက်သတ် တရားစီရင်မှုတွေ ခံနေကြရတဲ့အကြောင်း Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။