သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမပါ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ G7 အွန်လိုင်းတက်ရောက်


G7 နိုင်ငံခြားရေးဝန်ကြီးများနဲ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း အမှာစကား ပြောကြားနေတဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Liz Truss. (ဒီဇင်ဘာ ၁၂၊ ၂၀၂၁)
G7 နိုင်ငံခြားရေးဝန်ကြီးများနဲ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း အမှာစကား ပြောကြားနေတဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Liz Truss. (ဒီဇင်ဘာ ၁၂၊ ၂၀၂၁)

(Zawgyi / Unicode)

အခု တနင်္ဂနွေနေ့ G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဖိတ်ကြားထားတဲ့ ဧည့်နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်နေကြပြီး စစ်အာဏာသိမ်းခံနေရတဲ့ မြန်မာ့အကျပ်အတည်း အပါအဝင် ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေ တိုးမြှင့်ချထားတဲ့ အခြေအနေ၊ အီရန် နျူကလီးယား ကိစ္စရပ်တွေကတော့ ထိပ်တန်းခေါင်းစဉ်အဖြစ် ရှိနေတယ်လို့ တာဝန်ရှိသူတွေက ြပောပါတယ်။

လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ကန့်သတ် ထိန်းချုပ်နိုင်ရေး ကြိုးစားနေကြသူတွေကို ဆန့်ကျင်ဖို့ အနောက်နဲ့ မဟာမိတ်နိုင်ငံတွေဟာ ခိုင်ခိုင်မာမာ ရပ်တည်ကြဖို့ လိုတယ်လို့ G7 အစည်းအဝေးအတွင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Liz Truss က ပြောကြားလိုက်ပါတယ်။ ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ ၂ ရက်ကြာ ကျင်းပနေတဲ့ ကမ္ဘာ့ ချမ်းသာတဲ့နိုင်ငံများနဲ့ စုဖွဲ့ထားတဲ့ G7 ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲအတွင်း အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲကို ပထမဦးဆုံးအကြိမ်အဖြစ် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ကြတာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးနဲ့ ဘဏ္ဍာရေးကိစ္စတွေ အပါအဝင် ကိစ္စရပ် တော်တော်များများကို ဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken လည်း တက်ရောက်ခဲ့ပြီး ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Liz Truss ကတော့ အာဏာရှင်အစိုးရ စနစ်တွေကို တိုက်ဖျက်ရေးမှာ စည်းလုံးညီညွတ်ရေးအတွက် အခုလို တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

G7 နိုင်ငံခြားရေးနဲ့ ဖွံ့ဖြိုးရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို တက်ရောက်ဖို့ အာဆီယံကို ဗြိတိန်ဘက်က ဖိတ်ကြားထားကြောင်း၊ လူကိုယ်တိုင် တက်ရောက်မယ့် ဆွေးနွေးပွဲကို မြန်မာစစ်ကောင်စီကို ဗြိတိန်ဘက်က ဖိတ်ကြားမထားကြောင်း ဗြိတိန်ရဲ့ အာရှဆိုင်ရာဝန်ကြီး Amanda Milling က အောက်တိုဘာလ ၁၉ ရက်နေ့မှာ စာနဲ့ ရေးသား ဖြေဆိုထားပါတယ်။

တောင်ကိုရီးယား၊ ဩစတြေးလျ၊ တောင်အာဖရိကနဲ့ အိန္ဒိယနိုင်ငံတို့ကိုလည်း အိမ်ရှင် ဗြိတိန်က ဧည့်သည်တော်အဖြစ် ဖိတ်ကြားထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီး အတော်များများကတော့ ကပ်ဘေးအကန့်အသတ်တွေအရ အွန်လိုင်းကနေ အစည်းအဝေး တက်ကြမှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)








XS
SM
MD
LG