သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ဗြိတိန်မှာ အစိုးရတွေအပေါ် ယုံကြည်မှုကျဆင်း (Gallup စစ်တမ်း) 


ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak နဲ့ အမေရိကန်သမ္မတ Joe Biden
ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak နဲ့ အမေရိကန်သမ္မတ Joe Biden

စက်မှုအင်အားကြီး နိုင်ငံတွေက အစိုးရတွေအပေါ် ယုံကြည်အားထားမှုတွေနဲ့ ပတ်သက်လို့ လူထုသဘောထားစစ်တမ်း ကောက်ယူရာမှာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက အနိမ့်ဆုံးအဆင့်မှာ ရှိနေတာတွေ့ရပါတယ်။ Gallup စစ်တမ်းရဲ့ လေ့လာချက်အရ ၂၀၂၂ ခုနှစ်ထဲ အမေရိကန်မှာ စစ်တမ်းကောက်ယူခဲ့တဲ့ အရွယ်ရောက်သူတွေရဲ့ ၃၁ ရာခိုင်နှုန်းကသာ အစိုးရကို ယုံကြည်အားထားကြောင်း သဘောထားပေးခဲ့ကြပြီး၊ ဗြိတိန်မှာ ၃၃ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။

စက်မှုအင်အားကြီး ၇ နိုင်ငံ (G-7) အဖွဲ့ဝင်တွေထဲက ဂျာမနီနိုင်ငံမှာတော့ ၆၁ ရာခိုင်နှုန်းက အစိုးရကို ယုံကြည်ကြောင်း သဘောထားပေးခဲ့ကြပြီး ထိပ်ဆုံးနေရာမှာ ရှိနေတာပါ။ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက အခြေအနေဟာ ၂၀၀၆ ခုနှစ်ကနဲ့ယှဉ်ရင် သိသိသာသာ ကွာခြားနေတယ်လို့လည်း Gallup စစ်တမ်းက ဖော်ပြပါတယ်။ ၂၀၀၆ ခုနှစ်က အလားတူ စစ်တမ်းကောက်ယူခဲ့ရာမှာ အစိုးရတွေအပေါ် ယုံကြည်မှုမှာ အမေရိကန်က ၅၆ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာရှိနေပြီး၊ ဗြိတိန်ကလည်း ၄၉ ရာခိုင်နှုန်း ရှိခဲ့သလို၊ ဂျာမနီကတော့ အနိမ့်ဆုံးအဆင့်မှာ ရှိခဲ့ပါတယ်။

အမေရိကန်နဲ့ ဗြိတိန်မှာ အစိုးရတွေအပေါ် ယုံကြည်မှုကျဆင်း (Gallup စစ်တမ်း)
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG