သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးခွဲတမ်းနဲ့ တက္ကသိုလ်ဝင်ခွင့်လက်ခံမှု တရားရုံးချုပ်ပယ်ဖျက်


အမေရိကန် ပြည်ထောင်စု တရားရုံးချုပ်
အမေရိကန် ပြည်ထောင်စု တရားရုံးချုပ်

အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်တွေမှာ လူနည်းစုဝင်တွေ၊ ခွဲခြားဆက်ဆံ ခံရသူတွေကို ဦစားပေးတဲ့ မူဝါဒအဖြစ် လူမျိုးအခြေခံ ခွဲတမ်းစနစ်နဲ့ ကျောင်းဝင်ခွင့်ပေးတာကို ဥပဒေနဲ့ မညီဘူးလို့ ပြည်ထောင်စု တရားရုံးချုပ်က ဆုံးဖြတ်လိုက်တဲ့အပေါ် သူ့အနေနဲ့ စိတ်ပျက်မိတဲ့အကြောင်း အမေရိကန် သမ္မတ Joe Biden က ကန့်ကွက်ပြောဆိုပါတယ်။ အထင်ကရ တက္ကသိုလ်ကြီးဖြစ်တဲ့ Harvard နဲ့ မြောက် Carolina တက္ကသိုလ် ၂ ခုရဲ့ အမှုကို ပြည်ထောင်စု တရား ရုံးချုပ်က ဆုံးဖြတ်လိုက်တဲ့အပေါ် သမ္မတ Biden က သူ့အနေနဲ့တော့ သဘောမတူဘူးလို့ ခုလိုတုံ့ပြန်လိုက်တာပါ။

အမေရိကန်ပြည်ထောင်စုမှာ လူတိုင်း အောင်မြင်ဖို့ အခွင့်အလမ်းတွေ လိုအပ်သလောက် ဖွင့်ပေးထားတယ်လို့ ယုံကြည်တဲ့ အကြောင်း၊ ဒီ အခွင့်အလမ်းကောင်းတွေနဲ့ တံခါး နည်းနည်း ပိုဖွင့်ပေးထားလို့လည်း နောက်ကျနေခဲ့သူတွေကို လိုက်မှီအောင် အခွင့်အရေး ပေးနိုင်ခဲ့ပါတယ်လို့ သမ္မတ Joe Biden မနေ့က အိမ်ဖြူတော်မှာ ပြောဆိုသွားတာပါ။ လူဖြူတွေချည်းပဲ လွှမ်းမိုးထားတဲ့ ဒေသတွေမှာ လူမျိုးရေးအရ လူနည်းစုကျောင်းသားတွေရဲ့ တက္ကသိုလ် ဝင်ခွင့်ကို မြှင့်တင်ဖို့ ဆယ်စုနှစ်နဲ့ချီ ကျင့်သုံးခဲ့တဲ့ စနစ်ကို တရားရုံးချုပ်က ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်ပိုင်းတွေထဲက Affirmative Action လို့သိကြတဲ့ လူနည်းစုတွေအပေါ် ခွဲတမ်းနဲ့ တက္ကသိုလ် ကောလိပ်တွေဝင်ခွင့်ပေးခဲ့တဲ့ အစီအစဉ်တွေဟာ မှားယွင်းတဲ့အကြောင်း တရားသူကြီး John Roberts က ပြောပါတယ်။ လူတဦးချင်းစီရဲ့ ပညာ အရည်အချင်း လေ့လာမှုတွေကို မကြည့်ဘဲ အသားအရောင်ကိုကြည့်ပြီး နှစ်ကာလကြာရှည် မှားယွင်း ကျင့်သုံးခဲ့တဲ့ စနစ်လို့ ပြောဆိုပါတယ်။ မတူညီတဲ့ ကွဲပြားခြားနားတဲ့ လူနည်းစုတွေ ပါဝင်နိုင်တဲ့ ပညာရေးစနစ် ဖြစ်ဖို့နဲ့ ဘယ်လို လုပ်ထုံးလုပ်နည်းတွေက အဟန့်အတားဖြစ်စေသလဲ လေ့လာသုံးသပ်ဖို့ ပညာရေးဌာနကို ညွှန်ကြားထားတဲ့အကြောင်း ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG