သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရိုဟင္ဂ်ာ Genocide အမႈ ျမန္မာႏိုင္ငံအေပၚ စဲြဆိုခြင္႔ ရွိ ေၾကာင္း ICJ မွာ Gambia ေလွ်ာက္လဲ


ရိုဟင္ဂ်ာ Genocide အမႈ ျမန္မာႏိုင္ငံအေပၚ စဲြဆိုခြင္႔ ရွိ ေၾကာင္း ICJ မွာ Gambia ေလွ်ာက္လဲ (VOA ျမန္မာပိုင္း ဌာနမွဴး ဦးသန္းလြန္ထြန္း ကို VOA ျမန္မာပိုင္း အယ္ဒီတာ ဦးေက်ာ္ဇံသာ က ေမးျမန္းတင္ျပထားပါသည္)
တိုက္႐ိုက္ လင့္ခ္

ရိုဟင္ဂ်ာ Genocide အမႈ ျမန္မာႏိုင္ငံအေပၚ စဲြဆိုခြင္႔ ရွိ ေၾကာင္း ICJ မွာ Gambia ေလွ်ာက္လဲ

{{Zawgyi/Unicode}}

ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔က နယ္သာလန္ႏိုင္ငံ The Hague ၿမိဳ႕ ႏိုင္ငံတကာ တရားရုံးမွာ ျပဳလုပ္သြားတဲ့ ဂမ္ဘီယာ နဲ႔ ျမန္မာအမႈ ဒုတိယ အႀကိမ္ၾကားနာပြဲမွာ ဒုတိယေန႔ အျဖစ္ ျမန္မာႏိုင္ငံဟာ ရိုဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုံး သတ္ျဖတ္မႈ Genocide က်ဴးလြန္တယ္ဆိုတဲ့ကိစၥကို ဂမ္ဘီယာႏိုင္ငံက ေလွ်ာက္ထားစြဲဆိုႏိုင္ေၾကာင္း၊ ICJ အေနနဲ႔လည္း ၾကားနာစစ္ေဆးႏိုင္ေၾကာင္း ဥပေဒအကိုးအကားေတြနဲ႔ ဂမ္ဘီယာဖက္က ေခ်ပေလွ်ာက္လဲသြားပါတယ္။ အေသးစိတ္ကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္းဌာနမွဴး ဦးသန္းလြင္ထြန္း နဲ႔ ဦးေက်ာ္ဇံသာ တို႔က ေမးျမန္းတင္ျပမွာပါ။

ဦးေက်ာ္ဇံသာ (အယ္ဒီတာ၊ VOA ျမန္မာဌာန) ။. ။ ဦးသန္းလြင္ထြန္း ခင္ဗ်ာ။ ICJ ႏိုင္ငံတကာ တရားရုံးမွာ Gambia Vs Myanmar ဂမ္ဘီယာနဲ႕ ျမန္မာျဖစ္တဲ့အမႈကို ဒုတိယအႀကိမ္ ၾကားနာပြဲျပဳလုပ္ေနပါတယ္။ မေန႔က ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔မွာ ဒုတိယအႀကိမ္ ၾကားနာပြဲ ရဲ႕ ဒုတိယေန႔အျဖစ္နဲ႔ ၾကားနာခဲ့ပါတယ္။ အဲဒီမွာ ဂမ္ဘီယားႏိုင္ငံက ျပန္လည္ၿပီးေတာ့ ေလွ်ာက္ထားတာျဖစ္ပါတယ္။ ပထမေန႔မွာေတာ့ ျမန္မာဖက္က ေလ်ွာက္ထားတာျဖစ္ပါတယ္။ ဆိုေတာ့ ဒုတိယေန႔အေျခအေနမေျပာခင္ ပထမေန႔တုံးက ျမန္မာဖက္က ေလွ်ာက္္လႊဲခဲ့တဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး အက်ဥ္းျခဳံးေလ ျပန္ေျပာေပးပါလားခင္ဗ်ာ။

ဦးသန္းလြင္ထြန္း ( ဌာနမွဴး VOA ျမန္မာဌာန) ။. ။ ဟုတ္ကဲ့ ၊ ပထမေန႔ ျမန္မာဖက္က ေလွ်ာက္လဲမႈေတြမွာေတာ့ တကယ္တန္းေျပာရမယ္ဆိုလို႔ရွိရင္ ဟိုပထမပိုင္းေပါ့ေနာ္ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္ ၂ဝ၁၉ ဒီဇင္ဘာတုံးက ဂမ္ဘီယာ ကေနၿပီး ျမန္မာႏိုင္ငံနဲ႔ ရုိဟင္ဂ်ာအေရးကို ဦးတိုက္ေလွ်ာက္ထားတဲ့ကိစၥ နဲ႔ ပတ္သက္ၿပီး ေခ်ပခဲ့တဲ့ အခ်က္တခ်ုိ႕အပါအဝင္ေပါ့။ အဲဒါေတြပဲ ျပန္ၿပီးေတာ့ ေခ်ပတာလို႔ ျမင္လို႔ရပါတယ္။ ဒါေပမဲ့ ပထမတေခါက္တုံးက ၂ဝ၁၉ ဒီဇင္ဘာတုံးကေပါ့ေနာ္။ အဲဒီတုံးက ဦးေက်ာ္ဇံသာ တို႔လည္း သြားၿပီးေတာ့ သတင္းယူခဲ့ပါတယ္။ အဲဒီတုံးက အဓိက ဦးတည္ခ်က္က ဘာလဲဆိုေတာ့ ဂမ္ဘီယာက စြပ္စြဲတဲ့ ျမန္မာႏိုင္ငံမွာ ရိုဟင္ဂ်ာေတြကို လူမ်ုိးတုံးသတ္ေနပါတယ္ဆိုတဲ့ စြပ္စြဲခ်က္ကို ေသခ်ာလက္ခံၿပီး စစ္ေဆးမယ့္အစားကို ဒီကိစၥ ဒီကိစၥေတြက ျဖစ္ေနတယ္။ ဒီကိစၥကို လက္ခံေၾကာင္း မဆုံးျဖတ္ခင္မွာ ျပသာနာေတြကို ထပ္ၿပီးႀကီးမသြားေအာင္အတြက္ဆိုၿပီး ၾကားျဖတ္ကာလမွာ အေရးယူေဆာင္ရြက္ေပးရမယ့္ ကိစၥေတြကို တင္သြင္းပါတယ္ဆိုၿပီး ဂမ္ဘီယာ က ၾကားျဖတ္အေနနဲ႔ တင္သြင္းတာကိုး။ ဒီတင္သြင္းခ်က္ေတြကို အဲဒီတုံးက ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့အဖြဲ႔ေပါ့ေနာ္။ ဒါေတြေတာ့ လုပ္စရာမလိုဘူးဆိုၿပီး ကန္႔ကြက္ခဲ့တယ္။ မေအာင္ျမင္ဘူး။ ဗမာဖက္က ရႈံးနိမ့္ခဲ့တယ္ ေျပာလိုရတယ္ေပါ့ေနာ္။ ဂမ္ဘီယာရဲ႕ တင္္သြင္းခ်က္ကို ICJ က လက္ခံၿပီးေတာ့ ဗမာႏိုင္ငံမွာလုပ္ရမယ့္ ၾကားျဖတ္စီမံခ်က္ေတြေပါ့ေနာ္။ အဲဒါေတြကို အတည္ျပဳၿပီးေတာ့ ဗမာႏိုင္ငံကိုလည္း ၆ လတႀကိမ္ ဒီကိစၥေတြအေပၚ အစီရင္ခံစာတင္ရမယ္ဆိုတာနဲ႔ ဆုံးျဖတ္ခ်က္ခ်လိုက္တယ္။

ရိုဟင္ဂ်ာ Genocide အမႈ ျမန္မာႏိုင္ငံအေပၚ စဲြဆိုခြင္႔ ရွိ ေၾကာင္း ICJ မွာ Gambia ေလွ်ာက္လဲ
ရိုဟင္ဂ်ာ Genocide အမႈ ျမန္မာႏိုင္ငံအေပၚ စဲြဆိုခြင္႔ ရွိ ေၾကာင္း ICJ မွာ Gambia ေလွ်ာက္လဲ

ဦးေက်ာ္ဇံသာ (အယ္ဒီတာ၊ VOA ျမန္မာဌာန) ။. ။ ဒုတိယၾကားနာပြဲျဖစ္တဲ့ ဂမ္ဘီယာ က ေခ်ပတဲ့ ကိစၥကိုလည္း ေျပာပါအုန္းခင္ဗ်။

ဦးသန္းလြင္ထြန္း ( ဌာနမွဴး VOA ျမန္မာဌာန) ။. ။ အဲဒီမွာ က်ေနာ္ ေစာေစာက ေျဖတုံးက က်န္ခဲ့တာက ပထမေန႔မွာ ျမန္မာဖက္က ဘာေျပာလဲဆိုေတာ့ အဓိက ၄ ခ်က္ေပါ့ေနာ္။ အတိုခ်ဳပ္ေျပာရမယ္ဆိုရင္ ဂမ္ဘီယာႏိုင္ငံဟာ သူရဲ႕ႏိုင္ငံအေနနဲ႕ ကုိယ္တိုင္စြဲတာမဟုတ္ပဲနဲ႔ OIC လိုေခၚတဲ့ အစၥလမၼစ္အဖြဲ႔ရဲ႕ ညႊန္ၾကားခ်က္နဲ႔ စြဲတဲ့ ကိုယ္စားျပဳစြဲတဲ့ကိစၥမို႕ ဒီကိစၥမ်ဳိး အႀကဳံမဝင္ဘူးေပါ့ေနာ္။ ICJ လုပ္ငန္းစဥ္ထဲမွာဆုိၿပီး နံပတ္ ၁ ကန္႔ကြက္တယ္။ နံပတ္ ၂ အခ်က္ကေတာ့ ဂမ္ဘီယာႏိုင္ငံဟာ ျမန္မာႏိုင္ငံအေနာက္ေျမာက္ပိုင္းက ရိုဟင္ဂ်ာေတြအေရးနဲ႕ ပတ္သက္ၿပီး ကိုယ္တိုင္ထိခိုက္ နစ္နာရတဲ့ႏိုင္ငံလည္းမဟုတ္ဘူး။ အေဝးႀကီးမွာေပါ့ေနာ္။ အဲဒီေတာ့ ဒီကိစၥေတြနဲ႔ ပတ္သက္ၿပီးေတာ့ ကိုယ္တုိင္သက္ဆိုင္မႈမရွိတဲ့အတြက္ေၾကာင့္ တရားစြဲဆိုခြင့္မရွိဘူးေပါ့ေနာ္။ နံပတ္ ၃ ကေတာ့ Genocide လူမ်ဳိးတုံးသတ္ျဖတ္မႈ ကာကြယ္ေရး ပဋိညဥ္ စာခ်ုပ္ကိုယ္တိုင္နဲ႔ ပတ္သက္တယ္။ အဲဒီအထဲမွာပါတဲ့ အပိုဒ္ ၈ ဆိုတဲ့အခ်က္ကို ဗမာကေနၿပီး ျခြင္းခ်က္အေနနဲ႔ လက္မွတ္ထိုးထားတာဆိုေတာ့ အဲလိုျခြင္းခ်က္ထားထားၿပီးသားမိုလို႔ ဂမ္ဘီယာရဲ႕ စြပ္စြဲခ်က္ကို ဗမာအေနနဲ႔ ရင္ဆိုင္ေျဖရွင္းစရာမလိုဘူးလို႔ေျပာတယ္။ ေနာက္ဆုံးတခ်က္ကေတာ့ ဂမ္ဘီယာ နဲ႔ ျမန္မာႏိုင္ငံအၾကားမွာ ျပသာနာ အျငင္းပြားမႈ တစုံတရာ ဘာမွမရွိခဲ့ဘူး။ မရွိခဲ့တဲ့အတြက္ေၾကာင့္ ဒီကိစၥေတြကို ၂ ဖက္မရွင္းပဲနဲ႔ တရားရုံးအထိတက္ၿပီးေတာ့ ေလွ်ာက္ထားပိုင္ခြင့္ ဆိုတာမရွိဘူးဆိုၿပီး ဒီအခ်က္ေတြနဲ႔ ျငင္းခဲ့တာ။

ဦးေက်ာ္ဇံသာ (အယ္ဒီတာ၊ VOA ျမန္မာဌာန) ။. ။ အခု ဒုတိယေန႔မွာ ဂမ္ဘီယာဖက္က ျပန္လည္ေခ်ပတဲ့ကိစၥကိုလည္း ဆက္ပါအုန္း။

ဦးသန္းလြင္ထြန္း ( ဌာနမွဴး VOA ျမန္မာဌာန) ။. ။ တခ်က္ခ်င္းစီမွာဆိုလိုရွိရင္ OIC ကို ကိုယ္စားျပဳၿပီးစြဲတယ္ဆိုတဲ့အခ်က္ကို ျပန္ေခ်ပတဲ့ေနရာမွာ က်ဳပ္တို႔ကေတာ့ ဂမ္ဘီယာႏိုင္ငံဟာ ေသးေပမယ့္ အခ်ဳပ္အျခာႏိုင္ငံျဖစ္တယ္။ ဘယ္ႏိုင္ငံရဲ႕ ၾသဇာခံႏိုင္ငံမဟုတ္သလို ဘယ္ႏိုင္ငံကိုမွ ကိုယ္စားျပဳတာမဟုတ္ဘူး ။ သူကဘာေျပာသလဲဆိုေတာ့ အလားတူပဲ အခုတိုင္ၾကားတဲ့ကိစၥဟာ ရုိဟင္ဂ်ာေတြရဲ႕ လူအခြင့္အေရးေဖာက္ဖ်က္တုိင္းၾကားခံရမႈကို သူတို႔ ကာကြယ္ေပးဖို႔တင္မကဘူး ။ Genocide Convention ကို လက္မွတ္ထိုးထားတဲ့အဖြဲ႔ဝင္ႏိုင္ငံတခုအေနနဲ႔ ေနာက္ထပ္အဖြဲ႔ဝင္ႏိုင္ငံတခုျဖစ္တဲ့ ျမန္မာႏိုင္ငံရဲ႕ တာဝန္ေပါ့ေလ်ာ့ ေဖာက္ဖ်က္မႈေတြကို ကိုယ္တိုင္ဆုံးျဖတ္ခ်က္နဲ႔ အေရးယူအျပစ္ေပးဖို႔ ဆိုၿပီးေတာ့ ဂန္ဘီယာႏိုင္ငံက ကိုယ္ဖာသာတိုင္တာဆိုၿပီး ျပန္ေျဖၾကားတယ္။ ဒါနဲ႔ပတ္သက္လို႔ေတာ့ ဥပေဒအေထာက္အထားေတြေတာ့ရွိတာေပါ့ဗ်ာ။ အရွည္ႀကီးမေျပာေတာ့ပါဘူး။ ဒုတိယအခ်က္ကိုေတာ့ ေစာေစာကေျပာသလို "INJURED STATE" လို႔သုံးတာေပါ့ေနာ္။ အဲဒါက ဒီျပသာနာနဲ႔ ပတ္သက္ၿပီး တိုက္ရိုက္နစ္နာမႈမရွိတဲ့ႏိုင္ငံလို႔ ျမန္မာႏိုင္ငံဖက္က ျပန္ေခ်ပခ်က္ေပါ့ေနာ္။ ဂမ္ဘီယာႏိုင္ငံက အေဝးႀကီးပဲ ဒီရိုဟင္ဂ်ာေတြနဲ႔ဘာမွပတ္သက္တာမဟုတ္ဘူးဆိုတဲ့အခ်က္ေပါ့။ က်ေနာ္တို႔က ဥပေဒပညာရွင္လည္းမဟုတ္ဘူး။ ဥပေဒဆိုတဲ့ေနရာမွာလည္း အကိုးအကား လက္တင္ဘာသာေတြေကာ ၊ ျပင္သစ္ဘာသာေတြေကာ ၊ ဥပေဒစီရင္ထုံးေတြေကာ ၊ ေလွ်ာက္လႊဲခ်က္ ၊ သုံးသပ္ခ်က္နဲ႔ ပတ္သက္နဲ႔ သီအိုရီေတြေကာ ၊ ဒါေတြက က်ေနာ္တို႔က ရုတ္တရက္နားေထာင္ၿပီးေတာ့ နားလည္ႏိုင္တဲ့အေၾကာင္းအရာေတြမဟုတ္ဘူး။ ေခ်ပခ်က္ကေတာ့ နည္းနည္းရႈပ္ေထြးတယ္။ သူတို႔ကိုးကားတာဆိုရင္ အရင္တုံးက ေဘာ့စနီးယားမွာ ျဖစ္ခဲ့တဲ့ကိစၥေတြမွာ ဒိီလို နီးစပ္မႈရွိမရွိ အဲဒါေတြလည္း ကိုးကားတယ္။ အၾကမ္းဖ်င္းကေတာ့ သူအေနနဲ႔ ျပန္ေခ်ပတာက တိုက္ရုိက္သက္ဆိုင္မႈမရွိတဲ့ႏိုင္ငံ ဟုတ္တယ္ မဟုတ္ဘူးဆိုတာကေတာ့ အဓိက မဟုတ္ဘူးေပါ့ေနာ္။ လူ႔အခြင့္အေရးနဲ႔ လူမ်ဳိးတုံး သတ္ျဖတ္မႈေတြကို ကာကြယ္တားဆီးေရးသာ အဓိကျဖစ္တယ္ဆိုၿပီးေျပာသြားတာပါ။

ဦးေက်ာ္ဇံသာ (အယ္ဒီတာ၊ VOA ျမန္မာဌာန) ။. ။ တတိယအခ်က္လည္း ေျပာပါအုန္း။

ဦးသန္းလြင္ထြန္း ( ဌာနမွဴး VOA ျမန္မာဌာန) ။. ။ တတိယအခ်က္ကေတာ့ ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းတယ္။ အဲဒီမွာ က်ေနာ္ Learn လုပ္တာေပါ့ေနာ္။ ဥပမာအားျဖင့္ အဂၤလိပ္ဘာသာမွာ Call Upon ဆိုတဲ့ စကားက Oxford English Dictionary ထဲမွာဆိုရင္ ေမတၱာရပ္ခံ တိုင္ၾကားတယ္ေပါ့။ အေၾကာင္းၾကားတိုင္ၾကားၿပီးေတာ့ အေရးယူေပးဖို႔ေျပာတယ္ေပါ့ဗ်ာ။ Call Upon ဆိုတဲ့စကားက ရိုဟင္ဂ်ာ Genocide Convention ပဋိညဥ္စာတမ္းရဲ႕ အပိုဒ္ ၈ မွာပါတယ္။ အဲဒါက အဂၤလိပ္ဘာသာနဲ႔ ဆုိရင္ ေစာေစာက အဓိပၸါယ္ရတယ္။ ဒါေပမယ့္ ျပင္သစ္ဘာသာ၊ စပိန္ဘာသာေတြနဲ႔ သြားၿပီးေတာ့ ေရးထားတဲ့စာမွာ အဓိပၸါယ္ေဖာ္မယ္ဆိုရင္ သူက" Seizing the court" အဲဒါက တရားရုံးေတာ္ကို ဦးတိုက္ေလွ်ာက္ထားတယ္ဆိုၿပီး အဓိပၸါယ္ရတယ္။ အဲဒါအျပင္ကို Call upon to the competent organs of the united nations ဆိုတဲ့စကားေတြကို အတိအက် ဘာသာျပန္မယ္ဆိုရင္ေတာ့ the competent organs of the united nations ကုလသမဂၢရဲ႕လက္ေအာက္ခံ သက္ဆိုင္ရာအဖြဲ႔အစည္းေတြလိုပဲ အဓိပၸါယ္ရတယ္။ ဒါေပမယ့္လည္း ဟိုတေန႔က ေျပာခဲ့တဲ့ ဗမာရဲ႕ ေခ်ပခ်က္ထဲမွာေတာ့ ကုလသမဂၢရဲ႕ လက္ေအာက္ခံအဖြဲ႔အစည္းေတြလို႔မသုံးပဲနဲ႔ ICJ အျပည္ျပည္ဆိုင္ရာ တရားရုံးဆိုၿပီး အဓိပၸါယ္သတ္မွတ္တယ္။ အပိုဒ္ ၈ ထဲမွာ လက္မခံပဲနဲ႔ ျခြင္းခ်က္ထားခဲ့တာက ဘာလဲဆိုေတာ့ ဗမာကေျပာခဲ့တာက ICJ ကို ဦးတိုက္ေလွ်ာက္ထားခြင့္ရွိတယ္ဆိုတဲ့ အခ်က္ကို ျခြင္းခ်က္ထားၿပီး လက္မွတ္ထိုးခဲ့တာမို႔ အခုဗမာကိစၥလာကိုင္ေနတာကို လက္မခံဘူးလို႔ သူကေျပာခ်င္တာ။ ဒီေန႔ေခ်ပတဲ့အခါၾကေတာ့ ၿပီးခဲ့တဲ့အေခါက္တုံးကလည္း ICJ မွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အဖြဲ႔တုံးကလည္း အၾကမ္းဖ်င္းသေဘာ ဒီေလာက္အထိ အတိအက်မေျပာေပမယ့္ သူတို႔ေျပာတဲ့အထဲမွာ အေသးစိတ္ေလးေတြ မပါဘူး။ အပုိဒ္ ၈ ကို ျခြင္းခ်က္ထားတဲ့အတြက္ တရားမစြဲသင့္ပါဘူးေျပာခဲ့တာေတာ့ရွိတယ္။ ဒါေပမယ့္ အဲဒီေနာက္ဆက္ အပိုဒ္ ၉ ကို ျပန္ၾကည့္လုိက္ျပန္ေတာ့ အဲဒီအထဲမွာ တိတိက်က်ညႊန္းထားတယ္။ အဖြဲ႔ဝင္ႏိုင္ငံေတြ အခ်င္းခ်င္းၾကားမွာ ေဖာက္ဖ်က္မႈေတြရွိလုိ႔ရွိရင္ ICJ ဆိုတဲ့တိတိက်က် ဦးတိုက္ေလွ်ာက္ထားခြင့္ရွိတယ္လို့ေရးထားတယ္။ ဒီလိုလက္မွန္ထုိးထားတဲ့အတြက္ေၾကာင့္ ၿပီးခဲ့တဲ့တေခါက္ကလည္း ICJ က ဂမ္ဘီယာဖက္ကို အႏိုင္ေပးၿပီးေတာ့. ဗမာဖက္ကို စြဲခြင့္ရွိတယ္ေျပာၿပီးၿပီ။ ဒီဆုံးျဖတ္ခ်က္အတိုင္းဆက္လုပ္ပါေပါ့ဗ်ာ။ ဒီေန႔ ဂမ္ဘီယာ က ေျပာတဲ့သေဘာကေတာ့ ။

ဂမ္ဘီယာႏိုင္ငံ ကိုယ္စားလွယ္
ဂမ္ဘီယာႏိုင္ငံ ကိုယ္စားလွယ္


ဦးေက်ာ္ဇံသာ (အယ္ဒီတာ၊ VOA ျမန္မာဌာန) ။. ။ ဒါဆို ေလွ်ာက္လႊဲၿပီးသား ကိစၥေတြကို ထပ္ၿပီးေတာ့ ေလွ်ာက္သလိုျဖစ္ေနတာေပါ့ေနာ္။

ဦးသန္းလြင္ထြန္း ( ဌာနမွဴး VOA ျမန္မာဌာန) ။. ။ အဲဒါေပါ့ဗ်ာ။ နံပတ္ ၄ အခ်က္ဆိုတာလည္း က်န္ခဲ့ေသးတယ္။ နံပတ္ ၄ အခ်က္ဆိုတာလည္း ေလွ်ာက္လႊဲၿပီးသား သေဘာပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ဂမ္ဘီယာ နဲ႕႔ ဗမာၾကားမွာ ဘာျပသာနာမွ မရွိပါဘူးဆိုၿပီး ဗမာက အၾကမ္းဖ်င္းေျပာခဲ့တာပဲ။ ဂမ္ဘီယာ က ေျပာတယ္ ဗမာကို တိတိက်က် တရားစြဲမယ္တို႔ အျပန္အလွန္ျငင္းတာ ခုံတာေတြမရွိခဲ့ဘူးေပါ့ေနာ္။ စာ ၂ မ်က္ႏွာရွိတဲ့ အေၾကာင္းအရာေလးကို လွမ္းပို႔တယ္။ ပို႔ေပးၿပီးေတာ့ အဲဒီထဲမွာလည္း တိတိက်က် ဘယ္ေလာက္ၾကာလို႔ ရွိရင္ ျပန္ေျဖရမယ္။ ဘာဆက္လုပ္ရမယ္ဆိုတာ မပါဘူးေပါ့ေနာ္။ အေၾကာင္းမျပန္ဘူးေပါ့ေနာ္။ အေၾကာင္းမျပန္တဲ့အတြက္ေၾကာင့္ ဒီကိစၥမွာ ဘာမွ ျပသာနာမရွိတဲ့အတြက္ ရုံးေတာ္အထိ ဦးတိုက္ေလွ်ာက္ထားရတာ မျဖစ္ဘူးဆိုၿပီး ပထမတခါ အေၾကာင္းျပန္ခဲ့ၿပီးၿပီ။ ဒီကိစၥကို ကုလသမဂၢမွာ ဂမ္ဘီယာ က ေျပာခဲ့ဘူးတယ္။ ဦးေက်ာ္တင့္ေဆြ က ကန္႔ကြက္ခဲ့တယ္။ အလားတူပဲ OIC ဆုိတဲ့အဖြဲ႔
မွာ ဂမ္ဘီယာ က ဦးေဆာင္ၿပီး ဗမာအေရး ရိုဟင္ဂ်ာ က ကန္႔ကြက္ပါမယ္ေျပာတယ္။ အဲဒီတုံးက ျမန္မာႏိုင္ငံျခားေရးဌာန က ကန္႔ကြက္တယ္ဆိုၿပီး ေၾကညာခ်က္ထုတ္ခဲ့တယ္။ ဒါေတြဟာ ၂ ဖက္ၾကား ျငင္းခုံမႈေတြ မဟုတ္ဘူးလားလို႔ အျပန္လွန္ ေမးခြန္းထုတ္တာ။ ဒါအျပင္ နည္းနည္းထူးဆန္းတဲ့ အဂၤလိပ္အသုံးအႏႈန္းေတြေပါ့။ Silence Veto ဆိုၿပီး သုံးသြားတယ္။ တဖက္နဲ႔ တဖက္ အျငင္းပြားၾကရင္ တဖက္က ျပန္မေျပာဘူး ႏုတ္ဆိတ္ေနတာ ဆိုတာေပါ့။ တဖက္က ဘာမွျပန္မေျပာ ဘာမွမလုပ္ လွ်စ္လွ်ဴရႈထားတာ။ အဲဒါဆိုရင္ ျပသာနာမရွိဘူးလို႔ ေျပာရမလားဆိုၿပီး ေမးခြန္းျပန္ထုတ္ထားတာ။ စိတ္ဝင္စားစရာေကာင္းပါတယ္။

ဦးေက်ာ္ဇံသာ (အယ္ဒီတာ၊ VOA ျမန္မာဌာန) ။. ။ အၾကမ္းဖ်င္းေျပာရရင္ေတာ့ ဟိုပထမ အႀကိမ္တုံးက ေလွ်ာက္လဲခဲ့တာ၊ ေခ်ပခဲ့တာေတြကို ပိုခ်ဲ႕ၿပီးေတာ့ ေျပာတဲ့စကား ၊ဥပေဒအသုံးအႏႈန္းေတြပိုမ်ားလာတယ္။ ဒီကိစၥနဲ႔ ပတ္သက္လုိ႔ေကာ တရားရုံး သဘာပတိရဲ႕ ေနာက္ဆုံး မွတ္ခ်က္စကားေျပာပါအုန္း။

ဦးသန္းလြင္ထြန္း ( ဌာနမွဴး VOA ျမန္မာဌာန) ။. ။ သူကေတာ့ ထုံးစံအတိုင္း ေရွ႕ဆက္ဘာလုပ္မလဲဆိုတာကို အဆုံးသတ္ ေျပာျပတာေပါ့ေနာ္။ ၂၅ ရက္ေန႔မွာ ဗမာက တနာရီခြဲ ရမယ္။ ၂၈ ရက္ေန႔မွာ ဂမ္ဘီယာက ေနာက္ထပ္ တနာခြဲရမယ္။ အဲဒါက ဒီ ၃ နာရီေျပာခဲ့တဲ့အခ်က္ေတြကို မူတည္ၿပီးေတာ့မွ သူတို႔အေနနဲ႔ ေနာက္ထပ္ ဘာအေၾကာင္းျပၿပီးေတာ့ ျငင္းမလဲဆိုတာပဲ သိခ်င္တာ။ အဲဒီေတာ့ ဒီတနာရီခြဲ ေျပတဲ့အခါမွာ ေျပာၿပီးသားေတြ ထပ္မေျပာနဲ႔ေတာ့ ဆိုတဲ့အေၾကာင္းကိုပဲ ေနာက္ဆုံးအေနနဲ႔ သတိေပးလိုက္တာပါ။

ဦးေက်ာ္ဇံသာ (အယ္ဒီတာ၊ VOA ျမန္မာဌာန) ။. ။ ကဲ ဦးသန္းလြန္ထြန္း က်ေနာ္တို႔ ေနာက္ေန႔ေတြ ဆက္ၾကတာေပါ့ဗ်ာ။ ေက်းဇူးပါ။

Ko Ko Hlaing at ICJ hearing
Ko Ko Hlaing at ICJ hearing

................................................................................

ရိုဟင်ဂျာ Genocide အမှု မြန်မာနိုင်ငံအပေါ် စွဲဆိုခွင့် ရှိ ကြောင်း ICJ မှာ Gambia လျှောက်လဲ

{{Unicode}}

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နယ်သာလန်နိုင်ငံ The Hague မြို့ နိုင်ငံတကာ တရားရုံးမှာ ပြုလုပ်သွားတဲ့ ဂမ်ဘီယာ နဲ့ မြန်မာအမှု ဒုတိယ အကြိမ်ကြားနာပွဲမှာ ဒုတိယနေ့ အဖြစ် မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု Genocide ကျူးလွန်တယ်ဆိုတဲ့ကိစ္စကို ဂမ်ဘီယာနိုင်ငံက လျှောက်ထားစွဲဆိုနိုင်ကြောင်း၊ ICJ အနေနဲ့လည်း ကြားနာစစ်ဆေးနိုင်ကြောင်း ဥပဒေအကိုးအကားတွေနဲ့ ဂမ်ဘီယာဖက်က ချေပလျှောက်လဲသွားပါတယ်။ အသေးစိတ်ကိုတော့ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း နဲ့ ဦးကျော်ဇံသာ တို့က မေးမြန်းတင်ပြမှာပါ။

ဦးကျော်ဇံသာ (အယ်ဒီတာ၊ VOA မြန်မာဌာန) ။. ။ ဦးသန်းလွင်ထွန်း ခင်ဗျာ။ ICJ နိုင်ငံတကာ တရားရုံးမှာ Gambia Vs Myanmar ဂမ်ဘီယာနဲ့ မြန်မာဖြစ်တဲ့အမှုကို ဒုတိယအကြိမ် ကြားနာပွဲပြုလုပ်နေပါတယ်။ မနေ့က ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ဒုတိယအကြိမ် ကြားနာပွဲ ရဲ့ ဒုတိယနေ့အဖြစ်နဲ့ ကြားနာခဲ့ပါတယ်။ အဲဒီမှာ ဂမ်ဘီယားနိုင်ငံက ပြန်လည်ပြီးတော့ လျှောက်ထားတာဖြစ်ပါတယ်။ ပထမနေ့မှာတော့ မြန်မာဖက်က လျှောက်ထားတာဖြစ်ပါတယ်။ ဆိုတော့ ဒုတိယနေ့အခြေအနေမပြောခင် ပထမနေ့တုံးက မြန်မာဖက်က လျှောက်လွှဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အကျဉ်းခြုံးလေ ပြန်ပြောပေးပါလားခင်ဗျာ။

ဦးသန်းလွင်ထွန်း ( ဌာနမှူး VOA မြန်မာဌာန) ။. ။ ဟုတ်ကဲ့ ၊ ပထမနေ့ မြန်မာဖက်က လျှောက်လဲမှုတွေမှာတော့ တကယ်တန်းပြောရမယ်ဆိုလို့ရှိရင် ဟိုပထမပိုင်းပေါ့နော် လွန်ခဲ့တဲ့ ၂ နှစ်လောက် ၂ဝ၁၉ ဒီဇင်ဘာတုံးက ဂမ်ဘီယာ ကနေပြီး မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာအရေးကို ဦးတိုက်လျှောက်ထားတဲ့ကိစ္စ နဲ့ ပတ်သက်ပြီး ချေပခဲ့တဲ့ အချက်တချို့အပါအဝင်ပေါ့။ အဲဒါတွေပဲ ပြန်ပြီးတော့ ချေပတာလို့ မြင်လို့ရပါတယ်။ ဒါပေမဲ့ ပထမတခေါက်တုံးက ၂ဝ၁၉ ဒီဇင်ဘာတုံးကပေါ့နော်။ အဲဒီတုံးက ဦးကျော်ဇံသာ တို့လည်း သွားပြီးတော့ သတင်းယူခဲ့ပါတယ်။ အဲဒီတုံးက အဓိက ဦးတည်ချက်က ဘာလဲဆိုတော့ ဂမ်ဘီယာက စွပ်စွဲတဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်နေပါတယ်ဆိုတဲ့ စွပ်စွဲချက်ကို သေချာလက်ခံပြီး စစ်ဆေးမယ့်အစားကို ဒီကိစ္စ ဒီကိစ္စတွေက ဖြစ်နေတယ်။ ဒီကိစ္စကို လက်ခံကြောင်း မဆုံးဖြတ်ခင်မှာ ပြသာနာတွေကို ထပ်ပြီးကြီးမသွားအောင်အတွက်ဆိုပြီး ကြားဖြတ်ကာလမှာ အရေးယူဆောင်ရွက်ပေးရမယ့် ကိစ္စတွေကို တင်သွင်းပါတယ်ဆိုပြီး ဂမ်ဘီယာ က ကြားဖြတ်အနေနဲ့ တင်သွင်းတာကိုး။ ဒီတင်သွင်းချက်တွေကို အဲဒီတုံးက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အဖွဲ့ပေါ့နော်။ ဒါတွေတော့ လုပ်စရာမလိုဘူးဆိုပြီး ကန့်ကွက်ခဲ့တယ်။ မအောင်မြင်ဘူး။ ဗမာဖက်က ရှုံးနိမ့်ခဲ့တယ် ပြောလိုရတယ်ပေါ့နော်။ ဂမ်ဘီယာရဲ့ တင်သွင်းချက်ကို ICJ က လက်ခံပြီးတော့ ဗမာနိုင်ငံမှာလုပ်ရမယ့် ကြားဖြတ်စီမံချက်တွေပေါ့နော်။ အဲဒါတွေကို အတည်ပြုပြီးတော့ ဗမာနိုင်ငံကိုလည်း ၆ လတကြိမ် ဒီကိစ္စတွေအပေါ် အစီရင်ခံစာတင်ရမယ်ဆိုတာနဲ့ ဆုံးဖြတ်ချက်ချလိုက်တယ်။

ဦးကျော်ဇံသာ (အယ်ဒီတာ၊ VOA မြန်မာဌာန) ။. ။ ဒုတိယကြားနာပွဲဖြစ်တဲ့ ဂမ်ဘီယာ က ချေပတဲ့ ကိစ္စကိုလည်း ပြောပါအုန်းခင်ဗျ။

ဦးသန်းလွင်ထွန်း ( ဌာနမှူး VOA မြန်မာဌာန) ။. ။ အဲဒီမှာ ကျနော် စောစောက ဖြေတုံးက ကျန်ခဲ့တာက ပထမနေ့မှာ မြန်မာဖက်က ဘာပြောလဲဆိုတော့ အဓိက ၄ ချက်ပေါ့နော်။ အတိုချုပ်ပြောရမယ်ဆိုရင် ဂမ်ဘီယာနိုင်ငံဟာ သူရဲ့နိုင်ငံအနေနဲ့ ကိုယ်တိုင်စွဲတာမဟုတ်ပဲနဲ့ OIC လိုခေါ်တဲ့ အစ္စလမ္မစ်အဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ စွဲတဲ့ ကိုယ်စားပြုစွဲတဲ့ကိစ္စမို့ ဒီကိစ္စမျိုး အကြုံမဝင်ဘူးပေါ့နော်။ ICJ လုပ်ငန်းစဉ်ထဲမှာဆိုပြီး နံပတ် ၁ ကန့်ကွက်တယ်။ နံပတ် ၂ အချက်ကတော့ ဂမ်ဘီယာနိုင်ငံဟာ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းက ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ထိခိုက် နစ်နာရတဲ့နိုင်ငံလည်းမဟုတ်ဘူး။ အဝေးကြီးမှာပေါ့နော်။ အဲဒီတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ်တိုင်သက်ဆိုင်မှုမရှိတဲ့အတွက်ကြောင့် တရားစွဲဆိုခွင့်မရှိဘူးပေါ့နော်။ နံပတ် ၃ ကတော့ Genocide လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေး ပဋိညဉ် စာချုပ်ကိုယ်တိုင်နဲ့ ပတ်သက်တယ်။ အဲဒီအထဲမှာပါတဲ့ အပိုဒ် ၈ ဆိုတဲ့အချက်ကို ဗမာကနေပြီး ခြွင်းချက်အနေနဲ့ လက်မှတ်ထိုးထားတာဆိုတော့ အဲလိုခြွင်းချက်ထားထားပြီးသားမိုလို့ ဂမ်ဘီယာရဲ့ စွပ်စွဲချက်ကို ဗမာအနေနဲ့ ရင်ဆိုင်ဖြေရှင်းစရာမလိုဘူးလို့ပြောတယ်။ နောက်ဆုံးတချက်ကတော့ ဂမ်ဘီယာ နဲ့ မြန်မာနိုင်ငံအကြားမှာ ပြသာနာ အငြင်းပွားမှု တစုံတရာ ဘာမှမရှိခဲ့ဘူး။ မရှိခဲ့တဲ့အတွက်ကြောင့် ဒီကိစ္စတွေကို ၂ ဖက်မရှင်းပဲနဲ့ တရားရုံးအထိတက်ပြီးတော့ လျှောက်ထားပိုင်ခွင့် ဆိုတာမရှိဘူးဆိုပြီး ဒီအချက်တွေနဲ့ ငြင်းခဲ့တာ။

ဦးကျော်ဇံသာ (အယ်ဒီတာ၊ VOA မြန်မာဌာန) ။. ။ အခု ဒုတိယနေ့မှာ ဂမ်ဘီယာဖက်က ပြန်လည်ချေပတဲ့ကိစ္စကိုလည်း ဆက်ပါအုန်း။

ဦးသန်းလွင်ထွန်း ( ဌာနမှူး VOA မြန်မာဌာန) ။. ။ တချက်ချင်းစီမှာဆိုလိုရှိရင် OIC ကို ကိုယ်စားပြုပြီးစွဲတယ်ဆိုတဲ့အချက်ကို ပြန်ချေပတဲ့နေရာမှာ ကျုပ်တို့ကတော့ ဂမ်ဘီယာနိုင်ငံဟာ သေးပေမယ့် အချုပ်အခြာနိုင်ငံဖြစ်တယ်။ ဘယ်နိုင်ငံရဲ့ သြဇာခံနိုင်ငံမဟုတ်သလို ဘယ်နိုင်ငံကိုမှ ကိုယ်စားပြုတာမဟုတ်ဘူး ။ သူကဘာပြောသလဲဆိုတော့ အလားတူပဲ အခုတိုင်ကြားတဲ့ကိစ္စဟာ ရိုဟင်ဂျာတွေရဲ့ လူအခွင့်အရေးဖောက်ဖျက်တိုင်းကြားခံရမှုကို သူတို့ ကာကွယ်ပေးဖို့တင်မကဘူး ။ Genocide Convention ကို လက်မှတ်ထိုးထားတဲ့အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ နောက်ထပ်အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ တာဝန်ပေါ့လျော့ ဖောက်ဖျက်မှုတွေကို ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ အရေးယူအပြစ်ပေးဖို့ ဆိုပြီးတော့ ဂန်ဘီယာနိုင်ငံက ကိုယ်ဖာသာတိုင်တာဆိုပြီး ပြန်ဖြေကြားတယ်။ ဒါနဲ့ပတ်သက်လို့တော့ ဥပဒေအထောက်အထားတွေတော့ရှိတာပေါ့ဗျာ။ အရှည်ကြီးမပြောတော့ပါဘူး။ ဒုတိယအချက်ကိုတော့ စောစောကပြောသလို "INJURED STATE" လို့သုံးတာပေါ့နော်။ အဲဒါက ဒီပြသာနာနဲ့ ပတ်သက်ပြီး တိုက်ရိုက်နစ်နာမှုမရှိတဲ့နိုင်ငံလို့ မြန်မာနိုင်ငံဖက်က ပြန်ချေပချက်ပေါ့နော်။ ဂမ်ဘီယာနိုင်ငံက အဝေးကြီးပဲ ဒီရိုဟင်ဂျာတွေနဲ့ဘာမှပတ်သက်တာမဟုတ်ဘူးဆိုတဲ့အချက်ပေါ့။ ကျနော်တို့က ဥပဒေပညာရှင်လည်းမဟုတ်ဘူး။ ဥပဒေဆိုတဲ့နေရာမှာလည်း အကိုးအကား လက်တင်ဘာသာတွေကော ၊ ပြင်သစ်ဘာသာတွေကော ၊ ဥပဒေစီရင်ထုံးတွေကော ၊ လျှောက်လွှဲချက် ၊ သုံးသပ်ချက်နဲ့ ပတ်သက်နဲ့ သီအိုရီတွေကော ၊ ဒါတွေက ကျနော်တို့က ရုတ်တရက်နားထောင်ပြီးတော့ နားလည်နိုင်တဲ့အကြောင်းအရာတွေမဟုတ်ဘူး။ ချေပချက်ကတော့ နည်းနည်းရှုပ်ထွေးတယ်။ သူတို့ကိုးကားတာဆိုရင် အရင်တုံးက ဘော့စနီးယားမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေမှာ ဒီလို နီးစပ်မှုရှိမရှိ အဲဒါတွေလည်း ကိုးကားတယ်။ အကြမ်းဖျင်းကတော့ သူအနေနဲ့ ပြန်ချေပတာက တိုက်ရိုက်သက်ဆိုင်မှုမရှိတဲ့နိုင်ငံ ဟုတ်တယ် မဟုတ်ဘူးဆိုတာကတော့ အဓိက မဟုတ်ဘူးပေါ့နော်။ လူ့အခွင့်အရေးနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ကာကွယ်တားဆီးရေးသာ အဓိကဖြစ်တယ်ဆိုပြီးပြောသွားတာပါ။

ဦးကျော်ဇံသာ (အယ်ဒီတာ၊ VOA မြန်မာဌာန) ။. ။ တတိယအချက်လည်း ပြောပါအုန်း။

ဦးသန်းလွင်ထွန်း ( ဌာနမှူး VOA မြန်မာဌာန) ။. ။ တတိယအချက်ကတော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီမှာ ကျနော် Learn လုပ်တာပေါ့နော်။ ဥပမာအားဖြင့် အင်္ဂလိပ်ဘာသာမှာ Call Upon ဆိုတဲ့ စကားက Oxford English Dictionary ထဲမှာဆိုရင် မေတ္တာရပ်ခံ တိုင်ကြားတယ်ပေါ့။ အကြောင်းကြားတိုင်ကြားပြီးတော့ အရေးယူပေးဖို့ပြောတယ်ပေါ့ဗျာ။ Call Upon ဆိုတဲ့စကားက ရိုဟင်ဂျာ Genocide Convention ပဋိညဉ်စာတမ်းရဲ့ အပိုဒ် ၈ မှာပါတယ်။ အဲဒါက အင်္ဂလိပ်ဘာသာနဲ့ ဆိုရင် စောစောက အဓိပ္ပါယ်ရတယ်။ ဒါပေမယ့် ပြင်သစ်ဘာသာ၊ စပိန်ဘာသာတွေနဲ့ သွားပြီးတော့ ရေးထားတဲ့စာမှာ အဓိပ္ပါယ်ဖော်မယ်ဆိုရင် သူက" Seizing the court" အဲဒါက တရားရုံးတော်ကို ဦးတိုက်လျှောက်ထားတယ်ဆိုပြီး အဓိပ္ပါယ်ရတယ်။ အဲဒါအပြင်ကို Call upon to the competent organs of the united nations ဆိုတဲ့စကားတွေကို အတိအကျ ဘာသာပြန်မယ်ဆိုရင်တော့ the competent organs of the united nations ကုလသမဂ္ဂရဲ့လက်အောက်ခံ သက်ဆိုင်ရာအဖွဲ့အစည်းတွေလိုပဲ အဓိပ္ပါယ်ရတယ်။ ဒါပေမယ့်လည်း ဟိုတနေ့က ပြောခဲ့တဲ့ ဗမာရဲ့ ချေပချက်ထဲမှာတော့ ကုလသမဂ္ဂရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေလို့မသုံးပဲနဲ့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးဆိုပြီး အဓိပ္ပါယ်သတ်မှတ်တယ်။ အပိုဒ် ၈ ထဲမှာ လက်မခံပဲနဲ့ ခြွင်းချက်ထားခဲ့တာက ဘာလဲဆိုတော့ ဗမာကပြောခဲ့တာက ICJ ကို ဦးတိုက်လျှောက်ထားခွင့်ရှိတယ်ဆိုတဲ့ အချက်ကို ခြွင်းချက်ထားပြီး လက်မှတ်ထိုးခဲ့တာမို့ အခုဗမာကိစ္စလာကိုင်နေတာကို လက်မခံဘူးလို့ သူကပြောချင်တာ။ ဒီနေ့ချေပတဲ့အခါကြတော့ ပြီးခဲ့တဲ့အခေါက်တုံးကလည်း ICJ မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အဖွဲ့တုံးကလည်း အကြမ်းဖျင်းသဘော ဒီလောက်အထိ အတိအကျမပြောပေမယ့် သူတို့ပြောတဲ့အထဲမှာ အသေးစိတ်လေးတွေ မပါဘူး။ အပိုဒ် ၈ ကို ခြွင်းချက်ထားတဲ့အတွက် တရားမစွဲသင့်ပါဘူးပြောခဲ့တာတော့ရှိတယ်။ ဒါပေမယ့် အဲဒီနောက်ဆက် အပိုဒ် ၉ ကို ပြန်ကြည့်လိုက်ပြန်တော့ အဲဒီအထဲမှာ တိတိကျကျညွှန်းထားတယ်။ အဖွဲ့ဝင်နိုင်ငံတွေ အချင်းချင်းကြားမှာ ဖောက်ဖျက်မှုတွေရှိလို့ရှိရင် ICJ ဆိုတဲ့တိတိကျကျ ဦးတိုက်လျှောက်ထားခွင့်ရှိတယ်လို့ရေးထားတယ်။ ဒီလိုလက်မှန်ထိုးထားတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့တခေါက်ကလည်း ICJ က ဂမ်ဘီယာဖက်ကို အနိုင်ပေးပြီးတော့. ဗမာဖက်ကို စွဲခွင့်ရှိတယ်ပြောပြီးပြီ။ ဒီဆုံးဖြတ်ချက်အတိုင်းဆက်လုပ်ပါပေါ့ဗျာ။ ဒီနေ့ ဂမ်ဘီယာ က ပြောတဲ့သဘောကတော့ ။


ဦးကျော်ဇံသာ (အယ်ဒီတာ၊ VOA မြန်မာဌာန) ။. ။ ဒါဆို လျှောက်လွှဲပြီးသား ကိစ္စတွေကို ထပ်ပြီးတော့ လျှောက်သလိုဖြစ်နေတာပေါ့နော်။

ဦးသန်းလွင်ထွန်း ( ဌာနမှူး VOA မြန်မာဌာန) ။. ။ အဲဒါပေါ့ဗျာ။ နံပတ် ၄ အချက်ဆိုတာလည်း ကျန်ခဲ့သေးတယ်။ နံပတ် ၄ အချက်ဆိုတာလည်း လျှောက်လွှဲပြီးသား သဘောပဲ။ ဘာကြောင့်လဲဆိုတော့ ဂမ်ဘီယာ နဲ့ ဗမာကြားမှာ ဘာပြသာနာမှ မရှိပါဘူးဆိုပြီး ဗမာက အကြမ်းဖျင်းပြောခဲ့တာပဲ။ ဂမ်ဘီယာ က ပြောတယ် ဗမာကို တိတိကျကျ တရားစွဲမယ်တို့ အပြန်အလှန်ငြင်းတာ ခုံတာတွေမရှိခဲ့ဘူးပေါ့နော်။ စာ ၂ မျက်နှာရှိတဲ့ အကြောင်းအရာလေးကို လှမ်းပို့တယ်။ ပို့ပေးပြီးတော့ အဲဒီထဲမှာလည်း တိတိကျကျ ဘယ်လောက်ကြာလို့ ရှိရင် ပြန်ဖြေရမယ်။ ဘာဆက်လုပ်ရမယ်ဆိုတာ မပါဘူးပေါ့နော်။ အကြောင်းမပြန်ဘူးပေါ့နော်။ အကြောင်းမပြန်တဲ့အတွက်ကြောင့် ဒီကိစ္စမှာ ဘာမှ ပြသာနာမရှိတဲ့အတွက် ရုံးတော်အထိ ဦးတိုက်လျှောက်ထားရတာ မဖြစ်ဘူးဆိုပြီး ပထမတခါ အကြောင်းပြန်ခဲ့ပြီးပြီ။ ဒီကိစ္စကို ကုလသမဂ္ဂမှာ ဂမ်ဘီယာ က ပြောခဲ့ဘူးတယ်။ ဦးကျော်တင့်ဆွေ က ကန့်ကွက်ခဲ့တယ်။ အလားတူပဲ OIC ဆိုတဲ့အဖွဲ့
မှာ ဂမ်ဘီယာ က ဦးဆောင်ပြီး ဗမာအရေး ရိုဟင်ဂျာ က ကန့်ကွက်ပါမယ်ပြောတယ်။ အဲဒီတုံးက မြန်မာနိုင်ငံခြားရေးဌာန က ကန့်ကွက်တယ်ဆိုပြီး ကြေညာချက်ထုတ်ခဲ့တယ်။ ဒါတွေဟာ ၂ ဖက်ကြား ငြင်းခုံမှုတွေ မဟုတ်ဘူးလားလို့ အပြန်လှန် မေးခွန်းထုတ်တာ။ ဒါအပြင် နည်းနည်းထူးဆန်းတဲ့ အင်္ဂလိပ်အသုံးအနှုန်းတွေပေါ့။ Silence Veto ဆိုပြီး သုံးသွားတယ်။ တဖက်နဲ့ တဖက် အငြင်းပွားကြရင် တဖက်က ပြန်မပြောဘူး နုတ်ဆိတ်နေတာ ဆိုတာပေါ့။ တဖက်က ဘာမှပြန်မပြော ဘာမှမလုပ် လျှစ်လျှူရှုထားတာ။ အဲဒါဆိုရင် ပြသာနာမရှိဘူးလို့ ပြောရမလားဆိုပြီး မေးခွန်းပြန်ထုတ်ထားတာ။ စိတ်ဝင်စားစရာကောင်းပါတယ်။

ဦးကျော်ဇံသာ (အယ်ဒီတာ၊ VOA မြန်မာဌာန) ။. ။ အကြမ်းဖျင်းပြောရရင်တော့ ဟိုပထမ အကြိမ်တုံးက လျှောက်လဲခဲ့တာ၊ ချေပခဲ့တာတွေကို ပိုချဲ့ပြီးတော့ ပြောတဲ့စကား ၊ဥပဒေအသုံးအနှုန်းတွေပိုများလာတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ကော တရားရုံး သဘာပတိရဲ့ နောက်ဆုံး မှတ်ချက်စကားပြောပါအုန်း။

ဦးသန်းလွင်ထွန်း ( ဌာနမှူး VOA မြန်မာဌာန) ။. ။ သူကတော့ ထုံးစံအတိုင်း ရှေ့ဆက်ဘာလုပ်မလဲဆိုတာကို အဆုံးသတ် ပြောပြတာပေါ့နော်။ ၂၅ ရက်နေ့မှာ ဗမာက တနာရီခွဲ ရမယ်။ ၂၈ ရက်နေ့မှာ ဂမ်ဘီယာက နောက်ထပ် တနာခွဲရမယ်။ အဲဒါက ဒီ ၃ နာရီပြောခဲ့တဲ့အချက်တွေကို မူတည်ပြီးတော့မှ သူတို့အနေနဲ့ နောက်ထပ် ဘာအကြောင်းပြပြီးတော့ ငြင်းမလဲဆိုတာပဲ သိချင်တာ။ အဲဒီတော့ ဒီတနာရီခွဲ ပြေတဲ့အခါမှာ ပြောပြီးသားတွေ ထပ်မပြောနဲ့တော့ ဆိုတဲ့အကြောင်းကိုပဲ နောက်ဆုံးအနေနဲ့ သတိပေးလိုက်တာပါ။

ဦးကျော်ဇံသာ (အယ်ဒီတာ၊ VOA မြန်မာဌာန) ။. ။ ကဲ ဦးသန်းလွန်ထွန်း ကျနော်တို့ နောက်နေ့တွေ ဆက်ကြတာပေါ့ဗျာ။ ကျေးဇူးပါ။

XS
SM
MD
LG