သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် လွှတ်တော်အမတ်တွေရဲ့ Baseball ပွဲ အစီအစဉ်အတိုင်းကျင်းပ


ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သူတွေကလည်း ကန် လွှတ်တော်အမတ်တွေရဲ့ Baseball ပွဲကို လာရောက်အားပေး။ (ဇွန် ၁၅-၂၀၁၇)
ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သူတွေကလည်း ကန် လွှတ်တော်အမတ်တွေရဲ့ Baseball ပွဲကို လာရောက်အားပေး။ (ဇွန် ၁၅-၂၀၁၇)

အမေရိကန်လွှတ်တော်အမတ်တွေရဲ့ ရံပုံငွေဘေ့စ်ဘောပွဲကို ကြာသပတေးနေ့က ဝါရှင်တန်ဒီစီမြို့တော် Nationals အသင်းရဲ့ ဘေ့စ်ဘောကွင်းမှာ ကစားခဲ့ကြပါတယ်။ ဒီပွဲမတိုင်ခင် ဗုဒ္ဓဟူးနေ့က ရီပတ်ဘလစ်ကန်လွှတ်တော်အမတ်တွေ ပွဲကြိုလေ့ကျင့်နေတုန်း သေနတ်သမားတဦးက ပစ်ခတ်ခဲ့တာကြောင့်၊ ရီပတ်ဘလစ်ကန် အောက်လွှတ်တော် အမတ် Steve Scalise နဲ့ နောက်ထပ် ၄ ဦး ဒဏ်ရာရခဲ့ကြပါတယ်။ မူလက ဒီပွဲမှာ ဝင်ကစားဖို့လုပ်ခဲ့တဲ့ လွှတ်တော်အမတ် Scalise ကတော့ တင်ပါးမှာ ဒဏ်ရာပြင်းထန်စွာရပြီး ၊ အခြေအနေစိုးရိမ်ရတာကြောင့် ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။

ပွဲမစခင်မှာတော့ ပါတီ ၂ ရပ်စလုံးကနေ ပါဝင်ကစားကြတဲ့ အသင်းသားတွေဟာ ကွင်းထဲမှာ ဒူးထောက်ပြီး Scalise အပါအဝင် ဒဏ်ရာရတဲ့သူတွေ အမြန်ဆုံးပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းခဲ့ကြပါတယ်။ ဒီပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ လွှတ်တော်ရဲတပ်ဖွဲ့ဝင် David Bailey ကတော့ ဒီပွဲကို ဂျိုင်းထောက်နဲ့လာပြီး၊ ဒီပွဲရဲ့ ပထမဆုံးဘောလုံးကို ပစ်ပေးခဲ့ပါတယ်။

Bailey က သေနတ်သမားကို လိုက်လံပစ်ခတ်ခဲ့အတွက် နောက်ထပ် ထိခိုက်သေဆုံးတာတွေ မရှိခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကျနော်တို့ရဲ့ ဒီမိုကရေစီစနစ်ကို တိုက်ခိုက်ပြီး၊ ကျနော်တု့ိကို ခြိမ်းခြောက်လို့မရနိုင်ဘူးဆိုတာ ဒီပွဲက ကမ္ဘာကြီးကို ပြသလိုက်တာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ကစားသမားတွေ နဲ့ ပွဲကြည့်ပရိဿတ်တွေကို ဗီဒီယိုကနေ တဆင့် သတင်းစကား ပေးပို့ခဲ့ပါတယ်။

ဒီရံပုံငွေဘေ့စ်ဘောပွဲကို ၁၉၀၉ ခုနှစ်ကတည်းက ကျင်းပလာခဲ့တာဖြစ်ပြီး၊ ဒီနှစ်မှာတော့ ပွဲကြည့်သူ ၂ သောင်းလောက် လာကြည့်ကြပြီး၊ ရံပုံငွေ အမေရိကန်ဒေါ်လာ ၁ သန်းကျော်ရှိခဲ့တာာဖြစ်ပါတယ်။ ဒီငွေတွေကို Greater Washington ရဲ့ ယောကျ်ားလေး နဲ့ မိန်းကလေးအဖွဲ့ နဲ့ ဝါရှင်တန် စာတတ်မြောက်ရေးဌာနကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ ကြာသပတေးနေ့က ကစားတဲ့ ဒီပွဲမှာတော့ ဒီမိုကရက်တွေက ရီပတ်ဘလစ်ကန်တွေကို ၁၁-၂ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG