သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်


စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်။ (၂၀၂၄၊ နိုဝင်ဘာလ ၅ ရက်/
Credit to NOM (News of Myanmar) Telegram)
စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်။ (၂၀၂၄၊ နိုဝင်ဘာလ ၅ ရက်/ Credit to NOM (News of Myanmar) Telegram)

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို ဒီကနေ့ အင်္ဂါနေ့မှာ ရောက်သွားပါတယ်။ ဒီခရီးစဉ်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်တ တရုတ်နိုင်ငံကို တရားဝင်လူသိရှင်ကြားသွားရောက်တဲ့ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။

ယူနန်ပြည်နယ် ကူမင်းမှာ ဗုဒ္ဓဟူးနေ့စတင်ပြုလုပ်မယ့် မယ့်ခေါင်ရပ်ဝန်း ထိပ်သီးအစည်းအဝေးတက်ဖို့ သွားတာဖြစ်ပြီးဒီအစည်းအဝေးကို ထိုင်း၊ ကမ္ဘာဒီးယား၊ လာအို၊ ဗီယက်နမ်တို့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

သုံးသပ်သူတွေကတော့ ဒီခရီးစဉ်ဟာ သိပ်ထူးထူးခြားခြားရလဒ်တွေပေါ်ထွက်လာမှမဟုတ်ဘဲ မြန်မာ စစ်ကောင်စီ ရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်အနေနဲ့ လိုလိုလားလား သိပ်မရှိပေမယ့် အသိအမှတ်ပြုတဲ့အနေနဲ့ ဖိတ်ကြားတာလို့ သုံးသပ်ကြပါတယ်။

၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးကတည်းက တရုတ်အစိုးရရဲ့ အသိအမှတ်ပြုခံရဖို့အတွက် တရားဝင်ဖိတ်ကြားခြင်းခံရဖို့မြန်မာစစ်ခေါင်းဆောင်ဘက်က ချဉ်းကပ်ကြိုးပမ်းခဲ့ပါတယ်။ တရုတ်ရဲ့ဒီဖိတ်ကြားမှုဟာ စစ်ခေါင်းဆောင်ကိုအသိအမှတ်ပြုတဲ့သဘောဖြစ်ပေမယ့် နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်တွေ အပြန်အလှန်ဖိတ်ကြားတဲ့ သံတမန်ဆက်ဆံရေးမျိုးလောက်တော့ အဆင့်မမြင့်ဘူးလို့ နိုင်ငံတကာ ပဋိပက္ခစောင့် ကြည့်လေ့လာရေးအဖွဲ့ ICG ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ရစ်ချတ်ဟိုစီ Richard Horsey ကပြောဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အတိုက်အခံတွေရဲ့လက်နက်ကိုင်တိုက်ခိုက်မှုကိုခံနေရပြီး လားရှိုးလိုမြို့ကြီးတွေအပါအဝင် နယ်မြေအတော်များများ လက်လွှတ်ဆုံးရှုံးနေခဲ့ရပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့တရုတ်ပြည်ခရီးစဉ်ဟာ မြန်မာပြည်အတွင်း သူရင်ဆိုင်နေရတဲ့ ပြဿနာတွေကိုဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလို့ USIP အဖွဲ့ကြီးက သုတေသီ Jason Tower ကပြောပါတယ်။

 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG