သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်ထိပ်သီး အစည်းအဝေးတက်ဖို့ စစ်ကောင်စီအကြီးအကဲ တရုတ်ပြည်သွားမည်


မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားနေစဉ် (ဩဂုတ် ၅၊ ၂၀၂၄)
မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားနေစဉ် (ဩဂုတ် ၅၊ ၂၀၂၄)

မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီသီတင်းပတ်ထဲ တရုတ်နိုင်ငံကို သွားမှာဖြစ်ကြောင်းနှစ်နိုင်ငံတာဝန်ရှိသူတွေ အတည်ပြုလိုက်ပါတယ်။ မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ဗီယက်နမ်နိုင်ငံက ခေါင်းဆောင်တွေနဲ့အတူ အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) ဥက္ကဋ္ဌတို့ ထိပ်သီးအစည်းအဝေးတက်ဖို့ဖိတ်ကြားထားတာဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က ဒီကနေ့ ပေကျင်းမြို့တော်သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေးနဲ့တခြားဒေသဆိုင်ရာ အစည်းအဝေးတွေအတွက် ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို စစ်ကောင်စီ အကြီးအကဲ သွားရောက်မှာဖြစ်ကြောင်း စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ပထဆုံးအကြိမ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံကို တရားဝင် သွားရောက်တဲ့ခရီးစဉ်အတွင်း တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

တရုတ် မြန်မာနယ်စပ် စစ်ရေးတင်းမာမှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် တရုတ်အစိုးရက ဖိအားပေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားရောက်မယ့် အစီအစဉ် ထွက်ပေါ်လာတာပါ။

စစ်ကောင်စီစခန်းတချို့နဲ့ နယ်စပ်မြို့တချို့ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်နေချိန်မှာပဲတရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံဘက်က ပိတ်ပစ်လိုက်ပြီး မြန်မာဘက် ပို့မယ့် တရုတ်ကုန်ပစ္စည်းတွေကိုကန့်သတ်လိုက်ပါတယ်။

လေ့လာသူတွေကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားတဲ့ ခရီးစဉ်ဟာ စစ်ကောင်စီ အုပ်ချုပ်မှုကိုတရားဝင် ထောက်ခံကြောင်း တရုတ်နိုင်ငံက ပြသလိုက်သလို၊ တရုတ်နိုင်ငံရဲ့ အခိုင်အမာ ကျောထောက်နောက်ခံ ပေးထားမှုကို နိုင်ငံတကာကာကို ပြသတဲ့ ခရီးစဉ်လို့ ယူဆကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG