သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့ အခမ်းအနား ကာချုပ် တက်မည်


အာဇာနည်ဗိမ္မာန်။
အာဇာနည်ဗိမ္မာန်။

ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မှာဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း တပ်မတော်ခေါင်းဆောင် တစ်ယောက် အနေနဲ့ အာဇာနည်နေ့အခမ်းအနားကို ပထမဆုံးအကြိမ် တက်ရောက် မှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံအပြောင်းအလဲရဲ့ ပြယုဂ်တခုဖြစ်ပြီး ကြိုဆိုရမယ့် ကိစ္စဖြစ်တယ်လို့ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာ လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ကျင်းပမယ့် ၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ဂါရဝပြုမှာဖြစ်တယ်လို့ သူ့ရဲ့ Facebook စာမျက်နှာကနေ ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်အနေနဲ့ အာဇာနည်နေ့ နှစ်ပေါင်း များစွာအတွင်း ပထမဆုံးအကြိမ် ပြန်ပြီး တက်ရောက်တာလည်းဖြစ်ပြီး၊ ဒါဟာ နိုင်ငံ အပြောင်းအလဲရဲ့ ပြယုဂ်ဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုမြအေးက ဗွီအိုအေကို ပြောပါတယ်။

"တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့က နှစ်ပေါင်းများစွာ အတွင်းမှာ ပထမဦးဆုံး အကြိမ် အာဇာနည်ဗိမ္မာန်ကို တက်ရောက်ပြီးတော့မှ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုမယ်လို့ ကြားရတယ် ဆိုတော့ ကျနော်တို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပဲလေ။ ဒါကတော့ ကျနော်တို့ တိုင်းပြည်မှာ တပ်မတော်ကို စတင် ထူထောင်ခဲ့တဲ့ ကျနော်တို့ အမျိုးသားခေါင်းဆောင်ကြီး တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေဆိုတာ ဘယ်တော့မှ မေ့ပစ်လို့ရတဲ့ ကိစ္စမဟုတ်ဘူးလေ။ အဲ့တာကို လက်ရှိ တပ်မတော်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ပြီးတော့ ဂါရဝါပြု အလေးပြုမယ်ဆိုတော့ အတိုင်းထက် အလွန် ကောင်းတယ် လို့မြင်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ပြောင်းလဲမှု ရဲ့ပြရုပ်တခုလို့ပဲ ယူဆပါတယ်။ "

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် မတက်ရောက်ခဲ့တာ နှစ်ပေါင်း အတော်ကြာသွားခဲ့ပြီဖြစ် တယ်လို့ မြန်မာနိုင်ငံရေးလေ့လာ စောင့်ကြည့်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

" ကျနေ်ာ မှတ်မိသလောက်ပေါ့လေ။ ၁၉၈၀ခုနှစ် နောက်ပိုင်းမှာတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တယောက်အနေနဲ့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်တာမျိုး မတွေ့ခဲ့ဘူးပေါ့လေ။ ပြောမယ်ဆိုရင်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀နီးပါးလောက်နီးပါးမှာ အဲ့ဒီ့လို တပ်မတော်ဘက်က ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် တက်ရောက်ခဲ့တာ မတွေ့ရဘူးဗျ။"

ပြီးခဲ့တဲ့ နဝတ၊ နအဖ စစ်အစိုးရကာလတွေအတွင်းက အစိုးရဘက်က ယဉ်ကျေးမှု ဝန်ကြီး ဦးဆောင်တဲ့ တာဝန်ရှိသူ တချို့သာ တက်ရောက်ဂါရဝပြုခဲ့ပြီး၊ အခုလို ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် တက်ရောက်တာဟာ မြန်မာ့နိုင်ငံရေး အတွက် ကောင်းမွန်တဲ့ခြေလှမ်းတရပ်ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး အကဲခတ် ဒေါက်တာ ရန်မျိုးသိမ်းကပြောလိုက်ပါတယ်။

" ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေကို အလေးပြုတဲ့ မမေ့တဲ့ အထိမ်းအမှတ်ပွဲ တခုကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်တာဟာ ကျေျနာ်တို့ နိုင်ငံရဲ့ဒီမိုကရေစီ အပြောင်းအလဲအတွက် ကို ကောင်းမွန်တဲ့ အလားအလာတခုလို့မြင်တယ်။ နောက်ပြီးတော့ လာမယ့် ကာလတွေမှာ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးတွေ နဲ့ပတ်သက်လို့ရှိရင်လည်း တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့အသံ၊ ပြည်သူလူထုရဲ့ဆန္ဒကို ပိုပြီး အလေးထားလာဖို့ လိုအပ်တဲ့ အနေအထားအပေါ်မှာ အတိုင်းအတာတခုအထိ အသိအမှတ်ပြုလာတယ်လို့ ယူဆလို့ရတယ်။"

ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက် ဒီမိုကရေစီလှုပ်ရှားမှုကာလတွေအတွင်းမှာ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့တဲ့ အတိုက်အခံနိုင်ငံရေးသမားတွေ နဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က နည်းမျိုးစုံနဲ့ အနှောင့်အယှက်ပေးခဲ့ပြီး၊ အခုလက်ရှိအနေအထားကတော့ အရင်အခြေအနေနဲ့ အတော်လေးကို ကွာခြားသွားပြီဖြစ်ပြီဖြစ်တယ်လို့ ကိုမြအေးကပြောပါတယ်။

"အရင်အခြေအနေနဲ့ပြောမယ်ဆိုရင် တော်တော်တော့ ကွာသွားပြီ။ ကွာတယ် ဆိုတာ ကောင်းတဲ့ဘက်ကို ပြောင်းလဲတယ် ဆိုလိုတာကို ပြောတာပါ။ ဥပမာပြောမယ် ဆိုရင် ပြီးတဲ့ နအဖ နဝတ ခေတ် တုန်းကဆိုရင် အာဇာနည်နေ့ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံပါတဲ့ အကျီတောင် ဝတ်လို့မရဘူး။

ဗိုလ်ချုပ်ပုံဆိုတာ ဘယ်ရုံးမှာမှ မရှိတော့ဘူး။ အဲ့လိုပဲ ဗိုလ်ချုပ်အောင်ဆန်းပုံ ရင်ထိုးလေးတွေ ထိုးရင်တောင် ပြဿနာရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတဲ့အကျီ နဲ့ ရွှေတိဂုံ ဘုရားတောင် တက်လို့မရဘူး။ ဒါ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အခြေအနေ က အဲ့ဒီ့အတိုင်းပဲ ရှိခဲ့ဖူးတယ်။ အခုဟာက အာဇာနည်နေ့ အခမ်းအနား ကို တပ်မတော်ခေါင်းဆောင် တယောက်က တက်ပြီးတော့ ဂါရဝါပြုမယ်။ အလေးပြုမယ်ဆိုတဲ့အခါကျတော့ အရင်ခေတ်ကနဲ့ယှဉ်တယ် ဆိုရင်တော့ တော်တော်လေး ပြောင်းလဲသွားတယ်ပေါ့။ အဲ့ဒီ့တော့ ဒီဟာက ဘာပဲပြောပြော တော်တော်လေး ကောင်းမွန်တဲ့ဟာဖြစ်သလို အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးအတွက် တိုးတက်တဲ့ဖြစ်စဉ်တခုလို့ မြင်တယ်ခင်ဗျ။ အလွန်အရေးပါပါတယ် နိုင်ငံရေးအရ။"

ဒေါ်စုနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စစ်သမိုင်းပြတိုက်ကြည့်ရှု့။
ဒေါ်စုနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စစ်သမိုင်းပြတိုက်ကြည့်ရှု့။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဇာနည်နေ့အခမ်းအနားကို တက်ရောက်မယ်လို့ ကြေညာလိုက်တဲ့တချိန်တည်းမှာပဲ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နေပြည်တော်မှာရှိတဲ့ တပ်မတော်စစ်သမိုင်းပြတိုက်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ အတူ သွားရောက်ကြည့်ရှုခဲ့ပါတယ်။

အာဇာနည်နေ့ အခမ်းအနား ကာချုပ် တက်မည်
please wait

No media source currently available

0:00 0:04:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG