သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



.......
George Floyd သေဆုံးမှုအတွက် ရဲအရာရှိဟောင်း Derek Chauvin ပြစ်မှုထင်ရှားကြောင်း ဂျူရီအဖွဲ့ ဆုံးဖြတ်
(Unicode)

အမေရိကန် ပြည်ထောင်စု Minnesota ပြည်နယ်၊ Minneapolis မြို့မှာ လူမည်းအမျိုးသား George Floyd သေဆုံးမှုအတွက် ရဲအရာရှိဟောင်း Derek Chauvin အပေါ် လူသတ်မှု၊ ကြိုတင်ကြံရွယ်ခြင်းမရှိပဲ သတ်ဖြတ်မှုစတဲ့ စွပ်စွဲချက်တွေ အားလုံးအတွက် အပြစ်ရှိကြောင်း ဂျုရီလူကြီးတွေ ဆုံးဖြတ်လိုက်ပါတယ်။ လူဖြူ ၆ ယောက်၊ လူမည်းနဲ့ တခြားလူမျိုး ၆ ယောက် စုစုပေါင်း ဂျုရီလူကြီး ၁၂ ယောက်က ၂ ရက်အတွင်း ၁၀ နာရီကြာ စဉ်းစားသုံးသပ်ခဲ့ပြီးနောက် အပြစ်ရှိကြောင်း အင်္ဂါနေ့ကပဲ ဆုံးဖြတ်လိုက်တာပါ။ အမေရိကန်သမ္မတ Joe Biden ကတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ဖို့ မျှော်လင့်ကြောင်း ဂျုရီလူကြီးတွေရဲ့ ဆုံးဖြတ်ချက် ထွက်မလာခင် အင်္ဂါနေ့အစောပိုင်းမှာပဲ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG